Home သတင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို လူမှုအဖွဲ့အစည်းနှင့် ‌ဒေသခံလူထုတို့ ပူး‌ပေါင်းကျင်းပမည်

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို လူမှုအဖွဲ့အစည်းနှင့် ‌ဒေသခံလူထုတို့ ပူး‌ပေါင်းကျင်းပမည်

1455
ဇွန်လ ၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ယခုနှစ် ဇွန်လ ၅ရက်‌နေ့တွင် ကျ‌ရောက်မည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့(World Environment Day) ပညာ‌ပေး အစီအစဉ် ကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးလှုပ်ရှားမှုကွန်ရက်(KESAN) ဦး‌ဆောင်ပြီး ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ နယ်‌မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ‌စေဖိုးခီး‌ကျေးရွာတွင် ‌ဒေသခံလူထုများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူး‌ပေါင်းကျင်းပ သွားမည်ဟု KESAN ၏ ဖိတ်စာအရ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ လယ်ယာ‌မြေများနှင့် သဘာဝပတ်ဝန်းကျင်သစ်‌တောများကို ထိန်းသိမ်းကာကွယ်သွားရန်အတွက် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု KESAN ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာ‌ပေး‌ရေး စီမံကိန်းတာဝန်ခံ ‌စောဆာ ဒိုးဒို့မူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သစ်‌တော‌တွေ၊ ‌မြေယာ‌တွေ၊ မြစ်‌ချောင်း၊ အင်းအိုင်‌တွေက ကျ‌နော်တို့ ‌ဒေသခံ ကရင်‌တောင်သူ‌တွေအတွက် အရမ်းကို အ‌ရေး ကြီးပါတယ်။ အခု အပစ်ရပ်ပြီးတဲ့‌နောက်ပိုင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုက တအားများလာတယ်။ အဲ့ဒါ‌ကြောင့် ပူး ‌ပေါင်းလုပ်‌ဆောင်မှုနဲ့အတူ ‌ရှေးဘိုးဘွား‌တွေ လက်ထက်ကတည်းက လက်ဆင့်ကမ်း အ‌မွေ‌ပေးခဲ့တဲ့ ကျ‌နော်တို့နဲ့သက်ဆိုင်တဲ့ ဒီ လယ်‌မြေယာ‌မြေ သစ်‌တော‌တွေကို ထိန်းသိမ်းကာကွယ်သွားဖို့လိုတယ်”ဟု ၎င်းက ‌ပြောသည်။

ထိုအစီအစဉ်တွင် နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်‌ကျောင်း သားကွန်ရက်-KSNGနှင့် ကရင်ပညာ‌ရေးဌာန-KED အပြင် ‌ကေအဲန်ယူ ဗဟို သစ်‌တောဌာန၊ ဖားအံခရိုင်၊ ပိုင်ကျုံ မြို့နယ်သစ် ‌တောဌာနမှ တာဝန်ရှိသူများ၊ နယ်‌မြေခံ တာဝန်ရှိသူများ၊ ‌ဒေသခံလူထုများ ပါဝင်သွားမည်ဖြစ်ပြီး ဇွန်လ ၄ရက်‌နေ့တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပညာ‌ပေး ရုပ်သံများကို ပြသသွားခြင်း၊ ‌ဒေသခံများ မိမိနယ်‌မြေ၏ သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်‌ရေး နှင့် ထိန်းသိမ်းကာကွယ်‌ရေးအတွက် အကြံ‌ပေး ‌ဆွေး‌နွေးဖလှယ်မှုများ ပြုလုပ်သွားမည်ဟုလည်း ‌စောဆာဒိုးဒို့မူးက ဆက်‌ပြော သည်။

၎င်းအစီအစဉ်တွင် ပါဝင်မည့် KSNG မှ ‌စော‌စေးမူးက “ဒီလို အစီအစဉ်မျိုး‌တွေလုပ်တာက အရမ်းကို အကျိုးရှိပါတယ်။ ဘာဖြစ် လို့လဲဆို‌တော့ ‌ဒေသခံ ‌တောင်ယာသမား‌တွေက သူတို့ရဲ့ နယ်‌မြေမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ဖို့နဲ့ သူတို့ရဲ့လယ်‌မြေယာ‌မြေ‌တွေကို သူတို့ကိုယ်တိုင် လုပ်ကိုင်စား‌သောက်နိုင်ဖို့အ တွက် လှုပ်ရှား‌ဆောင်ရွက်‌ပေးတဲ့အတွက် ဖြစ်တယ်”ဟု ‌ပြောသည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို KESAN မှဦး‌ဆောင်ပြီး ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင် နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်‌နေ့ကို ‌ကေအဲန်ယူ နယ်‌မြေအပြင် ပြည်တွင်း‌နေရာအချို့တွင်လည်း ပြုလုပ်ကျင်းပရန်ရှိသည်ဟု သိရသည်။ KESAN သည် ကရင်ပြည်နယ်အတွင်း လူမှုဘဝလုံခြုံ‌ရေးကို မြှင့်တင်‌ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ ပညာ‌ပေး‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။