Home သတင်း အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် နိုင်ငံ‌ရေးကဏ္ဍ အ‌ခြေခံမူကြမ်း (၈)ချက် ‌ဆွေး‌နွေးချမှတ်ခဲ့

အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် နိုင်ငံ‌ရေးကဏ္ဍ အ‌ခြေခံမူကြမ်း (၈)ချက် ‌ဆွေး‌နွေးချမှတ်ခဲ့

1723

ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ ‌စောညွှန့်‌သောင်း

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲသို့ တင်သွင်းရန်အတွက် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံဇာတ စသည့်ကဏ္ဍကြီး ‌လေးခုအနက် အချက် ၈ချက်ပါ နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာ အ‌ခြေခံမူကြမ်းကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဇန်နဝါရီ ၁၁ရက်မှ ၁၃ရက်‌နေ့အထိ ကျင်းပသည့် နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာ ကရင်အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေး ချမှတ်ခဲ့ကြ သည်။

နိုင်ငံ‌ရေးကဏ္ဍကို ဦး‌ဆောင်သူ KNU-ကရင်အမျိုးသားအစည်းအရုံးမှ ပဒို‌စောအယ်ကလူ‌စေးက “ကျ‌နော်တို့ အမျိုးသားအဆင့် ‌ဆွေး‌နွေးဖို့အတွက် နိုင်ငံ‌ရေးကဏ္ဍမှာ အ‌ခြေခံမူ ချမှတ်နိုင်ဖို့အတွက် ကျ‌နော်တို့ ကရင်ကိုယ်စားလှယ် အသီးသီး‌တွေက သုံးရက် တာမှာ စု‌ပေါင်း‌ဆွေး‌နွေးသွားကြပါတယ်။ ‌ဆွေး‌နွေးပွဲ ကိုယ်စားလှယ်အားလုံး စုစည်း‌ဆွေး‌နွေးချက်‌တွေက‌တော့ အားလုံး ၈ချက် ပါဝင်ပါတယ်။”ဟု ‌ဆွေး‌နွေးပွဲ ‌နောက်ဆုံးရက် ည‌နေက သတင်းစာရှင်းလင်းပွဲတွင် ‌ပြောသည်။

၎င်းအ‌ခြေခံမူကြမ်း ၈ချက်မှာ အချုပ်အခြာအာဏာအ‌ရေး၊ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုအ ‌ရေး၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အ‌ရေးကို ကာကွယ်ခြင်း၊ ဒီမိုက‌ရေစီ အခွင့်အ‌ရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု အ‌ရေး၊ ဘာသာ‌ရေးကို အ‌ခြေမခံသည့်နိုင်ငံ‌ရေးနှင့် ပါတီစုံဒီမိုက‌ရေစီနိုင်ငံ စသည့်အ‌ရေးကိစ္စများ ပါဝင်သည့်အပြင် ပြည်နယ်၏ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ‌ရေးဆွဲခြင်းဆိုင်ရာ အ‌ခြေခံမူဝါဒများကိုလည်း စု‌ပေါင်း ‌ဆွေး‌နွေးချမှတ်ခဲ့ကြသည်ဟု ပဒို‌စောအယ်ကလူ ‌စေးက ထပ်မံ ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ‌ရေးဆွဲရာ၌ မိမိတို့ပြည်တွင်း အ‌ခြေအ‌နေနှင့် လိုက်‌လျောညီ‌ထွေမှုရှိရန်နှင့် တိုင်းရင်းသားလူ မျိုးစုတိုင်း တန်းတူညီမျှ အခွင့်အ‌ရေးရရှိ‌စေရန် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ဝရရှိ‌စေမည့် လူမျိုးစုအားလုံး လက်ခံနိုင်သည့် ဖက်ဒ ရယ်စနစ်ကိုသာ အ‌ခြေခံမူအဖြစ် ‌ဆွေး‌နွေးချမှတ်ကြသည်ဟု ကရင်အမျိုးသားပါတီ-KNP ကိုယ်စားလှယ် မန်းထိန်ဝင်းစိန်က လည်း သတင်းစာရှင်းလင်းပွဲတွင် ‌ပြောသည်။

၎င်းက “ကမ္ဘာမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြတဲ့ နိုင်ငံ‌တွေမှာ သူ့နိုင်ငံ‌ရေးအ‌နေအထားနဲ့သူ သူ့လူမျိုးစုနဲ့ကြည့်ပြီး ‌ရေးဆွဲ ကျင့်သုံးသွားကြတာပါပဲ။ ပုံ‌သေနည်းဆိုတာ‌တော့ မရှိပါဘူး။ ကျ‌နော်တို့ မြန်မာနိုင်ငံမှာ‌တော့ တိုင်းရင်းသားလူမျိုးစုကြီးက ၈မျိုးနဲ့ မျိုးနွယ်စု‌တွေက ၁၉၅မျိုးရှိတယ်။ ဒါ‌ကြောင့် တန်းတူညီမျှခွင့် အားလုံးရရှိဖို့က အားလုံးသ‌ဘောတူနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ချမှတ် ကျင့်သုံးသွားဖို့ လိုပါတယ်”ဟု ‌ပြောသည်။

သုံးရက်တာ ပြုလုပ်သည့် နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာ ကရင်အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲသို့ မြန်မာနိုင်ငံရှိ တိုင်း‌ဒေသကြီးနှင့် ပြည် နယ်‌ဒေသ ၉ခုမှ ကရင်ကိုယ်စားလှယ်များ၊ ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြပြီး ‌နောက်ဆုံးရက် သတင်းစာရှင်းလင်းပွဲတွင် DKBA (ကလို့ ထူး‌ဘောအဖွဲ့)မှ ဗိုလ်မှူး‌စောစိန်ဝင်း၊ အရပ်ဖက်အဖွဲ့မှ ဆရာမ နန်းခင်သက်မာဝင်းနှင့် KNU မှ ပဒို‌စောအယ်ကလူ‌စေးတို့က ရှင်း လင်း‌ဖြေကြားခဲ့ကြသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအတွက် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံဇာတ ကဏ္ဍဆိုင်ရာ များကို လူမျိုးအလိုက်‌ဆွေး‌နွေးရန် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ (UPDJC)က ချမှတ်‌ပေးထားခြင်းဖြစ်ပြီး ကရင်အမျိုးသားအ‌နေဖြင့် အဆိုပါကဏ္ဍကြီး ၄ခု၏ အ‌ခြေခံမူကြမ်းများကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ၂၀၁၆ခု နှစ်၊ ဒီဇင်ဘာလ ၁၉ရက်မှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်‌နေ့အထိ ဆက်တိုက် ‌ဆွေး‌နွေးချမှတ်ခဲ့ကြသည်။

ထို‌ဆွေး‌နွေးချမှတ်လိုက်သည့် ကဏ္ဍကြီး ၄ခု၏ အ‌ခြေခံမူကြမ်းများအားလုံးကို လုပ်ငန်း‌ကော်မတီမှ အ‌ချောသတ် သွားမည်ဖြစ် ပြီး လာမည့် ဇန်နဝါရီလ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ သီရိဖားအံဟိုတယ်၌ ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲတွင် တင်သွင်းကာ မူဝါဒအ‌ချောအဖြစ် ဆက်လက် အတည်ပြုသွားမည်ဖြစ်‌ကြောင်း သိရသည်။