Home သတင်း မင်းလွင်‌တောင်ကို ကာကွယ်သွားရန် ဆု‌တောင်းပွဲနှင့် သတင်းမျှ‌ဝေခြင်းပြုလုပ်

မင်းလွင်‌တောင်ကို ကာကွယ်သွားရန် ဆု‌တောင်းပွဲနှင့် သတင်းမျှ‌ဝေခြင်းပြုလုပ်

1687

ဧပြီ ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မင်းလွင်‌တောင်ကို ကာကွယ်သွားရန်အတွက် တက်ကြွလှုပ်ရှားသူနှင့် ‌ဒေသခံ များစု‌ပေါင်း၍ ဆု‌တောင်း ‌မေတ္တာပို့သခြင်းနှင့် သတင်းအချက်အလက် မျှ‌ဝေခြင်း အခမ်းအနားတစ်ရပ်ကို ဧပြီ ၂၉ ရက်‌နေ့က မင်းလွင်‌တောင်‌ခြေ ဝမ်းဘဲအင်း(နို့ထို့‌ဒေ့)‌ကျေးရွာ ‌တောရ‌ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

မင်းလွင်‌တောင်‌ဒေသရှိ ‌တော‌တောင်‌ရေ‌မြေ သတ္တဝါများ အဓွန့်ရှည် တည်တံ့‌စေရန်၊ ဘိလပ်‌မြေစက်ရုံ စီမံကိန်း ‌ကြောင့် ဖြစ်‌ပေါ်လာနိုင်‌သော ‌ကောင်းကျိုးဆိုးကျိုးများကို ‌ဒေသခံများ သိရှိ‌စေရန်နှင့် စီမံကိန်းနှင့် ပတ်သက်၍ ‌ဒေသခံများ၏ သ‌ဘောထားအမှန်ကို ‌ဖော်ပြနိုင်ရန် စသည့် အချက် ၃ ချက်ဖြင့် အဆိုပါ အခမ်းအနားကို ပြုလုပ်ခြင်းဖြစ်သည်ဟု စီစဉ်ဦး‌ဆောင်သူများက ‌ပြောသည်။

အခမ်းအနား၌ မင်းလွင်‌ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ ဥက္ကဌ ‌စောစံတင်က “ကျ‌နော်တို့ ဒီအခမ်းအနားလုပ်တာ မင်းလွင်‌တောင်ကို စု‌ပေါင်းကာကွယ်ကြဖို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်‌ပေါင်း များစွာကတည်းက ဒီ‌တောင်ကို ကျ‌နော်တို့ ‌ဒေသခံ‌တွေ မှီခိုအားထားရတဲ့ မရှိမဖြစ် လိုအပ်‌နေတဲ့ ‌တောင်ဖြစ်ပါ တယ်။ ဒီ‌တောင်ကို ဖျက်ဖို့ မည်သူမဆို အသက်‌ပေးပြီး‌တောင် ကာကွယ်သွားမယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနား၌ မင်းလွင်‌တောင်နှင့်ပတ်သက်၍ “ဘိလပ်‌မြေစက်ရုံ အလိုမရှိ” ကန့်ကွက်ဆိုင်းဘုတ်နှင့် “ကျွန်ုပ်တိုု့၏ ဖွံ့ဖြိုးမှုသည် ကျွန်ုပ်တို့ကိုယ်တိုင် ဆုံးဖြတ်မည်၊ ကျွန်ုပ်တို့၏ ဖွံ့ဖြိုးမှုသည် ‌တော‌တောင်ဇီဝနှင့် အတူ ‌နေထိုင်ခြင်း ဖြစ်သည်” စသည့် ‌ဆောင်ပုဒ်များဖြင့် ‌ဒေသခံများက ၎င်းတို့၏ ဆန္ဒအမှန်ကို ထုတ်‌ဖော်ခဲ့ကြသည်။

နံနက် ၇ နာရီမှ ‌နေ့လည် ၁၁ နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားတွင် ဆု‌တောင်းဝတ်ပြုပွဲနှင့် ‌ဟော‌ပြော ပွဲအစီအစဉ် ဟူ၍ နှစ်ပိုင်းပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံမြို့နယ် တာဝန်ရှိသူများ၊ အစိုးရ အာဏာပိုင်များ၊ မင်းလွင်‌တောင်ကာကွယ်‌ရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ မင်းလွင်‌တောင်‌ဒေသရှိ သံဃာ‌တော်များ၊ ‌ကျေးရွာတာဝန်ရှိသူများနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၂၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။
IMG_6841
အခမ်းအနား တက်‌ရောက်သည့် KNU သထုံမြို့နယ် ဥက္ကဌ ‌စော‌ကော်သဘ‌လေးက “‌ဒေသခံပြည်သူလူထု‌တွေ ဒီလို အခမ်းအနားလုပ်တာ ‌ကောင်းတယ်။ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်း လုပ်ဖို့ လက်ခံ၊ မခံကိစ္စ ဟာ ‌ဒေသခံ‌ပေါ် အဓိက မူတည်ပါတယ်။ ကျ‌နော်တို့က‌တော့ ‌ဒေသခံ‌တွေရဲ့ သ‌ဘောထားကို တန်ဖိုးထား တယ်။ သူတို့ဆန္ဒအတိုင်း ရပ်တည်‌ပေးမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မင်းလွင်‌တောင်သည် အထွက်အထိပ်ထားသည့် သမိုင်းဝင်‌တောင် ဖြစ်သလို အသက်ရှင်ရပ်တည်‌ရေး၊ သဘာဝ ‌ဘေးအန္တရာယ်ဒဏ် ကာကွယ်‌ရေးနှင့် မိရိုးဖလာ ကိုးကွယ်ယုံကြည်မှု စသည့်တို့အတွက် မရှိမဖြစ် လိုအပ်သည့် ‌တောင်ဖြစ်‌သော‌ကြောင့် စီမံကိန်း လာ‌ရောက်လုပ်ကိုင်မည့် မည်သူ့ကိုမဆို ကန့်ကွက်သွားမည် ဖြစ်သည်ဟုလည်း ‌ဒေသခံများက အခမ်းအနားတွင် သ‌ဘောထား‌ပေးကြသည်။

“ကျမတို့ ‌တောင်ကို (ဖြူမင်းထွန်း)ကုမ္ပဏီကို စမ်းသပ်ကာလ ခွင့်ပြုတာ ဒီ‌လေးလပိုင်း(ဧပြီ)ဆို ကုန်သွားပါပြီ။ ‌နောက်ဆို ဒီ‌တောင်ကို စီမံကိန်းလုပ်ဖို့ ဘယ်သူလာ‌ပြော‌ပြော ကျမတို့ နားမ‌ယောင်‌တော့ပါဘူး။ ကျမတို့ ‌ဒေသခံ‌တွေအားလုံး ပူး‌ပေါင်းပြီး ကျမတို့ရဲ့‌တောင်ကို ထာဝရ ကာကွယ်သွားမှာ ဖြစ်ပါတယ်”ဟု အခမ်းအနား တက်‌ရောက်သည့် ‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်‌နော‌နော်က ‌ပြောသည်။

မင်းလွင်‌ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ၏ ကြိုးပမ်းမှု‌ကြောင့် မင်းလွင်‌တောင် စီမံကိန်းနှင့်ပတ်သက်၍ ရပ်ဆိုင်းထားရန် ဆုံးဖြတ်သည့် စာတစ်‌စောင်ကို ဧပြီ ၂၂ ရက်‌နေ့က KNU စီးပွား‌ရေး ‌ကော်မတီ ဗဟိုမှ ဖြူမင်းထွန်းကုမ္ပဏီထံသို့ အသိ‌ပေးစာ ‌ပေးပို့ထားသည်။ ထို့အပြင် အဆိုပါ ‌ကော်မတီသည် မင်းလွင်‌တောင် စီမံကိန်း ဆက်မလုပ်‌တော့ရန်အတွက် မွန်ပြည်နယ် အစိုးရထံ စာ‌ပေးပို့သွားရန် အခမ်းအနား တွင် ဆုံးဖြတ်ခဲ့ကြသည်။