Home သတင်း တပ်မ‌တော်နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်တင်းမာမှု ‌ပြေလည်သွားလိမ့်မည်ဟု မွန်ပြည်သစ်ပါတီ ‌ပြော

တပ်မ‌တော်နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်တင်းမာမှု ‌ပြေလည်သွားလိမ့်မည်ဟု မွန်ပြည်သစ်ပါတီ ‌ပြော

2396

‌ဖေ‌ဖော်ဝါရီ ၁၈ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်သစ်ပါတီ-NMSPမှ ဦး‌ဆောင်ကာ ‌ဖေ‌ဖော်ဝါရီ ၁၂ ရက်‌နေ့တွင် ကျင်းပသည့် အကြိမ် ၇၀‌မြောက် မွန်အမျိုးသား‌နေ့တွင် စစ်‌ရေးပြအခမ်းအနား ထည့်သွင်းခြင်းမပြုရန် မွန်ပြည်နယ် နယ်လုံဝန်ကြီး၏ တားမြစ်မှုများရှိခဲ့ရာမှ စတင်ခဲ့သည့် နှစ်ဖက်တင်း မာမှု ပြဿနာများကို ‌ရှေ့ဆက် အားလုံး ‌ပြေလည်သွားလိမ့်မည်ဟု NMSP ဘက်က ‌ပြောသည်။

အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦး‌ဆောင်ပြီး မွန်ပြည်နယ်နယ်လုံဝန်ကြီး အပါအဝင် တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများနှင့် NMSP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်‌အောင်မင်း၊ ပြည်တွင်း‌ရေးရာတာဝန်ခံ နိုင်ဝင်းလှ ဦး‌ဆောင်သည့် အဖွဲ့ တို့ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့က ပြုလုပ်သည့်နှစ်ဖက်‌တွေ့ဆုံမှုအပြီးတွင် NMSP ဘက်မှ ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျ‌နော်တို့ဘက်က မွန်အမျိုးသား‌နေ့မှာ အစဉ်အလာအရ လက်နက်နဲ့စစ်‌ရေးပြပြီး အမျိုးသားအလံကို အ‌လေးပြုတာကလွှဲလို့ ဘာမှလည်းမရည်ရွယ်ဘူးဆိုပြီး အဲဒီအ‌ကြောင်း‌တွေ သူတို့ ရှင်းရှင်းလင်းလင်းသိသွား‌တော့ ‌ပြေလည်သွားတဲ့ သ‌ဘော‌တော့ ရှိတယ်။ ‌နောက်ပြီး ၂၀၁၂ခုနှစ်တုန်းက အပစ်ရပ်စာချုပ်ထဲမှာပါတဲ့ စခန်း ၂ခုကိုလည်း သူတို့ပြန်လွှဲ‌ပေး ဖို့‌တော့ ရှိတယ်”ဟု NMSP ၏ ပြည်တွင်း‌ရေးရာတာဝန်ခံ နိုင်ဝင်းလှက ‌ပြောသည်။

ထို‌နေ့ ပြုလုပ်ခဲ့သည့် နှစ်ဖက်‌တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီဘက်မှ မွန်အမျိုးသား‌နေ့ စစ်‌ရေးပြအခမ်းအနား ထည့်သွင်းခြင်း ကိစ္စရပ်များအား ရှင်းလင်းခြင်း၊ လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် NCA ဆိုင်ရာ ကိစ္စများအား နှစ်ဖက်‌ဆွေး‌နွေးခြင်းအပြင် တပ်မ‌တော်ဘက်မှသိမ်းယူထားသည့် မွန်ပြည်သစ်ပါတီစခန်း ၂ခုနှင့်ပတ်သက်ပြီး အဓိက ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရ သည်။

မွန်အမျိုးသား‌နေ့ အခမ်းအနားအား လက်နက်ဖြင့်စစ်‌ရေးပြချီတက်မပြုရန် တပ်မ‌တော်ဘက်မှ အသိ‌ပေးစာပို့ခဲ့ပြီး မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်‌မြေဖြစ်သည့် ‌တောင်‌ပေါက်၊ ဂျပန်‌ရေတွင်းတို့တွင် နှစ်စဉ်ကျင်းပမြဲ လက်နက်ဖြင့် စစ်‌ရေးပြ ပြုလုပ်ခဲ့ပြီး ‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၄ရက် မွန်ပြည်သစ်ပါတီ ဂိတ်စခန်း ၂ခုအား တပ်မ‌တော်မှ ဖယ်ရှားခဲ့ရာမှ နှစ်ဖက် စစ်‌ရေး တင်းမာလာခဲ့ ခြင်းဖြစ်သည်။

လက်ရှိအ‌ခြေအ‌နေများအရ နှစ်ဖက် ငြိမ်သက်လျှက်ရှိပြီး တပ်မ‌တော်မှ တပ်အချို့ပြန်လည်ရုပ်သိမ်းသွား‌ကြောင်းနှင့် ငြိမ်းချမ်း ‌ရေးနှင့် ရပ်ရွာလူထု၏ အသက်အိုးအိမ်စည်းစိမ် မဆုံးရှုံး‌ရေးအတွက် မွန်ပြည်သစ်ပါတီအ‌နေဖြင့် ပဋိပက္ခများကို လက်နက်နှင့် ‌ဖြေရှင်းမည်မဟုတ်ဘဲ ညှိနှိုင်း‌တွေဆုံ‌ဖြေရှင်းသည့်နည်းဖြင့်သာ ‌ဆောင်ရွက်သွားမည်ဟု နိုင်ဝင်းလှက ဆက်‌ပြောသည်။

မွန်ပြည်နယ် အရပ်သားအပစ်ခတ်‌စောင့်ကြည့်‌ရေးအဖွဲ့-CMM ဒုဥက္ကဌ ဦးမင်းမင်းနွယ်က “သူတို့အချင်းချင်း မ‌နေ့က တိုင်းစစ်ဌာ နချုပ်မှာ ‌ဆွေး‌နွေးကြတယ်။ နားလည်မှု သ‌ဘောတူညီချက်ရတယ် ‌ပြောတယ်။ ဘယ်အချက်‌တွေကရလဲ။ ဘယ်အချက်‌တွေက မရဘူးဆိုတာ သူတို့ထုတ်ပြန်‌ပြောဆိုခြင်း မရှိ‌သေးပါဘူး”ဟု ‌ဖေ‌ဖော်ဝါရီ ၁၇ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် တပ်မ‌တော်နှင့် မွန်ပြည်သစ်ပါတီတို့အ‌နေဖြင့် ငြိမ်းချမ်း‌ရေး မဖြစ်မ‌နေ တည်‌ဆောက်သွားရမည့်ကာလတွင် ‌အောက် ‌ခြေပိုင်း စစ်‌ရေးတင်းမာမှုများကို ‌ခေါင်း‌ဆောင်ပိုင်းအ‌နေဖြင့် ညှိနှိုင်း‌ဆွေး‌နွေးအ‌ဖြေရှာကြရန် တိုက်တွန်းလို‌ကြောင်းလည်း ဦးမင်း မင်းနွယ်က ဆက်‌ပြောသည်။

မွန်ပြည်သစ်ပါတီအ‌နေဖြင့် ၁၉၉၅ ခုနှစ်မှ စတင်ကာ အစိုးရတပ်မ‌တော်နှင့် အပစ်ခတ်ရပ်စဲ‌ရေးကာလ အနှစ် ၂၀‌ကျော်ကြာ သ‌ဘောတူညီမှု ရရှိထား‌သော်လည်း ၂၀၁ဝ ခုနှစ် ဧပြီလတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ်ဖွဲ့စည်းခြင်းကို လက်မခံခဲ့သည့်အ တွက် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် ၂၀၁၁ခုနှစ် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ၂၀၁၂ခုနှစ်တွင် ပြည်နယ်အဆင့် ပြည်‌ထောင်စုအဆင့် စသည့် သ‌ဘောတူညီမှုများ ရရှိခဲ့ပြီး လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA အရ အ‌ကောင်အထည်‌ဖော်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်နိုင်ရန် ကြိုးပမ်း‌နေဆဲဖြစ်သည်။