Home သတင်း ကရင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ရန်ကုန်နှစ်သစ်ကူး ဗဟို‌ကော်မတီမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောလှထွန်း ခန့်အပ်ခံရ

ကရင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ရန်ကုန်နှစ်သစ်ကူး ဗဟို‌ကော်မတီမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောလှထွန်း ခန့်အပ်ခံရ

2430
ဧပြီ ၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာ ရန်ကုန်)၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောလှထွန်းကို ကရင်ပြည်နယ် စာရင်းစစ်အချုပ်အဖြစ် ယ‌နေ့(ဧပြီ ၇ရက်‌နေ့) ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်နယ်လွှတ်‌တော် ၇ ရက်‌မြောက်‌နေ့အစည်းအ‌ဝေးတွင် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။

‌စောလှထွန်းသည် မည်သည့် နိုင်ငံ‌ရေးပါတီမှ ဝင်‌ရောက်ထား ခြင်းမရှိဘဲ ပညာရှင်တဦးအ‌နေဖြင့်သာ ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်ရန် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ပြည်နယ်စာရင်းစစ်ချုပ် ဖြစ်လာသူ ‌စောလှထွန်းက “ဒီ‌နေ့ လွှတ်‌တော်အစည်းအ‌ဝေးမှာ ကျ‌နော်ကတိသစ္စာပြု ပြီးသွားပါပြီ။ အခု ပြည်နယ်စာရင်းစစ်ရုံးက ဝန်ထမ်း‌တွေနဲ့ ‌တွေ့ဖို့ သွား‌နေပါတယ်။ လုပ်ငန်းတာဝန်‌တွေကို စတင်လုပ်‌ဆောင်‌နေပြီးလို့ ‌ပြောလို့ ရတယ်။ ကျ‌နော်အ‌နေနဲ့ အရိုးသားဆုံး တာဝန်ထမ်း‌ဆောင်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော်၊ စာရင်းစစ်ချုပ်ရုံးတွင် နှစ်‌ပေါင်း ၂ဝ ‌ကျော်ကြာ တာဝန်ထမ်း‌ဆောင်ပြီး ၁၉၉၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည့် ‌စောလှထွန်းသည် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို ‌ကော်မတီ (မဟာရန်ကုန်)တွင် နှစ်‌ပေါင်းသုံးဆယ်‌ကျော်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့သလို ပွဲ‌တော်ဖြစ်‌မြောက်‌ရေး အတွက် အဓိက အ‌ရေးပါသူတဦးလည်း ဖြစ်သည်ဟု ရန်ကုန် ကရင်အသိုင်းအဝိုင်းက ဆိုသည်။

ရန်ကုန်ကရင်နှစ်သစ်ကူး ဗဟို‌ကော်မတီ၊ ပြန်ကြား‌ရေးဆပ်‌ကော်မတီ ဥက္ကဌ ‌စောထီးမူးက “အတီး‌စောလှထွန်း က နှစ်သစ်ကူးဗဟို‌ကော်မတီမှာ အရမ်းအားကိုးရတဲ့သူ ဖြစ်တယ်။ အခုလို ဒီထက် အဆင့်မြင့်တဲ့ တာဝန်‌တွေ ထမ်း‌ဆောင်ရ‌တော့မှာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျ‌နော်တို့ ‌ကော်မတီ အ‌နေနဲ့လည်း အကယ်၍ သူမရှိ ‌တော့ရင် အင်အားအ‌တော်နည်းသွားမှာဖြစ်သလို ကျန်တဲ့သူ‌တွေက စည်းစည်းလုံးလုံးနဲ့ ဆက်လုပ်သွားကြရမှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်စာရင်းစစ်ချုပ် ဖြစ်လာသည့် ‌စောလှထွန်းသည် ကရင်ဝန်ထမ်း‌ဟောင်းမိသားစု လူမှု‌ရေးအသင်း၊ အမှု‌ဆောင်အဖွဲ့ စာရင်းစစ်အဖြစ် တာဝန်ယူထားသလို ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်‌ပေးခြင်း ခံထားလျှက်ရှိသည်။