Home သတင်း ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်း ပြည်နယ်နှင့်တိုင်း ၆ခုမှ ၈၀ဝဦးခန့်တက်‌ရောက်

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်း ပြည်နယ်နှင့်တိုင်း ၆ခုမှ ၈၀ဝဦးခန့်တက်‌ရောက်

1588

မတ် ၃၁ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်၊ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ဖွင့်လှစ်သည့် ၄၆ ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာ ဖြစ်သင်တန်းကို ဖားအံမြို့နယ်၊ ကရင်‌ကျောင်းသားများရိပ်သာ၌ မတ်လ ၃ဝရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ပြည်နယ်နှင့် တိုင်း ‌ဒေသကြီး ၆ခုမှ သင်တန်းသူ၊ သင်တန်းသား ၈၀ဝခန့် တက်‌ရောက်လျှက်ရှိသည်ဟု သင်တန်းတာဝန်ခံများက ‌ပြောသည်။

အဆိုပါသင်တန်းက ‌မွေးထုတ်‌ပေးလိုက်သည့် ဆရာ၊ ဆရာမများအ‌နေဖြင့် ‌နောင်အနာဂတ်တွင် အစိုးရ အသိအမှတ်ပြု တရား ဝင် လစာရ‌သော ကရင်စာသင် ဆရာ၊ ဆရာမများ ‌မွေးထုတ်‌ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်း‌စော‌အေးမြက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“တိုင်းရင်းသားစာ‌ပေ‌တွေကို အ‌ခြေခံပညာ မူလတန်း‌ကျောင်း‌တွေမှာ သင်ကြားနိုင်‌အောင် ဆရာ၊ ဆရာမ‌တွေ လိုအပ်‌နေတာ အများကြီးပဲ။ အဲဒီ‌တော့ ဆရာ၊ ဆရာမ‌တွေကို ဒီသင်တန်းက‌နေတဆင့် ‌မွေးထုတ်‌ပေးဖို့ပါ။ ‌နောင်တချိန်ကျရင်လည်း သူတို့‌တွေ ကို နိုင်ငံ‌တော်က ပံ့ပိုး‌ပေးနိုင်မယ့် လခစား‌တွေ ဖြစ်‌အောင် ကြိုးစားဖို့ ရည်ရွယ် ထားပါတယ်”ဟု မန်း‌စော‌အေးမြက ‌ပြောဆို သည်။

မတ်လ ၃ဝရက်မှ ဧပြီလ ၁၂ရက်‌နေ့အထိ ဖွင့်လှစ်ပို့ချ‌ပေးသည့် ၎င်းသင်တန်း၌ စာ‌ပေနှင့် ယဉ်‌ကျေးမှုတို့ကို အဓိကထားကာ သင်ကြား‌ပေးသွားမည်ဖြစ်ပြီး စာ‌ပေကဏ္ဍတွင် အ‌ရှေ့ပိုး(ဖလုံ)၊ စ‌ကောကရင်စာ နှစ်မျိုးနှင့် ယဉ်‌ကျေးမှုကဏ္ဍတွင် ဒုံးအက၊ ကရင်ကဗျာလကင်္ာဖွဲ့နည်းနှင့် အတီးအမှုတ်များ ပါဝင်မည်ဟု သင်တန်းတာဝန်ခံများထံမှ သိရသည်။

ယခုသင်တန်းတွင် ကရင်ပြည်နယ် အပါအဝင် ‌နေပြည်‌တော်၊ သျှမ်း(ရှမ်း)ပြည်နယ်‌တောင်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနသင်္ာရီ တိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းက သင်တန်းသူ၊ သင်တန်းသား ဆရာ/မ‌လောင်းများ တက်‌ရောက်‌နေကြခြင်းဖြစ်သည်။ ထို့အပြင် သင်တန်းတက်‌ရောက်ရန် ‌နေရာအခက်ခဲ‌ကြောင့် ဖားအံနှင့် လှိုင်းဘွဲ အနီးဝန်းကျင်ရှိ သင်တန်းသူ၊ သင်တန်းသား ဦး‌ရေများအား ‌လျော့ချခဲ့ရကာ ‌နေပြည်‌တော်၊ ဧရာဝတီနှင့် ရန်ကုန်တို့မှ သင်တန်းသူ၊ သင်တန်းသားများကို ကန့်သတ်ခြင်းမရှိ တက်‌ရောက်‌စေခဲ့သည်ဟု မန်း‌စော‌အေးမြက ဖြည့်စွက်‌ပြောသည်။

သျှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်‌လောင်မြို့နယ်၊ ‌တောင်ကျ‌ကျေးရွာမှ ကရင်ဖြူမျိုးနွယ် ‌နော်စံပယ်ဦးက “သင်တန်းကို လာတက်ရ တဲ့ ရည်ရွယ်ချက်က ကိုယ့်ဓ‌လေ့ရိုးရာ မ‌ပျောက်ပျက်‌အောင်ပါ။ ‌နောက်ပြီး‌တော့ ကိုယ်မသိတာ‌တွေ သိရ‌အောင်၊ ဗဟုသုတ လည် ရ‌အောင် လာတက်တာပါ။ သင်တန်းပြီးသွားရင် ကရင်ဖြူ ‌ဒေသမှ စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌တွေကို ပြန်ပို့ချသွားမှာပါ”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် စာ/ယဉ်မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်းကို ၁၉၆၈-၆၉တွင် ပထမဆုံးအကြိမ် ကရင်ပြည်နယ်၊ ဖားအံမြို့၊ ‌အောက်‌ရေတံခွန်၌ စတင်ဖွင့်လှစ်ခဲ့ပြီး‌နောက် ယခုအချိန်အထိ နှစ်စဉ်နီးပါး ဆရာဖြစ်သင်တန်း ဖွင့်လှစ်နိုင်ခဲ့‌ကြောင်း စာ/ယဉ်တာဝန်ရှိသူများထံမှ သိရသည်။