Home သတင်း ကရင်‌ကျောင်းဆရာများအတွက် ပညာ‌ရေးအဖွဲ့ ၃ဖွဲ့က ဆရာဖြစ်သင်တန်း ပူးတွဲဖွင့်လှစ်

ကရင်‌ကျောင်းဆရာများအတွက် ပညာ‌ရေးအဖွဲ့ ၃ဖွဲ့က ဆရာဖြစ်သင်တန်း ပူးတွဲဖွင့်လှစ်

2081
ဇွန်လ ၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ပညာ‌ရေးအဖွဲ့ ၃ခု ပူးတွဲ၍ ကရင်ပြည်နယ် ‌ဒေသအသီးသီးမှ ‌ကျောင်းဆရာ၊ ဆရာမ ၄၀‌ကျော် တက်‌ရောက်သည့် ခုနှစ်လကြာ ဆရာဖြစ်သင်တန်းတစ်ခုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ မယ်ပ‌ကျေးရွာရှိ လုပ်ငန်းခွင်အကြိုဆရာများ ‌လေ့ကျင့်‌ရေးဌာန (Teacher Preparation Center-TPC)တွင် ဇွန်လ ၆ရက်‌နေ့မှ စတင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါဆရာဖြစ်သင်တန်းကို ကရင်ပညာ‌ရေးဌာန KED၊ ကရင်‌ကျောင်းဆရာ၊ဆရာမများ လုပ်ငန်းအဖွဲ့-KTWG နှင့် Thabyay Education Foundation (သ‌ပြေပညာ‌ရေး ‌ဖောင်‌ဒေးရှင်း)တို့က ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ ဖွင့်လှစ်‌ပေးခြင်းဖြစ်သည်ဟု သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ အမှု‌ဆောင်ဒါရိုက်တာ ‌စောမျိုးမင်းသူက ယခုလို ‌ပြောသည်။

“မြန်မာနိုင်ငံရဲ့ ဖြစ်‌ပေါ်တိုးတက်‌ပြောင်းလဲ‌နေတဲ့ အ‌ခြေအ‌နေအ‌ပေါ်မှာ ‌ဒေသဆိုင်ရာ လိုအပ်ချက်အရ ကျ‌နော်တို့ ဒါကို ဖြည့် ဆည်းတဲ့သ‌ဘော ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ရဲ့ ‌ဝေးလံ‌ခေါင်ဖျားတဲ့ ‌ဒေသ‌တွေမှာ ပြည်တွင်းက ဆရာ‌တွေ မလာ နိုင်။ သင်ရိုးညွှန်းတမ်းလည်း မတူတဲ့အတွက် ဒီဆရာ၊ ဆရာမ‌တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုံ‌လောက်တဲ့ အရည်အချင်း‌တွေ ရှိလာဖို့ သင်တန်း‌ပေးတဲ့သ‌ဘော ဖြစ်ပါတယ်”ဟု ‌စောမျိုးမင်းသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖွင့်လှစ်သည့် ဆရာဖြစ်သင်တန်းတွင် ‌ကျောင်းတွင်း စီမံခန့်ခွဲမှု၊ ‌ကျောင်းသင်ခန်းစာ ပြင်ဆင်မှုများ စသည်တို့အပြင် ဘာ သာရပ်ဆိုင်ရာ တစ်ခုချင်းစီအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်သင်ကြားနိုင်‌အောင် ပို့ချ‌ပေးမည်ဖြစ်ပြီး သင်ကြားမှုအပိုင်းကို သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းနှင့် ကရင်ပညာ‌ရေးဌာနတို့မှ အဓိက တာဝန်ယူ သင်ကြား‌ပေးသွားမည် ဖြစ်သည်။

KTWG ဒါရိုက်တာ ဆရာမ‌နော်လယ်ထူးက “ဒီသင်တန်းက‌နေဆရာ၊ ဆရာမ‌တွေရဲ့အရည်အချင်းနဲ့ ပြည့်မှီလာ‌အောင် သင်ကြား ‌ပေးမှာဖြစ်သလို ဒီက‌နေ ‌မွေးထုတ်‌ပေးလိုက်တဲ့ ဆရာ၊ဆရာမ‌တွေအ‌နေနဲ့ သူတို့နဲ့ သက်ဆိုင်တဲ့‌ဒေသ‌တွေမှာ အထူးသဖြင့် ကရင်ပညာ‌ရေးလုပ်ငန်း‌တွေမှာ အများကြီး အကျိုးပြုလာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

ယင်းသင်တန်းသို့ တက်‌ရောက်သည့် ဆရာ၊ဆရာမများအ‌နေဖြင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ၎င်းတို့၏ နယ်‌မြေ‌ဒေသအ လိုက်သင်တန်းများ ပြန်လည်ပို့ချ‌ပေးရမည်ဟု သိရသည်။