Home သတင်း အဆင့်မြင့် ပညာသင်ကြားမည့် ကရင်‌ကျောင်းသား ၁ဝဦးကို KOFA ပညာသင်ဆု ထပ်‌ပေးမည်

အဆင့်မြင့် ပညာသင်ကြားမည့် ကရင်‌ကျောင်းသား ၁ဝဦးကို KOFA ပညာသင်ဆု ထပ်‌ပေးမည်

2054

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၆-၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်အသီးသီးသို့ တက်‌ရောက်မည့် ကရင်‌ကျောင်းသူ၊ ‌ကျောင်းသား ၁ဝဦးကို ကရင် ဝန်ထမ်း‌ဟောင်းမိသားစု လူမှု‌ရေးအသင်း(KOFA) ပညာသင်ဆု ထပ်‌ပေးမည်ဟု အသင်းဥက္ကဌ မန်းစိုးဟန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“စက်တင်ဘာ ဒုတိယအပတ်မှာ ‌လျှောက်ထားတဲ့ ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေကို ‌တွေ့ဆုံ‌ရွေးချယ်‌နေပါတယ်။ KOFA အ‌နေနဲ့ ပညာသင်ဆုချီးမြှင့်ထားတဲ့ ‌ကျောင်းသား‌တွေကို အခါအား‌လျော်စွာ ‌တွေ့ဆုံပြီး ‌ခေါင်း‌ဆောင်နိုင်သူ‌တွေဖြစ်‌အောင် ပျိုး‌ထောင် သွားမှာဖြစ်သလို ‌ကျောင်းပြီးတဲ့အခါ သင့်‌တော်တာ‌တွေ လုပ်ကိုင်နိုင်ဖို့အတွက် ချိတ်ဆက်‌ပေးဖို့ပါ စီစဉ်ထားတယ်”ဟု မန်းစိုး ဟန်က ‌ပြောသည်။

ပညာသင်ဆု ရရှိမည့် အဆိုပါ ‌ကျောင်းသူ‌ကျောင်းသားများကို တစ်လလျင် ကျပ် ၃၀,၀၀ဝနှုန်းဖြင့် တနှစ်စာ ကျပ်သုံးသိန်း ‌ပေး အပ်သွားမည်ဖြစ်ကာ ပညာသင်နှစ်အတန်းတင် စာ‌မေးပွဲကျသည့် ‌ကျောင်းသူ‌ကျောင်းသားများကို ပညာသင်ဆု ဆက်‌ပေးသင့် မသင့်ကို အသင်းက ဆုံးဖြတ်သွားမည်ဟုလည်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် KOFA အသင်းဝင်များနှင့် အလှူရှင်များ လှူဒါန်းထားသည့် အသင်းရံပုံ‌ငွေမှာ လက်ရှိအချိန်တွင် ကျပ်သိန်း ၃၀ဝခန့် ရှိထားပြီးဖြစ်သလို ပညာသင်ဆု‌ပေးရာတွင် ယင်းရံပုံ‌ငွေကို အသုံးမပြုဘဲ သီးခြားအသင်းဝင်‌ငွေများထဲမှသာ အသုံးပြုခြင်းဖြစ်ပြီး အသင်းသားများနှင့် အလှူရှင်များ ရံပုံ‌ငွေ မ‌ပျောက်ပျက်‌အောင် လုပ် ‌ဆောင်ထားသည်ဟု မန်းစိုးဟန်က ဆက်‌ပြောသည်။

၎င်းပညာသင်ဆုကို တက္ကသိုလ်‌နေ့‌ကျောင်း တက်‌ရောက်သည့် ‌ကျောင်းသူ‌ကျောင်းသားများကိုသာ ‌ပေးအပ်ခဲ့‌သော်လည်း အ‌ဝေးသင်တက်‌ရောက်‌နေပြီး စီးပွား‌ရေး၊ ကွန်ပျူတာ၊ အဂင်္လိပ်စာ သင်တန်းများသို ့ တက်‌ရောက်လိုသည့် ‌ကျောင်းသူ‌ကျောင်း သားများကိုလည်း သင်တန်းစရိတ် ချီးမြှင့်‌ပေးရန် အသင်းအ‌နေဖြင့် စီစဉ်‌နေ‌ကြောင်း အသင်း‌ကော်မတီဝင်တဦးဖြစ်သူ မန်းသန်း ဝင်းဦးက ‌ပြောသည်။

ကရင်ဝန်ထမ်း‌ဟောင်း မိသားစု လူမှု‌ရေးအသင်းကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလအတွင်းက ‌ကြေးတိုင်နှင့် ‌မြေစာရင်းဦးစီးဌာန၊ ညွန်ကြား‌ရေးမှူးချုပ်(ငြိမ်း) မန်းစိုးဟန်က နီးစပ်ရာ ကရင်ဝန်ထမ်း‌ဟောင်းများနှင့် ‌ဆွေး‌နွေးတိုင်ပင်ပြီး စတင်တည်‌ထောင်ခဲ့ရာ ၂၀၁၅ခုနှစ်တွင် ‌ကျေင်းသူ‌ကျောင်းသား ၁၈ဦး၊ ၂၀၁၆ခုနှစ်တွင် ၅ဦးနှင့် ယခု ပညာသင်နှစ်အတွက် ၁ဝဦး၊ စုစု‌ပေါင်း ၃၃ဦးကို ပညာသင်ဆု‌ပေးထား‌ကြောင်း သိရသည်။