Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ လွတ်လပ်စွာသွားလာနိုင်သည့် CI လက်မှတ်များကို ထုတ်‌ပေးသွားရန် စီစဉ်

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ လွတ်လပ်စွာသွားလာနိုင်သည့် CI လက်မှတ်များကို ထုတ်‌ပေးသွားရန် စီစဉ်

1861

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် လွတ်လပ်စွာ ခရီးသွားလာနိုင် မည့် Certificate of Identity (CI)ဟု ‌ခေါ်သည့် မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ်ကို နှစ်နိုင်ငံအစိုးရ တာ ဝန်ရှိသူများမှ ယခုလ ဇန်နဝါရီလအတွင်း စတင်ပြုလုပ်‌ပေးရန် စီစဉ်ထား‌ကြောင်း သိရသည်။

အဆိုပါ သက်‌သေခံလက်မှတ်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပြုလုပ်‌ပေးရန် သ‌ဘောတူညီမှုများရှိခဲ့‌သော်လည်း အ‌ကောင်အထည်‌ဖော်နိုင်ခြင်းမရှိတဲ့အတွက် ယခုမှသာ ပြန် လည်အ‌ကောင်အထည်‌ဖော်လိုက်ခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA အဖွဲ ့ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ယ‌နေ့ (ဇန်နဝါရီ ၁၉ )ရက်တွင် ‌ပြောသည်။

၎င်းက “ဒီစာအုပ်က ပန်း‌ရောင် ကဒ်ကိုင်‌ဆောင်ထားသူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ မလုပ်မဖြစ်လုပ်ရမယ့် စာအုပ် ဖြစ်ပါတယ်။ မြန်မာဘက်က တာဝန်ရှိသူ‌တွေရဲ့ ‌နောက်ဆုံး Decision (ဆုံးဖြတ်ချက်) ပဲ လို‌တော့တယ်။ ထုတ်‌ပေးဖို့ ရက်အတိအကျ‌တော့ မထွက်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ယခု ထုတ်‌ပေးရန် စီစဉ်‌နေသည့် အစိမ်းနု‌ရောင်ရှိသည့် CI လက်မှတ်ကို ပြုလုပ်ထားမည်ဆိုပါက မည်သည့် ‌ထောက် ခံစာ မျှမပါဘဲ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်နှင့် အိမ်‌ထောင်စုဇယား မရှိသူများပါ ပြုလုပ်နိုင် ‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

အဆိုပါ CI သက်‌သေခံလက်မှတ်ပြုလုပ်ရာတွင် အပြီးအစီး ဘတ်‌ငွေ ၁၀၀ဝ ခန့်သာ ကုန်ကျမည်ဖြစ်ပြီး Seven Eleven Family Mart နှင့် တခြား ‌ကောင်တာဆားဗစ် (ဝန်‌ဆောင်မှု)များတွင် ဝန်‌ဆောင်ခ‌ပေးသွင်းကာ ရရှိလာသည့် ဖြတ်ပိုင်းကို ပန်း‌ရောင်ကဒ်နှင့်အတူ နီးစပ်ရာနယ်‌မြေ အလုပ်သမားရုံးတွင် ‌ထောက်ခံစာရယူပြီး CI ထုတ်‌ပေးသည့် စခန်းတွင် သွား‌ရောက်ပြုလုပ်ရမည် ဖြစ်သည်။

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများကိုင်‌ဆောင်သည့် ပန်း‌ရောင်ကဒ်မှာ ယာယီ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်သာဖြစ်သည့်အတွက် မိမိတို့အလုပ်လုပ်သည့် မြို့နယ်မှ အခြားနယ်များသို့ ခရီးသွားလာမည်ဆိုပါက ‌ထောက်ခံစာများရယူပြီးမှသာ သွားလာခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ဘန်‌ကောက်အ‌ခြေစိုက် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO အတွင်း‌ရေးမှူး ‌စောအဲသိုက “ဒီလုပ်ငန်းစဉ်က အ‌ထောက်အထား အဆင်သင့်မဖြစ်တဲ့ မပြည့်စုံတဲ့ မြန်မာအလုပ်သမား‌တွေအတွက် ‌တော့ အခွင့်အ‌ရေးတစ်ရပ်လို့ မြင်မိပါတယ်။ ပြီး‌တော့ ကုန်ကျစာရိတ်က အလုပ်သမား‌တွေ တတ်နိုင်တဲ့ ပမာဏ‌လောက်ပဲ ဆို ‌တော့ ဝန်ထုပ်ဝန်ပိုး မဖြစ်‌လောက်ပါဘူး ”ဟု ‌ပြောသည်။

CI လုပ်ငန်းစဉ် အ‌ကောင်အထည်‌ဖော်မည့် ‌နေ့ရက်အတိအကျကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအ‌နေဖြင့် သတင်း မီဒီယာများမှတစ်ဆင့် ထည့်သွင်း‌ကြေငြာ‌ပေးမည်ဖြစ်ကာ စမွတ်ဆာခွန် ၂ ‌နေရာ၊ စမွတ်ပကန် ၁ ‌နေရာ၊ မဲ‌ဆောက် ၁ ‌နေရာ၊ မယ်ဆိုင် ၁ ‌နေရာနှင့် ရ‌နောင်း ၁‌နေရာ စသည့် စုစု‌ပေါင်း ၆ ‌နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း သိရသည်။