Home သတင်း ပစ်ခတ်တိုက်ခိုက်မှုမလုပ်ဘဲ နှစ်ဖက်‌တွေ့ဆုံ‌ဖြေရှင်းမှုဖြင့် ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီ‌ပြော

ပစ်ခတ်တိုက်ခိုက်မှုမလုပ်ဘဲ နှစ်ဖက်‌တွေ့ဆုံ‌ဖြေရှင်းမှုဖြင့် ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီ‌ပြော

1774

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်သစ်ပါတီ -NMSP၊ ထားဝယ်ခရိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး -KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင်တို့အကြား ပစ် ခတ်တိုက် ခိုက်မှုဖြစ်‌ပေါ်သည့် ပြဿနာကို နှစ်ဖက်‌တွေ့ဆုံ‌ဖြေရှင်းသည့် နည်းလမ်းဖြင့် ကြိုးပမ်းသွားမည် ဟု NMSP ထားဝယ်ခရိုင်က ဇန်နဝါရီ ၂၂ ရက်‌နေ့တွင် သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန် ‌ပြောဆိုလိုက် သည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်း‌ရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက “လက်နက်နဲ့ဆို အချင်းချင်း ပြဿနာဘယ်လိုမှလဲ ‌ပြောင်းလဲစရာအ‌ကြောင်းမရှိဘူး‌လေ။ အတိတ်သမိုင်းကလည်း သက်‌သေပြလာခဲ့တာ အများကြီးပဲ။ ‌တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းနဲ့ ‌ဖြေရှင်းပြီး အတူတကွ ‌အေး‌အေးချမ်းချမ်း‌နေနိုင်ဖို့ ‌မျှော်လင့်တယ်” ဟု ဇန်နဝါရီ ယ‌နေ့ (ဇန်နဝါရီ ၂၂ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ဇန်နဝါရီ ၂၅ရက်‌နေ့တွင် နှစ်ဖက်‌တွေ့ဆုံညှိနှိုင်းရန်အတွက် တနသင်္ာရီတိုင်း ‌ဒေသကြီးအစိုးရမှ နှစ်ဖက်‌ခေါင်း ‌ဆောင်များ ဖိတ်ကြားထားပြီး မိမိတို့အ‌နေဖြင့် ထားဝယ်ခရိုင်တာဝန်ရှိသူများမှ တက်‌ရောက်မည်ဟု နိုင်ဝင်းလှက ဆက်‌ပြောသည်။

မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်၏ ထုတ်ပြန်‌ကြေညာချက်အရ NMSP အ‌နေဖြင့် ဘဝတူ မဟာမိတ်အချင်းချင်း သင့်မြတ်စွာ‌နေထိုင်‌ရေးနှင့် သမိုင်း၏ခါးသီး‌သော အ‌တွေ့အကြုံများကို သင်ခန်းစာယူပြီး ပဋိပက္ခများ ‌နောက်ထပ်မ ကျယ်ပြန့်သွား‌ရေးအတွက်နှစ်ဦးနှစ်ဖက် ‌တွေ့ဆုံ‌ဖြေရှင်းသည့် နည်းလမ်းဖြင့် ကြိုးပမ်းသွား မည်ဖြစ်‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

အဆိုပါ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ ထုတ်ပြန်‌ကြေညာချက်အ‌ပေါ် KNU ကရင်အမျိုးသား အစည်းအရုံး ထားဝယ်ခရိုင်မှ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောဝင်းခိုင်က “ထုတ်ပြန်‌ကြေညာချက်ထက် အဓိက ဗဟိုအချင်းချင်း မျက်နှာစုံညီ အ‌ကျေအလည်‌ဆွေး‌နွေးပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့အထိ ‌ဆွေး‌နွေးနိုင်မယ်ဆိုရင် အဆင်‌ပြေတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ပြုလုပ်မည့် တနသာင်္ရီတိုင်း‌ဒေသကြီးအဆင့် ပဏာမနှစ်ဖက် ‌တွေ့ဆုံညှိနှိုင်းမှုတွင် နယ်‌မြေအရ နှစ်ဖက်တပ်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို တိကျ ‌သေချာစွာဖြင့် ‌လေး‌လေးနက်နက်ဆုံးဖြတ်ချက်ချနိုင်မှသာ အဆင်‌ပြေနိုင်မည်ဟု ပဒို‌စောဝင်းခိုင်က ဖြည့်စွက်‌ပြောဆိုသည်။

နယ်‌မြေပြဿနာ‌ကြောင့် KNUနှင့် MNSP တို့သည် ပြီးခဲ့သည့် ၁၉၈၈ခုနှစ် ဘုရားသုံးဆူ‌ဒေသတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ၂၀၁၆ ခုနှစ်က စက်တင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလတို့တွင် စုစု‌ပေါင်း ‌လေးကြိမ်အထိ ပစ်ခတ်မှုပြန်လည်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု သိရသည်။

KNU အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် -NCAကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကမူ -NCA ကို လက်မှတ်‌ရေးထိုးနိုင်ခြင်းမရှိ‌သေးသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့တစ်ခုဖြစ်သည်။

မွန်ပြည်သစ်ပါတီ ၎င်းတို့အ‌နေဖြင့် ဒီမိုက‌ရေစီအ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးနှင့် စစ်မှန်‌သော ဖယ်ဒရယ်ပြည် ‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးအတွက် ဘဝတူညီ‌နောင်တိုင်းရင်းသားများနှင့် တိုက်ပွဲဝင်လျက်ရှိကာ -NCA လက်မှတ်‌ရေးထိုး နိုင်ရန် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ -UNFC အဖွဲ့အစည်း နှင့်အတူ နိုင်ငံ‌တော်အစိုးရနှင့် ‌ဆွေး‌နွေးညှိနှိုင်း‌နေလျက်ရှိ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။