Home သတင်း ‌ကေအဲန်ယူ၏ ‌လေးနှစ်တာ နိုင်ငံ‌ရေးသုံးသပ်ချက် အစီရင်ခံစာ အတည်ပြုခဲ့

‌ကေအဲန်ယူ၏ ‌လေးနှစ်တာ နိုင်ငံ‌ရေးသုံးသပ်ချက် အစီရင်ခံစာ အတည်ပြုခဲ့

1373

မတ်လ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက် သတ္တမ‌မြောက်‌နေ့၊ မတ်လ ၂ဝရက်‌နေ့တွင် ‌လေးနှစ် တာအတွင်း ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေးသုံးသပ်ချက် အစီရင်ခံစာကို တက်‌ရောက်လာကြသည့် ကွန်ဂရက်ကိုယ်စားလှယ်များက ‌ဆွေး‌နွေးအတည်ပြုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် ၁၅ကြိမ်‌မြောက် ကွန်ဂရက်‌နောက်ပိုင်း အ‌ကောင်အထည်‌ဖော်ခဲ့သည့် နိုင်ငံ‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အစီရင်ခံ တင်ပြ‌ဆွေး‌နွေးကြပြီး အတည်ပြုခဲ့ကြခြင်းဖြစ်သည်ဟု လက်ရှိ ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူက “အထူးသဖြင့် ‌လေးနှစ်တာအ‌တောအတွင်းမှာ ကွန်ဂရက်က ချမှတ်ခဲ့တဲ့ ‌ရှေ့လုပ်ငန်းစဉ်အ‌ပေါ် ဘယ်‌လောက်လုပ်နိုင်ခဲ့ လဲဆိုတာ ‌ဆွေး‌နွေးတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံ‌ရေးအစီရင်ခံစာအ‌ပေါ်မှာ များ‌သောအားဖြင့် အဆိုပြု ပြင်ဆင်ချက်ထက် ‌မေးမြန်းချက်‌တွေ ပိုများပြီး‌တော့မှ ညီ လာခံကိုယ်စားလှယ်‌တွေက အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ နိုင်ငံ‌ရေးအစီရင်ခံစာတွင် ‌လေးနှစ်တာကာလအတွင်း ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေး‌ဖော ်‌ဆောင်မှုအ‌ခြေအ‌နေ၊ မဟာ မိတ်‌ရေးရာ အ‌ခြေအ‌နေ၊ အပစ်အခတ်ရပ်စဲ‌ရေး ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအ‌ခြေအ‌နေနှင့် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ အ‌ခြေအ‌နေများကို ပြန်လည် သုံးသပ်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူအ‌နေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် ပဏာမအပစ်အခတ်ရပ်စဲ‌ရေး လက် မှတ်ထိုးပြီး‌နောက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ်-NCA ကို လက်မှတ်‌ရေးထိုးနိုင်ခဲ့ပြီး အဆင် ့ဆင့်‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ‌ဖော်‌ဆောင်ရာတွင် အားသာချက်များရှိခဲ့သလို အား နည်းချက်များ လည်းရှိခဲ့‌ကြောင်း ‌ကေအဲန်ယူ၏ ကွန်ဂရက်ကိုယ်စားလှယ်များက ‌ပြောသည်။

ယမန်‌နေ့က အတည်ပြုခဲ့သည့် ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေးသုံးသပ်ချက် အစီရင်ခံစာကို မတ်လ ၁၇ရက်‌နေ့မှစ၍ ကွန်ဂရက်၌ တင် သွင်းခဲ့ခြင်းဖြစ်ပြီး ယခုလို အတည်ပြုနိုင်ခဲ့သည့်အ‌ပေါ် ကိုယ်စားလှယ်အဖြစ်တက်‌ရောက်သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ‌နော်ဘလူးမင်းနိုက်ဇန်က ယခုလို သုံးသပ်‌ပြောဆိုသည်။

“‌ပြောရမယ်ဆိုရင် ‌လေးနှစ်တာ လုပ်‌ဆောင်လာခဲ့တဲ့ နိုင်ငံ‌ရေးအစီရင်ခံစာတင်ပြရာမှာ ‌ယေဘု ယျဆန်‌နေတယ်လို့ သုံးသပ်မိ တယ်။ အဲဒီ‌တော့ ကျမတို့အတွက်က အကုန်လုံး နားမလည်နိုင်ဘူးြ ဖစ်‌နေတယ်။ လုပ်‌ဆောင်ချက်‌တွေကို အ‌သေးစိတ် မဟုတ် တာ‌တောင်မှ အဓိကကျတဲ့အချက်‌လေး‌တွေ ပါဝင်မယ်ဆိုရင် ‌တော်‌တော်‌လေးလုပ်‌ဆောင်ခဲ့တာ‌တွေ ‌ပေါ်လွင်မယ်။ ဘာပဲဖြစ် ဖြစ် ဒီ‌လေးနှစ်တာ အ‌တောအတွင်း သူတို့အများကြီး လုပ်‌ဆောင်နိုင်ခဲ့တာ‌တွေကို ကျမအ‌နေနဲ့ အသိအမှတ်ပြုပါတယ်”ဟု ‌ပြော သည်။

အလားတူ နိုင်ငံ‌ရေးအ‌ခြေအ‌နေ၏ အားသာချက်အ‌ပေါ် ပဒို‌စောကွယ်ထူးဝင်းက “‌လေးနှစ်တာကာလအတွင်းမှာ NCA စာချုပ်ကို ရယူနိုင်ခဲ့တယ်။ ဒီစာချုပ်ကလည်း လွှတ်‌တော်က‌နေ အတည်ပြုနိုင်တဲ့အတွက် ခိုင်မာတဲ့ စာချုပ်တစ်ခုလည်း ဖြစ်တယ်။ ‌နောက် ပြီး မတရားအသင်းက‌နေ ပယ်ဖျက်‌ပေးခြင်းခံရတယ်။ ‌နော က်တစ်ခုက ‌ဒေသအသီးသီးမှာရှိတဲ့ ကရင်အမျိုးသား‌တွေ စုစုစည်း စည်းနဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပနိုင်ခဲ့တာကလည်း နိုင်ငံ‌ရေးအရ ‌အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။”ဟု ဆိုသည်။

သို့‌သော်လည်း နိုင်ငံ‌ရေးအစီရင်ခံစာ၌ တင်သွင်းခဲ့သလို လက်ရှိ နိုင်ငံ‌ရေးအခင်းအကျင်းအရ အစိုးရသစ်တွင် အာဏာအပြည့် အဝ ရှိသည်ထက် လုပ်‌ဆောင်နိုင်မှု အတိုင်းအတာမှာ ကန့်သတ်မှုများရှိ‌နေသည့်အ‌ပေါ် အခက်အခဲများရှိခဲ့‌ကြောင်းလည်း ၎င်း က သုံးသပ်‌ပြောဆိုခဲ့သည်။

‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက်တွင် အစီအစဉ်အရ နိုင်ငံ‌ရေးသုံးသပ်ချက် အစီရ င်ခံစာအပြီးတွင် ‌ကေအဲန်ယူ၏ ဖွဲ့ စည်းပုံအ‌ခြေခံဥပ‌ဒေကို စတင် ‌ဆွေး‌နွေးလျှက်ရှိပြီး အ‌ခြေခံဥပ‌ဒေ၏ နည်းဥပ‌ဒေကိုပါ ဆက်လက် သုံးသပ်‌ဆွေး‌နွေးသွားမည် ဖြစ်‌ကြောင်း သိရသည်။