Home သတင်း KNU ဒူးပလာယာခရိုင်တွင် ‌ဒေသခံ ၂၀ဝ ‌ကျော်အား နိုင်ငံ‌ရေးနှင့် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ပေး

KNU ဒူးပလာယာခရိုင်တွင် ‌ဒေသခံ ၂၀ဝ ‌ကျော်အား နိုင်ငံ‌ရေးနှင့် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ပေး

2066
ဇွန် ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဒေသခံလူထုများ၏ လက်ရှိမြန်မာနိုင်ငံ‌ရေး ပကတိအ‌ခြေအ‌နေကို ပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU) ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ခန်းမတွင် ‌ဒေသခံလူထု ၂၀ဝ ‌ကျော်အား ဇွန် ၆ မှ ၁ဝ ရက်‌နေ့အထိ မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် အ‌ခြေခံ‌ခေါင်း‌ဆောင်မှု သင်တန်းတစ်ရပ် ပို့ချ‌ပေးလျှက်ရှိသည်။

KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “အခု နိုင်ငံ‌ရေးအ‌ခြေအ‌နေက ‌ရှေ့မတိုး ‌နောက်မဆုတ်မှာ ရှိ‌နေတယ်။ ကျ‌နော်တို့သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေ‌ရော သူတို့(လူထု)ကို သိရှိနားလည်‌စေချင်တယ် ‌ပေါ့။ ဒီ‌ဒေသက လူထု‌တွေ၊ အခြားပြည်နယ်က လူ‌တွေနဲ့ အခြားနိုင်ငံ‌ရေးအမြင်‌တွေ၊ ‌ခေါင်း‌ဆောင်မှုစွမ်းရည် ‌တွေ၊ မှန်ကန်တဲ့ သတင်းအချက်အလက် နည်းပညာ‌တွေကို ရ‌စေချင်လို့ သင်တန်းပြုလုပ်‌ပေးတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငါးရက်တာ ပြုလုပ်သည့် ၎င်းသင်တန်းကို ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝင်း‌ရော်‌ဒေသအပြင် မွန်ပြည်နယ်ရှိ သံဖြူဇရပ်၊ ‌ရေးမြို့နယ်တို့မှ သင်တန်းသူ/သင်တန်းသာများအား လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ KNU ၏ ‌ခြေခံလမ်းစဉ်လုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ ‌စေ့စပ်ညှိနှိုင်းမှု အရည်အ‌သွေးနှင့် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်အခွင့်‌ရေးတို့ကို မြန်မာနိုင်ငံလယ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFI.IUF)မှ သင်တန်းနည်းပြဆရာ(၂)ဦးဖြင့် သင်ကြားပို့ချ‌ပေး‌နေခြင်းဖြစ်သည်။

သင်တန်းနည်းပြဆရာတစ်ဦးဖြစ်သူ ဦးဇာနည်‌သွေးက “ဒီက‌နေ့ နိုင်ငံ‌ရေးအ‌ပြောင်းအလဲ တစုံတရာ ဖြစ်လာတဲ့အခါမှာ သူတို့(လူထု)ကိုယ်တိုင် ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေကို ရ‌အောင်ယူတတ်ဖို့ရယ်။ နိုင်ငံတကာမှာ သုတနည်းပညာအ‌ခြေခံပြီး အမြန်ဆုံး ‌ရွေ့လျား‌နေတဲ့အချိန်မှာ ပြည်သူ‌တွေ အသိပညာ ‌ရော၊ နည်းပညာ‌ရော ခါးပြတ်ပြီး ကျန်ခဲ့မှာစိုးလို့ ညီညီညွတ်ညွတ်နဲ့ စု‌ပေါင်းလုပ်‌ဆောင်လုပ်တတ်လာ ‌အောင် အတတ်နိုင်ဆုံးကြိုးစားပြီး သင်ကြား‌ပေးပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြို့‌ဟောင်းရွာမှ သင်တန်းသား ‌စောရှကလည်း “ဒီလိုသင်တန်းမျိုး ကျ‌နော်တို့‌ဒေသမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ရှိမြန်မာ့နိုင်ငံ‌ရေးအ‌ခြေ‌နေ‌တွေ၊ အခင်းအကျင်း‌တွေ၊ သတင်းနဲ့ နည်းပညာအပိုင်း‌တွေ ‌ကျေးလက်မှာ ‌နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူ‌တွေရဲ့ ရပိုင်ခွင့်အခွင့်‌ရေး‌တွေ ဘယ်လိုအသုံးချရမလဲဆိုတာ‌တွေ ‌ခေါင်း‌ဆောင်မှုအပိုင်းမှာ စုစည်းမှုဖြစ်‌အောင် ဘယ်လိုလုပ်ရမလဲဆိုတာ‌တွေ သင်‌ပေးသွားတယ်”ဟု ‌ပြောသည်။

အဆိုပါသင်တန်းကို ဝင်း‌ရေးမြို့နယ်၊ ဝင်း‌ရော်‌ဒေသအ‌နေဖြင့် ပထမဦးဆုံးကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး လာမည့် နှစ်တွင်လည်း ဝင်း‌ရော်‌ဒေသတွင် အလားတူ သင်တန်းမျိုးကို ဆက်လက် ပြုလုပ်‌ပေးသွားရန်ရှိသည်ဟု သင်တန်းဖြစ်‌မြောက်‌ရေး စီစဉ်သူများက ‌ပြောသည်။