Home ထိပ်တန်းသတင်း ‌ရွှေ့‌ပြောင်းက‌လေး‌မွေးစာရင်းကိစ္စ အစိုးရက တရားဝင် အသိအမှတ်ပြု‌ရေး CPPCR အဖွဲ့ ကြိုးပမ်း

‌ရွှေ့‌ပြောင်းက‌လေး‌မွေးစာရင်းကိစ္စ အစိုးရက တရားဝင် အသိအမှတ်ပြု‌ရေး CPPCR အဖွဲ့ ကြိုးပမ်း

1862

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်နှင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံ‌နေထိုင်ရသည့် မြန်မာတိုင်းရင်းသား မိဘများမှ ‌မွေးဖွားလာသည့် က‌လေးသူငယ်များ၏ ‌မွေးစားရင်းများကို အစိုးရသစ်အ‌နေဖြင့် အသိအမှတ်ပြု‌ပေးနိုင်‌ရေး ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်း က‌လေးအခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်မှု‌ကော်မတီ (Committee for Protection and Promotion of Child Rights – CPPCR) အဖွဲ့က ‌ပြောသည်။

CPPCR ၏ အလုပ်အမှု‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌နော်ဘလူးမင်းနိုက်ဇန်က “ဒုက္ခသည်စခန်းနဲ့ ‌ရွှေ့‌ပြောင်းက‌လေးငယ်‌တွေအ တွက် သူတို့မှာ ဘာမှအာမခံချက်ဆိုတာမရှိဘူး။ သူတို့‌တွေအတွက် ကျမတို့ လုပ်ထားတဲ့ ‌မွေးစာရင်းအပြင် ‌နောက်လာမယ့် က‌လေး‌တွေအတွက်လည်း အစိုးရအ‌နေနဲ့ တစ်ခါတည်း တရားဝင်ဖြစ်သွား‌အောင် ကျမတို့ လုပ်‌ဆောင်သွားဖို့ရှိတယ်”ဟု ‌ကေ အိုင်စီသို့ နိုဝင်ဘာလ ၂၆ရက်‌နေ့က ‌ပြောသည်။

အဆိုပါ အဖွဲ့အ‌နေဖြင့် ပြီးခဲ့သည့် ၂၀၀၄ခုနှစ်မှစတင်ကာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ခိုလှုံ‌နေရသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ် သမား မိဘများမှ ‌မွေးဖွားလာသည့် က‌လေးသူငယ်များအတွက် ‌မွေးစာရင်း‌ကောက်ယူမှုများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး က‌လေး ‌မွေးစာရင်း ၂‌သောင်း‌ကျော် ပြုလုပ်‌ပေးခဲ့ပြီဖြစ်‌ကြောင်း CPPCR အဖွဲ့က ‌ပြောသည်။

မြန်မာနိုင်ငံရှိ က‌လေးသူငယ်များ၏ ‌မွေးစားရင်းများကို ကျန်းမာ‌ရေးဝန်ကြီးဋ္ဌာနလက်‌အောက်ရှိ ‌ဆေးရုံများ၊ မြို့နယ်ကျန်းမာ‌ရေး ဦးစီးဋ္ဌာန၊ ‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာနများတွင် ပြုလုပ်နိုင်‌ကြောင်း သိရပြီး ‌မွေးစာရင်းဆိုသည်မှာ က‌လေးငယ်၏ အမည်၊ အသက်၊ ‌မွေးရပ်ဇာတိနှင့် မိဘအမည်များပါဝင်‌သော လက်မှတ်ဖြစ်သည်။

လက်ရှိ နယ်စပ်တစ်‌လျှောက်နှင့် ကရင်ပြည်နယ်အတွင်းရှိ ‌ဝေးလံသည့်‌ဒေသများတွင် မှတ်တမ်းမရှိဘဲ ‌မွေးဖွားလာသည့် က‌လေးဦး‌ရေများစွာ ရှိ‌နေနိုင်‌ကြောင်းနှင့် ‌မွေးစာရင်းမရှိသည့်အတွက် က‌လေးငယ်များ ရသင့်သည့် အခွင့်အ‌ရေးနှင့် အကာအ ကွယ်‌ပေးမှုများ ဆုံးရှုံး‌နေရ‌ကြောင်းလည်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများက ‌ပြောသည်။

ယင်းသို့ အစိုးရက ‌ရွှေ့‌ပြောင်း‌နေထိုင်သူများ၏ က‌လေး‌မွေးစာရင်းကို အသိအမှတ်ပြုနိုင်‌ရေးကိစ္စများနှင့်ပတ်သက်၍ CPPCR အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ရက်မှ ၂၃ရက်‌နေ့အထိ ‌နေပြည်‌တော်ရှိ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် အမျိုးသမီးနှင့် က‌လေးသူငယ်များ အခွင့်အ‌ရေးဆိုင်ရာ‌ကော်မတီ၊ ရန်ကုန်ရှိ အမျိုးသမီးအဖွဲ့များကွန်ရက်(WON)၊ တိုင်းအဆင့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ရှိ ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်တို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ရှိခဲ့ ‌ကြောင်းလည်း သိရသည်။

၎င်းကိစ္စအ‌ပေါ် အမျိုးသမီးနှင့် က‌လေးသူငယ်များ အခွင့်အ‌ရေးဆိုင်ရာ ‌ကော်မတီ အတွင်း‌ရေးမှူး ‌နော်စူစန်နာလှလှစိုးက “အ‌နောတို့‌ကော်မတီဝင်‌တွေ အားလုံးက ဒီက‌လေး‌တွေဟာ ကိုယ့်က‌လေး‌တွေမို့ အခွင့်အ‌ရေးရသင့်တယ်လို့ ချွင်းချက်မရှိ လက် ခံပါတယ်။ လုပ်ငန်းစဉ်‌လေးရှင်း‌အောင် လုပ်ရတာ တစ်ခုပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးမှုများအရ အစိုးရအဖွဲ့ဝင်များဘက်မှ ‌မွေးစာရင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ CPPCR မှ စာတမ်း‌ရေးသား ပြုစုကာ တင်ပြ‌ပေးရန် အကြံ‌ပေးမှုများရှိခဲ့သလို အဆိုပါကိစ္စများအတွက် CPPCR ကလည်း အဖွဲ့အတွင်း ပြန်လည်‌ဆွေး‌နွေးကာ ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ထို့အတူ လာမည့်နိုဝင်ဘာလ ၂၈ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် ကျန်းမာ‌ရေး အဖွဲ့အစည်း ၈ဖွဲ့မှ ကရင် ပြည်နယ် အစိုးရ၊ ဋ္ဌာနဆိုင်ရာများနှင့် ‌တွေ့ဆုံကာ လက်ရှိ ၎င်းတို့လုပ်‌ဆောင်‌နေသည့် က‌လေး‌မွေးစာရင်းကိစ္စလုပ်ငန်း အ‌ခြေအ ‌နေများကို ချပြရှင်းလင်းမည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် အ‌ခြေစိုက်သည့် က‌လေးအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှု‌ကော်မတီ CPPCR အဖွဲ့ကို နယ် စပ်အ‌ခြေစိုက် ကျန်းမာ‌ရေး၊ က‌လေးအခွင့်အ‌ရေး၊ ပညာ‌ရေးဆိုင်ရာ အဖွဲ့အစည်းများဖြင့် ၂၀၀၂ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး က‌လေးအခွင့်အ‌ရေးကာကွယ်‌ရေးနှင့် ‌မွေးစာရင်းများအတွက် လုပ်‌ဆောင်‌ပေး‌နေသည့်အဖွဲ့လည်း ဖြစ်သည်။