Home သတင်း CDC မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း၏ ၇ ကြိမ်‌မြောက် အာဇရိယ ပူ‌ဇော်ပွဲ ကျင်းပခဲ့

CDC မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း၏ ၇ ကြိမ်‌မြောက် အာဇရိယ ပူ‌ဇော်ပွဲ ကျင်းပခဲ့

1616

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် က‌လေးဖွံ့ဖြိုး‌ရေးစင်တာ-CDC ‌ကျောင်းမှ ‌ကျောင်းသူ ၊ ‌ကျောင်းသား‌ဟောင်းများဦး‌ဆောင်ပြီး ၇ ကြိမ်‌မြောက် အာဇရိယ ပူ‌ဇော်ပွဲကို ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက် ‌နေ့က ၎င်းတို့စာသင်‌ကျောင်းတည်ရှိရာ မယ်‌တော်ရပ်ကွက်၌ ပြုလုပ်ကျင်းပခဲ့သည်။

‌ကျောင်းသူ၊ ‌ကျောင်းသားများအ‌နေဖြင့် ယခင် ဆရာ၊ ဆရာမများ၏ ‌ကျေးဇူးတရားများကို ပြန်လည်‌အောက် ‌မေ့နိုင်ရန်နှင့် ယခင်‌ကျောင်းသား‌ဟောင်းများ ပြန်လည်ဆုံဆည်းနိုင်ရန် အာဇရိယ ပူး‌ဇော်ပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု အစီအစဉ်ကို ဦး‌ဆောင်သူ ယခင် CDC ‌ကျောင်းသား‌ဟောင်း ‌စောသားသား‌လေး က ‌ပြောသည်။

၎င်းက “‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေဆိုတာ အသိအမှတ်ပြုမှု မရှိပါဘူး။ ဆရာ၊ ဆရာမ‌တွေအ‌နေနဲ့ ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေအ‌ပေါ်မှာ ‌မျှော်လင့်ချက်များစွာကို ‌ပေးစွမ်းခဲ့တယ်။ ဒီဆရာ၊ ဆရာမ ‌တွေမှမရှိခဲ့ဘူးဆိုရင် ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေရဲ့ ‌မျှော်လင့်ချက်‌တွေဆိုတာလည်း ရှိလာမှာမဟုတ်ဘူး” ဟု ‌ပြောသည်။

ထို အာဇရိယပူ‌ဇော်ပွဲ အစီအစဉ်သို့ CDC ‌ကျောင်းကို တည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်အပါအဝင် ‌ကျောင်းဆရာ၊ ဆရာမ‌ဟောင်းများ၊ လက်ရှိဆရာ၊ ဆရာမများ စုစု‌ပေါင်း ၆ဝ ‌ကျော်အား ‌ကျောင်းသူ၊ ‌ကျောင်း သားစုစု ‌ပေါင်း ၈၀၀‌ကျော်မှ တက်‌ရောက် ပူ‌ဇော်ကန်‌တော့ခဲ့ကြပြီး ထို‌နေ့အစီအစဉ်တွင် ပူ‌ဇော်ကန်‌တော့ပွဲအပြင် ဆရာ၊ ဆရာမများအား လက်‌ဆောင်‌ပေးခြင်း၊ ကန်‌တော့ခံ ဆရာ၊ ဆရာမများကိုယ်စား ဆရာတစ်ဦးမှ ဩဝါဒ‌ပေးခြင်းနှင့် ‌တေးသီချင်းများဖြင့် သီဆို ကပြ‌ဖျော်‌ဖြေခဲ့ကြသည်။

CDC ဒု-‌ကျောင်းအုပ် ဆရာ‌စောမျိုးညွန့်က “ အရင်က ‌ကျောင်းသူ၊ ‌ကျောင်သား‌ဟောင်း‌တွေ အခုလို ဆရာ၊ ဆရာမ ‌တွေရဲ့ ‌ကျေးဇူးတရား‌တွေ၊ တန်ဖိုး‌တွေကို ပြန်ပြီးအမှတ်ရတာရယ်၊ ပညာရဲ့တန်ဖိုးကို သိနားလည်တာ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့ ဒီ‌နေ့လို အစီအစဉ်မျိုးအတွက် အရမ်းကို ဝမ်းသာမိပါတယ်”ဟု ‌ပြောသည်။

CDC အထက်တန်း‌ကျောင်းကို မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ အားထားရာ မယ်‌တော် ‌ဆေးခန်းတွင် အလုပ်လုပ်ကိုင်‌နေကြသည့် ကျန်းမာ‌ရေး လုပ်သားများ၏ သား၊ သမီးများနှင့် မြန်မာ‌ရွှေ့ ‌ပြောင်း က‌လေးငယ်များ၏ ပညာ‌ရေးအတွက် ရည်ရွယ်ပြီး ၁၉၉၅ ခုနှစ်တွင် ‌ဒေါက်တာ စင်သီယာ‌မောင်မှ စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၈၆၃ ဦး တက် ‌ရောက်ပညာသင်ယူလျက်ရှိသည်။