Home သတင်း လူမျိုးအလိုက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွင်း တင်ထားသည့် စာတမ်းများ အားနည်း‌ကြောင်း ‌တောင်က‌လေး ဆရာ‌တော် ‌ဝေဖန်

လူမျိုးအလိုက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွင်း တင်ထားသည့် စာတမ်းများ အားနည်း‌ကြောင်း ‌တောင်က‌လေး ဆရာ‌တော် ‌ဝေဖန်

1905

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့၌ ကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွင်း တင် သွင်းထားသည့် စာတမ်းများထဲတွင် အနာဂတ် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုအတွက် သွားပါက အား နည်းချက်များရှိ‌ကြောင်း ‌တောင်က‌လေးဆရာ‌တော် ‌ဒေါက်တာ အရှင်ပညာသာမိက ယ‌နေ့ မိန့်ကြား ‌ဝေဖန် လိုက်သည်။

“ဒီက‌နေ့ တနိုင်ငံလုံးမှာ ရှိကြတဲ့ ကရင်တိုင်းရင်းသားလူမျိုးများ၊ မိမိတို့ တင်သွင်းတဲ့ စာတမ်းကို ပညာရှင် စာ တမ်း ဟုတ်မဟုတ်၊ အဲ‌လောက်‌လေးနဲ့‌တော့ ဖက်ဒရယ် မဖြစ်‌သေးဘူး။ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာ စနစ်နဲ့ ပတ်သက်တာ‌တွေ အားလုံးဟာ လူမျိုးစရိုက်၊ နိုင်ငံစရိုက်၊ ‌ဒေသစရိုက် ‌ဒေသပုံစံ‌တွေ မဖြစ်သည့် အ တွက်‌ကြောင့် ပထမဦးဆုံးအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(ကရင်) ‌တွေဟာ ပြည်‌ထောင်စုအဆင့် လွှတ်‌တော်သို့ ဒီစာတမ်းကို တင်သွင်းမယ်ဆိုရင် အားနည်းပါတယ်ဆိုတဲ့အ‌ကြောင်း ‌ဝေဖန်ပါတယ်”ဟု ယင်း‌ဆွေး‌နွေးပွဲ၏ မိန့်ခွန်းဩဝါဒတွင် ဆရာ‌တော်က ထိုသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ယခု ‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသားများက ကဏ္ဍကြီး ၄ ရပ်ဖြစ်သည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ‌မြေ ယာနှင့်သဘာဝသယံဇာတ စသည့် ကဏ္ဍ၏ မူကြမ်းအား ‌ဆွေး‌နွေးခဲ့ကြပြီး လက်ရှိ ‌ဆွေး‌နွေးတင်သွင်းထား သည့် အချက်အလက်များအရ ‌လေ့လာဖတ်ရှုသည့်အခါ အားနည်းချက်များ ‌တွေ့ရှိခဲ့သည်ဟု ဆရာ‌တော်က မိန့်ကြားထားသည်။

ထို့အပြင် ဘာသာ‌ရေးပုဂ္ဂိုလ်များသည် နိုင်ငံ‌ရေးကဏ္ဍများတွင် ဝင်‌ရောက်စွပ်ဖက်ရန် အခွင့်အ‌ရေး မရှိ‌သော်လည်း မိမိ၏ အမျိုးသားအတွက် ‌ဝေဖန်‌ပြောဆို‌ထောက်ပြခွင့် ရှိသည့်အ‌လျောက် ယခုလို ‌ပြောဆိုခြင်းဖြစ်သည်ဟု ‌တောင်က‌လေးဆရာ‌တော် ‌ဒေါက်တာအရှင်ပညာသာမိက ဆိုသည်။

‌တောင်က‌လေးဆရာ‌တော်သည် လတ်တ‌လော ဖားအံမြို့အနီး ‌တောင်က‌လေး‌ကျေးရွာ ဘုန်း‌တော်ကြီး ‌ကျောင်းတွင် သီတင်းသုံး‌နေပြီး ကရင်ပြည်နယ်အတွင်း သာမက မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် အထင်ကရ ဆရာ‌တော် တစ်ပါးဖြစ်သည်။