Home သတင်း ပြည်နယ် စက်မှုလက်မှု ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကြမ်း အစိုးရအဖွဲ့ လွှတ်‌တော်သို့ တင်သွင်း

ပြည်နယ် စက်မှုလက်မှု ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကြမ်း အစိုးရအဖွဲ့ လွှတ်‌တော်သို့ တင်သွင်း

2045
စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ် စက်မှုလက်မှုဖွံ့ဖြိုး‌ရေး ဥပ‌ဒေကြမ်းကို ပြည်နယ်အစိုးရအဖွဲ့မှ စက်တင်ဘာ ၂၈ ရက်‌နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော် အ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ တင်သွင်းလိုက်သည်ဟု သံ‌တောင်ကြီးမြို့နယ် အမှတ်(၂)၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့ ပြုလုပ်တဲ့ ပြည်နယ်လွှတ်‌တော် အ‌ရေး‌ပေါ်အစည်းအ‌ဝေးမှာ စိုက်/‌မွေးနဲ ့ဆည်‌မြောင်းဝန်ကြီးက ပြည်နယ် စက်မှုလက်မှု ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကြမ်းကို လွှတ်‌တော်ကို တင်ပါတယ်။ ဥပ‌ဒေကြမ်းနဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးလိုတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေက ဒီ‌နေ့ည‌နေ ၄ နာရီ ပြည်နယ်လွှတ်‌တော်ရုံးကို စာရင်း‌ပေးပို့ရမယ်။ ဥပ‌ဒေ ကြမ်းမှာ တိုင်းရင်းသားရိုးရာဝတ်စုံ‌တွေ ယက်လုပ်တဲ့ လုပ်ငန်း‌တွေ ဖွံ့ဖြိုးဖို့ စသဖြင့် အခန်း ၁၁ ခန်း ပါတယ်” ဟု ‌စော‌ဂျေ‌အေဝင်းမြင့်က ‌ပြောသည်။

အဆိုပါ ဥပ‌ဒေကြမ်းကို ယခု ‌နေ့ရက်မှသာ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်များထံ ဖြန့်‌ဝေသည့်အတွက် ဥပ‌ဒေကြမ်းတစ်ခုလုံးကို ‌လေ့လာရန် အချိန်မလုံ‌လောက်သဖြင့် လွှတ်‌တော်တွင် ‌ဆွေး‌နွေးသွားမည်မဟုတ်ဟု ‌စော‌ဂျေ‌အေဝင်းမြင့်က ဆက်‌ပြောသည်။

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် အ‌ရေး‌ပေါ်အစည်းအ‌ဝေးကို စက်တင်ဘာ ၂၈ ရက်‌နေ့မှ စတင်ကာ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ယခု ပထမရက် အစည်းအ‌ဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာ‌ရေးနှစ်အတွက် ပြည်နယ်အစိုးရ အသုံးစရိတ် ဘတ်ဂျက်များကို ပြည်နယ်အစိုးရဌာနအလိုက် လွှတ်‌တော်သို့ တင်သွင်းခဲ့ကာ အတည်ပြုနိုင်ရန် ဆက်လက်ကျင်းပမည့် လွှတ်‌တော်အစည်းအ‌ဝေးတွင် လုပ်‌ဆောင်သွားရန်ရှိ‌ကြောင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များက ဆိုသည်။

ယခု ပြန်လည်စတင်သည့် ပြည်နယ်လွှတ်‌တော် အ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ၂၃ ဦးရှိသည့်အနက် ၂ဝ ဦး တက်‌ရောက်ခဲ့ပြီး ပြည်နယ် စက်မှုလက်မှုဖွံ့ဖြိုး‌ရေး ဥပ‌ဒေကြမ်းကို အစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် ပြည်နယ်လွှတ်‌တော်သို့ တင်သွင်းသည့် ဥပ‌ဒေကြမ်းတစ်ခုဖြစ်သလို အတည်ပြု နိုင်‌ရေးအတွက် စက်တင်ဘာ ၂၉ ရက်‌နေ့တွင် ဆက်ပြုလုပ်မည့် လွှတ်‌တော်အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။