Home သတင်း ဒုက္ခသည်စခန်းရှိ လူငယ်များအတွက် ပထမဆုံးအကြိမ် လူငယ်ဖိုရမ် ပြုလုပ်

ဒုက္ခသည်စခန်းရှိ လူငယ်များအတွက် ပထမဆုံးအကြိမ် လူငယ်ဖိုရမ် ပြုလုပ်

1796

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ လူငယ်အချင်းချင်းအကြား ပိုမို ရင်းနှီးလာရန်နှင့် အ‌တွေ့အကြုံများကို ဖလှယ်ရန် ကရင် ဒုက္ခသည်‌ကော်မတီ-KRC က ဦး‌ဆောင်ပြီး ကရင်ဒုက္ခသည်စခန်း ၇ခုမှ လူငယ်များပါဝင်သည့် လူငယ်ဖိုရမ်(‌ဆွေး‌နွေးပွဲ)တစ်ခု ကို ‌ဖေ‌ဖော်ဝါရီလ ၂၁ရက်မှ ၂၃ရက်‌နေ့အထိ မယ်လဒုက္ခသည်စခန်းတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါဖိုရမ်ကို ဦး‌ဆောင်စီစဉ်ရာတွင် ပါဝင်သူ KRC မှ ‌နော်ဘလူးမင်းနိုက်ဇန်က “စခန်း‌တွေမှာရှိတဲ့ အထူးသဖြင့် လူငယ်‌တွေ အတွက် ထူးထူးခြားခြား ဘာမှအစီအစဉ် မရှိ‌သေးတဲ့အ‌ပေါ်မှာ ဒီဖိုရမ်မှာ သူတို့လာ‌တွေ့ကြခြင်းအားဖြင့် သူတို့ ဘာလုပ်ချင်သ လဲ၊ ဘာလိုချင်သလဲဆိုတာ ထွက်လာဖို့အတွက် လုပ်‌ပေးရခြင်းဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဒီ‌ဆွေး‌နွေးပွဲမှ ထွက်‌ပေါ်လာသည့် ‌ဆွေး‌နွေးချက်ရလဒ်များနှင့် အကြံပြုချက်ရလဒ်များကို ပြန်စိစစ်ပြီး ပထမ ဦးစား ‌ပေး လုပ်‌ဆောင်‌ပေးသွားရမည့် အချက်များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေးသွားမည်ဟုလည်း ‌နော်ဘလူးမင်းနိုက် ဇန်က ဆက်‌ပြောသည်။

သုံးရက်တာ ပြုလုပ်သည့် ၎င်း‌ဆွေး‌နွေးပွဲသို့ မယ်လ၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်ရာမို၊ မယ်လအူး၊ ထမ်းဟင်နှင့် ဘမ့်ဒုံယန်း ဒုက္ခသည် စခန်းများမှ လူငယ် ၅၄ဦး တက်‌ရောက်ခဲ့ကြပြီး လူငယ်နှင့်‌ခေါင်း‌ဆောင်မှု၊ အ‌ခြေခံကျန်းမာ‌ရေး၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်အ ရပ်ဖက်အတွင်း ပူး‌ပေါင်း‌ဆောင်ရွက်ခြင်း စသည့်‌ခေါင်းစဉ်‌လေးခုကို အ‌ခြေခံ ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

၎င်းလူငယ်ဖိုရမ်ဖြစ်‌မြောက်‌ရေးကို KRC နှင့် ၎င်း၏ တွဲဖက်လူမှုအဖွဲ့အစည်းများ၊ NGO အဖွဲ့ စုစု‌ပေါင်း ၁ဝဖွဲ့၏ ပူး‌ပေါင်းကူညီမှု ဖြင့် ပြုလုပ်‌ပေးခြင်းဖြစ်ပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ခုအပြင် ပြည်တွင်းမှ လူငယ်တချို့ကို ဖိတ်‌ခေါ်ခဲ့‌သော်လည်း ကရင်နီဒုက္ခ သည်စခန်း ၂ခုနှင့် ပြည်တွင်းလူငယ်အချို့မှာ တက်‌ရောက်နိုင်ခဲ့ခြင်းမရှိ‌ကြောင်း KRC က ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ကရင်လူငယ်အစည်းအရုံး-KYO ကိုယ်စားတက်‌ရောက်ခဲ့သည့် ‌နော်စန်းစန်းနွယ်က “ဒီလိုဖိုရမ်မျိုးလုပ် ခြင်းက လူငယ်အကြားမှာ ရင်းနှီးမှု ပိုရလာတယ်။ လူငယ်အကြားမှာ ဘယ်လိုထိန်း‌ကျောင်းပြီး ဘယ်လိုပူး‌ပေါင်း လုပ်‌ဆောင်ရ မယ်ဆိုတာကို ပိုသိလာကြ‌တော့ ‌နောက်ပိုင်း ကျမတို့ရဲ့လူ့အဖွဲ့အစည်း‌တွေမှာ ဘယ်လို ပူး‌ပေါင်းလုပ်‌ဆောင်နိုင်သလဲဆိုတာ ပို သိလာရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ‌ဖော်ပြပါကရင်ဒုက္ခသည်စခန်း ၇ခုအပြင် ကရင်နီဒုက္ခသည်စခန်း အမှတ်-၁၊ အမှတ်-၂ စုစု‌ပေါင်း စခန်း ၉ခု၌ ဒုက္ခသည်ဦး‌ရေ ၁သိန်း‌ကျော်ရှိသည့်အနက် လူငယ်ဦး‌ရေမှာ (၂၅)ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး -UNHCR ၏ ၂၀၀၉ခုနှစ် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

အဆိုပါနယ်စပ် ဒုက္ခသည်စခန်းရှိ လူငယ်များသည် မည်သည့်နိုင်ငံမှ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခံရခြင်း မရှိသလို စခန်း အတွင်း သင်ကြား‌ပေး‌နေသည့် ပညာ‌ရေးကိုလည်း မည်သည့်အစိုးရမှ အသိအမှတ်မပြုသည့်အတွက် လူငယ်များ၏ အနာဂတ် ‌ပျောက်ဆုံး‌နေသည်ဟု ဒုက္ခသည်ပညာ‌ရေးကို ကူညီ‌ဆောင်ရွက်‌နေသူများက သုံးသပ်‌ပြောဆိုကြသည်။

ထို့အတူ ဒုက္ခသည်စခန်းများရှိ လူငယ်များ၏ အနာဂတ်ကို စဉ်းစား‌ပေးရန် ရည်ရွယ်ပြီး ကရင်‌ကျောင်းသားများကွန်ရက်-KSNG နှင့် Burma Link အဖွဲ့တို့ ဦး‌ဆောင်ကာ ‘အသိအမှတ်ပြုမခံရ‌သော ‌ခေါင်း‌ဆောင်များ၊ မနက်ဖန်၏ ‌မျှော်လင့်ချက်များနှင့်တကွ ‌မေ့ ‌လျော့ခံ‌နေကြရ‌သော လူငယ်တို့၏ ရင်ဖွင့်သံများကို မြှင့်တင်‌ပေးခြင်း’ မှတ်တမ်းရုပ်ရှင်ပြပွဲတစ်ခုကို ‌ဖေ‌ဖော်ဝါရီ ၂၂ရက်‌နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ (Green Hill) ဟိုတယ်၌ ပြုလုပ်ခဲ့‌သေးသည်။