Home သတင်း စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အမျိုးသားအခွင့်အ‌ရေး ‌တောင်းဆိုရန် ပဒို‌စောသမိန်ထွန်း တိုက်တွန်း

စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အမျိုးသားအခွင့်အ‌ရေး ‌တောင်းဆိုရန် ပဒို‌စောသမိန်ထွန်း တိုက်တွန်း

1735

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

လွတ်လပ်‌ရေးရပြီးစအချိန်တွင် ကရင်လူမျိုးများ ညီညီညွတ်ညွတ်ဖြင့် မိမိတို့ အခွင့်အ‌ရေးကို ‌တောင်းဆိုခဲ့သလို လက်ရှိအ ချိန်တွင် အမျိုးသားအခွင့်အ‌ရေးအတွက် စုစည်းညီညွတ်စွာ ‌တောင်းဆိုကြရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက တိုက်တွန်း ‌ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူးတာရုံလမ်းရှိ စိန့်ပီတာ၊ စိန်‌ပေါ်ဘုရား‌ကျောင်း ခန်းမ‌ဆောင်၌ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ပြုလုပ်သည် ၆၉ ကြိမ်‌မြောက် ကရင်အမျိုးသား‌နေ ့အခမ်းအနားသို့ တက်‌ရောက်အမှာ စကား‌ပြော ကြားရာတွင် ပဒို‌စောသမိန်ထွန်းက ယခုလို တိုက်တွန်း‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းက “ ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့မှာ ကရင်‌တွေစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ အမျိုးသားအခွင့် အ‌ရေး ‌တောင်းဆိုသလို ဒီက‌နေ့လည်း ကျ‌နော်တို့ဟာ စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ အမျိုးသားအခွင့်အ‌ရေး ‌တောင်းဆိုဖို့ ကျ‌နော်တိုက်တွန်းလိုပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများမှ တစ်ဆင့် အမျိုးသား အခွင့်အ‌ရေး ပြန်လည်ရရှိရန် ကြိုးပမ်း‌နေသလို၊ အဆိုပါ ဖြစ်စဉ်တွင် ကျွမ်းကျင်တတ်သိပညာရှင်များ များစွာလိုအပ်ကာ မိမိတို့ ကရင်တတ်သိပညာရှင်များကလည်း ကျရာ‌နေရာမှ လာ‌ရောက် ဝိုင်းဝန်းကူညီကြရန် ဖိတ်‌ခေါ်လိုပြီး မတရားအသင်းမှ ပယ်ဖျက်ထားပြီးဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ် ဆက်သွယ်လုပ်‌ဆောင်ကြရန် ပဒို‌စောသမိန်ထွန်းက ထပ်‌လောင်း‌ပြောဆိုသည်။

ရန်ကုန်မြို့‌ပေါ်တွင် ပထမဦးဆုံး အကြိမ် ကျင်းပသည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသားအ‌နေ့ အခမ်းအနားသို့ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းဉ်ဇာမျိုး၊ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ -UNA ကိုယ်စား လှယ်များ၊ ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော် ဒုဥက္ကဌ အပါအဝင် တိုင်းရင်းသားလူမျိုးအ‌ရေးဆိုင်ရာအခွင့် အ‌ရေး‌ကော်မတီ ဥက္ကဌ၊ အတွင်း‌ရေးမှူးနှင့် နယ်ပယ်စုံ၊ အလွှာစုံ ကရင်အမျိုးသားများ စုစု‌ပေါင်း ၅၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

အခမ်းအနား တက်‌ရောက်လာသည့် ရန်ကုန်တိုင်းလွှတ်‌တော်၊ တိုင်းရင်းသားလူမျိုးများ အ‌ရေးဆိုင်ရာ အခွင့် အ‌ရေး‌ကော် မတီ အတွင်း‌ရေးမှူး မန်း‌အောင်ကိုမင်းက “ လူတိုင်း၊ လူမျိုးတိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ သမိုင်း‌တွေရှိ ကြပါတယ်။ အဲ့ဒီသမိုင်း ‌တွေသည် လူတိုင်းအတွက်၊ မိမိလူမျိုးအတွက် အရမ်း‌ရေးကြီးပါတယ်။ အဲ့ဒီသမိုင်း‌တွေကို သင်ခန်းစာယူကြပြီး‌တော့ ‌နောင် လာ‌နောက်သား‌တွေအတွက် လက်ရှိကရင်အမျိုးသား ‌ခေါင်း‌ဆောင်များက အမြင်ကျယ်စွာ ‌မျှော်‌တွေး လုပ်‌ဆောင်‌ပေးသွားကြပါလို့ ‌ပြောချင်ပါတယ်” ဟု ‌ပြောသည်။

နံနက် ၉ နာရီခွဲမှ ‌နေ့လည် ၂ နာရီခန့် ထိပြုလုပ်သည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားတွင် အမျိုးသား‌နေ့ အဖြစ် သတ်မှတ်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကရင်လူမျိုး‌လေးသိန်း‌ကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်သရုပ်ပြခြင်း၊ အမျိုးသား‌နေ့နှင့် သက်ဆိုင်သည့် အ‌ကြောင်းအရာများ ‌ဟော‌ပြောခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များ ထည့်သွင်းပြုလုပ်ခဲ့သည်။

ယခင်နှစ်က ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ရန်ကုန်မြို ့‌ပေါ်တွင် ကျင်းပရန် ကရင်လူငယ်များစီစဉ်ခဲ့ဖူး ‌သော်လည်း ခွင့်ပြုချက် မရသဖြင့် မပြုလုပ်နိုင်ဘဲ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ရွာတွင် သွား‌ရောက်ကျင်းပ ခဲ့ရပြီး ယခုနှစ်အခမ်းအနားမှာ ရန်ကုန်မြို့‌ပေါ်တွင် ပထမဦးဆုံး အကြိမ်ကျင်းပခြင်းဖြစ်သည်။

အလားတူ ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ ့အခမ်းအနားများကို ဧရာဝတီတိုင်း‌ဒေသကြီး ဟသင်္ာတ၊ ‌ကျောင်းကုန်း၊ ပုသိမ်၊ ‌မြောင်းမြ၊ ပန်းတ‌နော် စသည့် မြို့နယ်များတွင်လည်း‌ကောင်း၊ ကရင်ပြည်နယ်မြို့ ‌တော် ဖားအံမြို့‌ပေါ်တွင်လည်း ကျင်းပခဲ့ပြီး ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ အသီးသီးတွင်လည်း ကျင်းပခဲ့‌ကြောင်း သိရသည်။