Home လူထုအသံ ပေးစာကဏ္ဍ “အာရှလမ်းမ ‌ဘေးတံတိုင်းကျိုးတာ မသိကျိုးကျွံမ‌နေကြ‌စေချင်”

“အာရှလမ်းမ ‌ဘေးတံတိုင်းကျိုးတာ မသိကျိုးကျွံမ‌နေကြ‌စေချင်”

2649

အာရှလမ်းမလို့ အများက သိထား၊ ‌ခေါ်‌ဝေါ်‌နေကြတဲ့ ‌ကော့ကရိတ်-မြဝတီကားလမ်းဟာ တရားဝင် စတင် အသုံးပြု သွားလာ‌နေ တာ တနှစ်‌ကျော်သာ ရှိပါ‌သေးတယ်။ ဒီကာလမတိုင်ခင် လမ်းမကြီး မပြီးတပြီး ကာလ‌တွေမှာလည်း အဖွဲ့အစည်းအသီးသီးက ဂိတ်ဖွင့်‌ကောက်ခံ သွားလာခွင့်‌ပေးထားခဲ့ပါတယ်။ ဒီလမ်း‌ကြောဟာ ‌နေ့စဉ် သွားလာ‌နေတဲ့ ကားသမား‌တွေ‌ကော၊ ခရီးသည်‌တွေ အတွက်ပါ အချိန်တိုအတွင်း လိုရာခရီးကို ‌ချော‌မွေ့စွာ သွားလာရလို့ အင်မတန် အဆင်‌ပြေပါတယ်။

အာရှလမ်းဟာ ထိုင်းနိုင်ငံရဲ့ လမ်း‌ဖောက်လုပ်‌ရေးကုမ္ပဏီတခုက လာ‌ဖောက်လုပ်‌ပေးခဲ့တာ အန္တရာယ်ရှိနိုင်တဲ့ အ‌ကွေ့‌တွေမှာ လမ်း‌ဘေးတံတိုင်း‌လေး‌တွေ၊ လမ်း‌ဘေးကွန်ဂရစ်‌ရေ‌မြောင်း‌တွေ လုပ်ထား‌ပေးတာလည်း စနစ်တကျရှိပါတယ်။ သို့‌သော် ဒီလမ်း ‌ဘေးတံတိုင်း‌တွေဟာ ကုန်တင်ယာဉ်ကြီး‌တွေ တိမ်း‌မှောက်မှု‌ကြောင့် ထိခိုက်မှု‌တွေများပြီး ကျိုးသွား ပျက်စီးသွားတာလည်း ‌နေရာအ‌တော်များများ ဖြစ်‌နေပါတယ်။ ဒါဟာ အခြားကား‌တွေအတွက်လည်း သွားလာ‌ရေး အန္တရာယ်ကို အကာအကွယ်မဲ့လာ ‌စေပါတယ်။ လမ်း‌ဟောင်းသုံးခဲ့တုန်းက အန္တရာယ်များခဲ့သလို အခု အာရှလမ်းသစ်မှာလည်း အလားတူ အန္တရာယ်က ရှိမြဲရှိ‌နေ တာမျိုး‌တော့ မဖြစ်‌စေချင်ပါဘူး။

လမ်း‌ကောင်းသွားလာချင်ရင် သွားလာသူ‌တွေ၊ ‌မောင်းနှင်သူ‌တွေလည်း လမ်းနဲ့ ထိုက်တန်တဲ့ အသုံးပြုမှုမျိုးလုပ်သင့်သလို သွား လာခွင့်ပြုသူ‌တွေကလည်း မနိုင်ဝန်တင်‌ဆောင်မှု‌တွေကို မသိကျိုးကျွံပြုပြီး သွားခွင့်‌ပေးမ‌နေဘဲ လမ်းကို ‌ရေရှည်အသုံးပြုနိုင်‌ရေး အတွက် သတ်မှတ်ချက်‌တွေ ပြုလုပ်သင့်ပါတယ်။ ဒီသတ်မှတ်ချက်‌တွေကိုလည်း မှန်ကန်ထိ‌ရောက်စွာ ‌ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ ကားကြီး‌တွေက သတ်မှတ်တန်ချိန် ထက်ပိုတင်‌ဆောင်မယ်ဆို လမ်း‌ဟောင်းကို သွားခွင့်‌ပေးလိုက်တာမျိုး၊ သို့မ ဟုတ် အာရှလမ်းကို အသုံးပြုသွားလာချင်တယ်ဆိုရင် သတ်မှတ်တန်ချိန်သာ တင်‌ဆောင်ပြီး လမ်းအ‌ကွေ့‌တွေမှာ အရှိန်မှန်မှန် ‌မောင်းနှင်တာမျိုး ဖြစ်‌စေချင်ပါတယ်။

ဒါမှသာ ‌ဖောက်လုပ်‌ပေးတဲ့ ကုမ္ပဏီအတွက်‌ကော အထူးသဖြင့် ဒီလမ်းကို ‌မောင်းနှင် သွားလာ ဖြတ်သန်း‌နေသူ‌တွေအတွက်ပါ စိတ်‌အေးချမ်းသာစွာ ခရီးသွားလာနိုင်မှာဖြစ်‌ကြောင်း ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ လမ်းတာဝန်ရှိသူ‌တွေကို ‌ကေအိုင်စီက တဆင့် တိုက်တွန်း‌ပြောဆိုချင်ပါတယ်။

(တာဝန်သိ ခရီးသွားတစ်ဦး)