Home သတင်း OKYG ‌ထောက်ပံ့မှုဖြင့် ‌ဆောက်လုပ်‌သော ‌ကော့လှိုင်းရွာ ‌ကျောင်းစာသင်‌ဆောင်သစ် ဖွင့်လှစ်

OKYG ‌ထောက်ပံ့မှုဖြင့် ‌ဆောက်လုပ်‌သော ‌ကော့လှိုင်းရွာ ‌ကျောင်းစာသင်‌ဆောင်သစ် ဖွင့်လှစ်

1667

‌မေ ၂ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

နိုင်ငံတကာနှင့် ပြည်တွင်းကရင်လူငယ်များဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသည့် အွန်လိုင်းကရင်လူငယ်များအဖွဲ့-OKYG ၏ ‌ထောက်ပံ့မှုဖြင့် မွန်ပြည်နယ် သထုံမြို့နယ် ‌ကော့လှိုင်းရွာ၌ ‌ဆောက်လုပ်‌သော အရှည် ၁၀ဝ ‌ပေ၊ အကျယ် ၃ဝ ‌ပေရှိ မူလွန်‌ကျောင်း‌ဆောင်သစ်တစ်‌ဆောင်ကို ‌မေ ၁ရက်‌နေ့က အခမ်းအနားနှင့်အတူ ဖွင့်လှစ်ခဲ့သည်။

ပညာ‌ရေးအတွက် ‌ကျောင်း‌ဆောင်လိုအပ်‌နေ‌သော ‌ကော့လှိုင်းရွာအတွက် အဆိုပါ မူလွန်‌ကျောင်း‌ဆောင်ကို ၂၀၁၆-၂၀၁၇ ခုနှစ် စာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ယခုနှစ်ဆန်းပိုင်းက စတင်‌ဆောက်ကာ ယခုဆိုလျှင် ပြီးစီးပြီဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

‌ကျောင်း‌ဆောင်ဖွင့်လှစ်ပွဲတွင် OKYG ဥက္ကဌ စ‌ကျော်စိုးက “ဒီ‌ကျောင်း‌ဆောင်ကို ကျ‌နော်တို့ ‌ဆောက်လုပ်‌ပေး တယ်ဆို‌ပေမယ့် တိုင်းရင်းသား ပြည်တွင်းပြည်ပ ညီအစ်ကို‌တွေရဲ့ အလှူနဲ့ ရွာသား‌တွေရဲ့ လုပ်အားဒါနလည်း ပါတယ်။ အခု ‌ကျောင်း‌ဆောင်ပြီး‌ပေမယ့် ‌ဒေသတွင်းက က‌လေး‌တွေ ပညာဆုံးခန်းတိုင်‌အောင် ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်ရဦးမယ်။ ဒါမှ က‌လေး‌တွေ တတ်သိပညာ တိုးပွားလာပြီး ‌ဒေသဖွံ့ဖြိုးတိုးတက် လာမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျောင်း‌ဆောင်သစ်ဖွင်ပွဲ အခမ်းအနားသို့ KYOG အဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် တာဝန်ရှိသူများ၊ အစိုးရတာဝန်ရှိသူများနှင့် သထုံခရိုင် လွှတ်‌တော်ကိုယ်စားလှယ်များ၊ ‌ကျေးရွာ ရပ်မိရပ်များနှင့် ‌ဒေသခံရွာသူရွာသားများ စုစု‌ပေါင်း ၁၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

‌ကော့လှိုင်းရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ‌စောတင်မြင့်က “ဒီ‌ကျောင်းမှာ ကျ‌နော့် သားတစ်‌ယောက်၊ သမီးတစ်‌ယောက် ‌ကျောင်း‌နေ‌နေတယ်။ သူတို့ ၄ တန်း‌အောင်ရင် မြို့‌ကျောင်းထားဖို့ မတတ်နိုင်ဘူး‌လေ။ အခု ဒီရွာမှာတင် ၇တန်းအထိ ‌နေနိုင်‌တော့မယ်ဆို‌တော့ ဝမ်းသာတယ်။ ကျ‌နော့်သားသမီးတင် မကပါဘူး။ ‌ဘေးရွာ‌တွေ‌ကော၊ တစ်ရွာလုံးက ခ‌လေး‌တွေ‌ကော အဆင်‌ပြေသွားတာ‌ပေါ့ဗျာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

OKYG သည် ပညာ‌ရေးအတွက် လိုအပ်ချက် မြင့်မားသည့် ‌ဒေသဖြစ်သည့် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အပါအဝင် အခြားအကူအညီ‌တောင်းခံလာသည့် ‌ဒေသများသို့ ပညာသင်နှစ်တိုင်းအတွက် စာ‌ရေးကရိယာများလှူးဒါန်‌ပေးလျှက်ရှိသည်။ ထို့အပြင် OKYG သည် ပညာ‌ရေး ကိစ္စအပြင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က ‌ကော့ကရိတ်မြို့နယ် စစ်‌ဘေး‌ရှောင်များနှင့် ဧရာဝတီတိုင်းရှိ ‌ရေ‌ဘေးသင့် ပြည်သူများကို ကူညီခဲ့‌သေးသည်။

နိုင်ငံတကာ‌ရောက် စကင်္ာပူ၊ မ‌လေးရှား၊ ထိုင်း၊ ဂျပန်၊ ကိုးရီးယား၊ အ‌မေရိကန်မှ ကရင်လူငယ်များနှင့် မြန်မာနိုင်ငံရှိ ကရင်လူငယ်များ လူမှုကွန်ယက်မှတဆင့် ခင်မင်ရင်းနှီးကြရာမှ ပညာ‌ရေးခက်ခဲသည့် ‌ဒေသများအတွက် အကျိုးပြုရန်ရည်ရွယ်၍ OKYGအဖွဲ့ကို ၂၀၁၄ခုနှစ် မတ်လ ၂၁ရက်‌နေ့တွင် ချိတ်ဆက်ဖွဲ့စည်းခဲ့သည်။