Home ကဗျာ လမ်း‌ကြောင်းမှန်‌ရွေးချယ်ခြင်း

လမ်း‌ကြောင်းမှန်‌ရွေးချယ်ခြင်း

1732

(လကင်္ာဒီပ)

အလို‌လေး သက်တမ်းရင့်မကြီးတ‌ယောက်က
‌လျှောက်ခဲ့ကြခရီးလမ်းကို
‌လှေနံကို ဓါးထစ်သလို
ခပ်တိုတို ခပ်ပြတ်ပြတ် အ‌တွေးဖွဲ့ကာ
‌ဖေါ်မြူလာသူပြုသွားတယ်
အယုံလွယ်တဲ့ အမိုက်အမဲကြီးကိုး။

ကိုယ့်အိမ် ကိုယ်ဖျက်မယ့်အကြံအစည်
ကိုယ့်ပင်စည် ကိုယ်ခုတ်မဲ့အ‌တွေး
ကိုယ့်‌သွေး ကိုယ်ပြန်စုပ်မယ့် ပြိတ္တာလို
ရန်သူကို ကယ်တင်ရှင်ကြီးအဖြစ်နဲ့
‌နောက်‌ကြောင်းလှည့် ရှုမြင်‌သောအခါ
ပုံပျက်စွာ ‌တော်လှန်‌ရေးကြီးမှုန်ဝါး
သူတို့စားစရာ ရိက္ခာအ‌ထွေ‌ထွေ
အ‌ခြေခံလူတန်းစား‌တွေ ဖြစ်ကုန်ကြရတယ်။

ငြိမ်းချမ်း‌ရေး ငမ်းငမ်းတက်လိုချင်‌နေသူများ
သတိထား လုပ်ကိုင်‌နေကြသူများ
အကြားနှစ်ခုကြားက ကွာဟမှု‌တွေ
တွယ်ငြိ‌နေကြ ကပ်ပါး‌တွေ
မိုးခါး‌ရေ အတူ‌သောက်မယ်ဆိုတာချည်း
ခရီးဆက်ရန် ကျန်‌သေးတာကို
အလွယ်ကို လုပ်ပစ် ‌မေ့ပစ်‌နေကြတယ်။

လမ်း‌ကြောင်းမှန် ‌ရွေးချယ်ခြင်းမှာ
ပြင်းပြစွာ ခိုင်မာစွာ နက်နဲစွာ
‌နေရာ‌တွေမှန်ကြမယ်ဆိုရင်ဖြင့်
သင့်တင့်‌လျောက်ပတ်တဲ့အ‌ကြောင်း
‌မောင်းနှင်ထွန်ယက် စိုက်ပျိုးကြရင်ဖြင့်
တင့်တယ်တဲ့ အကျိုးတရား‌တွေဟာအမှန်
ဧကန်ရှင်သန် သီးပွင့်လာကြပါလိမ့်မယ်။

လုပ်ချင်ရာ ဇွတ်လုပ်ကြ
ကိုယ့်သ‌ဘော ကိုယ်‌ဆောင်ကြ
ငါ့မြင်းငါစိုင်း‌နေကြသမျှ
အဖွဲ့အစည်းမဆန်
သံစဉ်စည်းဝါး မူဝါဒမထား
‌ဖောက်ပြန်သွား အာဏာရှင်ဆန်‌နေသူတို့‌ရေ
ကျုပ်တို့‌တွေ အာဏာရှင်ကိုတိုက်‌နေရာမှာ
ကိုယ်ဟာလည်း အာဏာရှင်မဆန်ဖို့လိုတယ်‌နော်။

မဟူရာငနက်‌ကျော်‌တွေ
ပြိတ္တာ‌တွေ လုပ်မ‌နေကြပါနဲ့
ကျုပ်တို့ရဲ့လက်ဟာ
ရန်ကိုသာ ပုတ်ခတ်ချုပ်ငြိမ်းချင်တာ
ဘာလုပ်လုပ် ‌ထောက်ထားကြပါအုံး
စည်းလုံးခြင်း ပျက်ပြား‌စေတဲ့
အမှုမဲ့အမှတ်မဲ့ လုပ်ရပ်‌တွေ
အ‌ပြော‌တွေ မဟာလူမျိုးကြီးဆန်မှု‌တွေကို‌ဖျောက်
‌ရှေ့ဆက်‌လျှောက်ရမယ့်လမ်းသစ်ကို
ကျုပ်တို့ ပျိုမြစ်တဲ့ အမျိုးသားအသိနဲ့လှမ်းလိုက်ကြပါစို့။

မတ်လ ၂၁ရက်၊ ၂၀၁၇ ခုနှစ်။ လကင်္ာဒီပ