ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ စောခါးစူးညား
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည့် လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာအလိုက်တို့ကို အဆင် သင့်ဖြစ်နေသော နေရာဒေသများတွင် ကျင်းပသွားမည်ဟု ကရင်ပြည်နယ် ဖားအံမြို့ သီရိဖားအံဟိုတယ်၌ သုံးရက်ကြာ ပြုလုပ် သည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆုံးဖြတ်ကြောင်း ဇန်နဝါရီလ ၂ဝရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။
ဆွေးနွေးပွဲကြီးကြပ်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ စောထွန်းအောင်မြင့်က “အပစ်အခတ် ရပ်စဲရေး ရှိပြီးသားနေရာတွေက အဖွဲ့တွေဆိုလို့ရှိရင် ဖြစ်နိုင်တဲ့နေရာတွေကို ပြောတာပါ။ ဒါပေမယ့် အဲဒီနေရာက (သက်ဆိုင်ရာ) သူတို့ဟာသူတို့ လုပ်နိုင်တဲ့ နေရာတွေ ဖြစ်ရမယ်ပေါ့”ဟု ဆွေးနွေးပွဲနောက်ဆုံးရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ ပထမအကြိမ်အဖြစ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကို ဖားအံမြို့တွင် ကျင်းပပြီးစီးနောက် ကျန်ရှိနေသေးသည့် ဒေသအလိုက် ဆွေးနွေးပွဲကို တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်လည်းကောင်း၊ အကြောင်းအရာ အလိုက် ဆွေးနွေးပွဲကို နေပြည်တော်တွင်လည်းကောင်း ဆက်လက် ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
ယခု ဖားအံမြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြန်မာပြည် ကရင်ဒေသများရှိ ကိုယ်စားလှယ်များ၊ ကရင်တတ်သိပညာရှင်များ၊ အစိုးရအ ကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ စုစုပေါင်း (၆၀၀)ကျော် တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲ တက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ဒီဆွေး နွေးပွဲဖြစ်စဉ်အရပ်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လူမျိုးအလိုက် ရှိမယ်။ ဒေသအလိုက် ရှိမယ်။ အကြောင်းအ ရာအလိုက် ရှိမယ်။ အဲဒါကနေပြီးတော့ ဒါကို ကျနော်တို့ ၂၁ရာစုပင်လုံကို တင်မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ကရင်အမျိုးသား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သဘာ ဝသယံဇာတ စသည့်ကဏ္ဍကြီး (၄)ရပ်ဖြင့် ဆွေးနွေးပွဲတွင် ဆွေးနွေးကြကာ အမြင်သဘောထားများ ဖလှယ်ခဲ့ကြပြီး ရရှိလာ သည့် အချက်အလက်များကို သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြ၍ နောက်ဆုံး (၂၁)ရာစု ပြည်ထောင်စုညီလာခံအထိ တင်ပြ သွားမည်ဟု သိရသည်။
ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာစေရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်(NCA) လက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား အစိုးရနှင့် တပ်မတော်တို့မှ ပိုမိုလမ်း ဖွင့်ပေးထားရန် ယခုဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကရင်ပြည်နယ် ဖားအံမြို့တွင် ပြုလုပ်သည့် ပထမဆုံးအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် မြန်မာ နိုင်ငံရှိ နှစ်ပေါင်း (၆၀)ကျော်အကြာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားပြီး NCA လက်မှတ်ရေးထိုးပြီးနောက် ပေါ်ပေါက်လာသည့် ဆွေး နွေးပွဲဖြစ်ကြောင်း သိရသည်။



















