Home သတင်း ‌ကျေးရွာ ၁၀၀‌ကျော်အတွက် ဆိုလာများ တပ်ဆင်‌ပေးမည်ဟု ပြည်နယ်‌ကျေးလက်ဦးစီးဌာန‌ပြော

‌ကျေးရွာ ၁၀၀‌ကျော်အတွက် ဆိုလာများ တပ်ဆင်‌ပေးမည်ဟု ပြည်နယ်‌ကျေးလက်ဦးစီးဌာန‌ပြော

3958

ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

ပြည်နယ်အစိုးရ၏ ၂၀၁၆-၂၀၁၇ဘတ်ဂျက်နှစ် ‌ကျေးလက်မီးလင်း‌ရေး အစီအစဉ်အရ ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်‌ဆောင်ရွက်‌နေ ‌သော ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲနှင့် သံ‌တောင်မြို့နယ်များရှိ ‌ကျေးရွာ‌ပေါင်း ၁၄၃ရွာမှ အိမ်‌ခြေ‌ပေါင်း ၁၁,၄၄၂အိမ်အတွက် ဆိုလာများ တပ်ဆင်‌ပေးသွားမည်ဟု ‌ကျေးလက်ဦးစီးဌာနထံမှ သိရသည်။

ထိုသို့တပ်ဆင်ရာတွင် ပြည်သူထည့်ဝင်‌ငွေကို ဆိုလာတန်ဖိုး၏ ၁ဝရာခိုင်နှုန်းသာ ‌ငွေစုထည့်ဝင်‌စေပြီး ကျန်‌ငွေအား အစိုးရ၏ ‌ကျေးလက်ရံပုံ‌ငွေနှင့် ကမ္ဘာ့ဘဏ်တို့က အချိုးကျ ကုန်ကျခံကာ ဆိုလာတပ်ဆင်သည့် ကုမ္ပဏီများအား တင်ဒါ‌ခေါ်ယူမည်ဖြစ် ‌ကြောင်း၊ ၎င်း‌နောက် အရည်အ‌သွေး စစ်‌ဆေး၍ စံချိန်စံညွှန်း ကိုက်ညီမှုရှိမရှိကို ‌ကျေးရွာများသို့ စမ်းသပ် တပ်ဆင်သုံးစွဲ‌စေပြီး အဆင်‌ပြေမှသာ ‌ကျေးရွာများသို့ ဖြန့်ဖြူးတပ်ဆင်သွားရန် စီစဉ်ထားသည်ဟု ‌ကျေးလက်ဦးစီးဌာန ပြည်နယ်ညွှန်မှူး ဦး‌နေလင်း က ‌ပြောသည်။

ဦး‌နေလင်းက “ကျ‌နော်တို့ ဒီစီမံကိန်းက ကမ္ဘာ့ဘဏ်နဲ့ ချိတ်ဆက်လုပ်‌ဆောင်ရတာဆို‌တော့ အရည်အ‌သွေး‌တွေ စံချိန်စံညွှန်း ‌တွေ၊ ‌ငွေ‌ကြေးစီမံခန့်ခွဲ တွက်ချက်မှုအပိုင်း‌တွေ တိကျ‌အောင် ‌ဆောင်ရွက်‌နေတာ‌ကြောင့် ကြန့်ကြာ‌နေတဲ့အ‌ပေါ် ပြည်သူက လည်း သူ ‌ငွေသွင်းပြီး ဆိုလာမတပ်ဆင်မှာ စိတ်ပူကြတာ‌ပေါ့။ အခု စမ်းသပ်တပ်ဆင်ပြီးရင်‌တော့ ဧပြီလ‌လောက် ‌နောက်ဆုံး ထားပြီး အပြီးတပ်ဆင်သွားမှာပါ”ဟု ‌ပြောသည်။

အဆိုပါ ဆိုလာမီးလင်း‌ရေး အစီအစဉ်ကို ၂၀၁၆နှစ်ဆန်းပိုင်းမှ စတင်ကာ ကရင်ပြည်နယ်ရှိ မြို့ ၅မြို့နယ်အတွင်း ‌ကျေးရွာ ‌ပေါင်း ၁၄၃ရွာမှ အိမ်‌ခြေ‌ပေါင်း ၁၁,၄၄၂စုမှ ကျပ်‌ငွေ ၄၃၉.၇၉သန်း စု‌ပေါင်းထည့်ဝင်ထားပြီး ဆိုလာတပ်ဆင်မှု ကြန့်ကြာ‌နေ သည့်အ‌ပေါ် ‌ဒေသခံများဘက်မှ ထင်‌ကြေးအမျိုးမျိုးဖြင့် ‌ပြောဆိုခဲ့ကြသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌နောင်တပွဲ ‌ကျေးရွာမီးလင်း‌ရေး ‌ကော်မတီဝင် ‌စောဖိုး‌ဆောင်က “‌ဒေသခံ‌တွေ ဆိုလာတပ်ဖို့ ‌ငွေသွင်းပြီး ကြာ‌နေ‌တော့ ထင်‌ကြေး‌ပေး ‌ပြောဆိုတာ‌တွေရှိတယ်။ ‌ကော်မတီက ‌ငွေတိုးချစားတာလား၊ လိမ်တာလား၊ အမျိုးမျိုး‌ပေါ့။ အခု ‌တော့ ဌာနဆိုင်ရာ‌တွေနဲ့ ‌သေချာရှင်းလင်းပြ‌တော့ သူတို့ သ‌ဘော‌ပေါက်ကြပါပြီ။ ဒီကိစ္စက တစ်ရွာထဲမှမဟုတ်တာ ရရင်အားလုံး ရကြမှာပါ။ ကိုယ့်ရွာ ကျန်‌နေခဲ့တယ်ဆိုရင်‌တော့ ‌ပြော‌ပေါ့။ ‌ဒေသခံ‌တွေကို ကျ‌နော်‌ပြောတယ်။ အာမခံတယ်။ နင်တို့‌ငွေ မဆုံးရှုံး ‌စေရဘူး။”ဟု ‌ပြောသည်။

၎င်းဆိုလာတပ်ဆင်‌ရေး အစီအစဉ်ကို NCTS ဆိုလာ တင်ဒါ‌အောင်သည့် ကုမ္ပဏီမှ ‌ကျေးရွာများတွင် လမ်း၊ ‌ဆေး‌ပေးခန်း၊ စာ သင်‌ကျောင်း၊ ဘာသာ‌ရေး အ‌ဆောက်အဦးတို့အတွက် အခမဲ့ ဆိုလာစနစ် တပ်ဆင်‌ပေးမည်ဖြစ်ပြီး အချိုးကျစု‌ငွေ ထည့်ဝင်ထား သည့် အိမ်‌ထောင်စုများကို မိမိတို့မှာယူထားသည့် အမျိုးအစားများအတိုင်း တပ်ဆင်‌ပေးသွားမည်ဟု ‌ကျေးလက်ဖွံ့ဖြိုး‌ရေးဌာန၏ ‌ပြောပြချက်အရ သိရှိရသည်။

ကရင်ပြည်နယ် ‌ကျေးလက်ဦးစီးဌာန‌အောက်တွင် ‌ကျေးလက်ဖွံ့ဖြိုး‌ရေးဌာန၊ ‌ကျေးလက်မီးလင်း‌ရေး‌ကော်မတီများ ထားရှိပြီး ‌ကျေးလက်‌ဒေသဆိုင်ရာ လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။