Home သတင်း အစိုးရသစ် ကျမ်းကျိန်ပွဲ ၃၀၀၀‌ကျော် တက်‌ရောက်

အစိုးရသစ် ကျမ်းကျိန်ပွဲ ၃၀၀၀‌ကျော် တက်‌ရောက်

2247

မတ် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ (‌ကေအိုင်စီ)

ယ‌နေ့နံနက် ၁ဝနာရီတွင် ‌နေပြည်‌တော် ပြည်‌ထောင်စုလွှတ်‌တော်တွင် ပြုလုပ်သည့် သမတနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်‌ထောင် စုအဆင့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ခုံရုံးအဖွဲ့ဝင်များ ကျမ်းကျိန်ပွဲ အခမ်းအနား သို့ နိုင်ငံတစ်ဝှမ်းလုံးမှ ‌လေ့လာသူဧည့်သည်‌တော် ၃၀၀၀‌ကျော်ရှိပြီး ပြည်‌ထောင်စုလွှတ်‌တော်သို့ နံနက် ၇နာရီထဲက လာ‌ရောက် မှုရှိ‌ကြောင်း ‌နေပြည်‌တော် ပြည်‌ထောင်စုလွှတ်‌တော်သို့ ‌လေ့လာ‌ရေး‌ရောက်ရှိ‌နေသည့် ‌ကေအိုင်စီဝန်ထမ်းတဦးက သတင်း‌ပေးပို့ သည်။

သမ္မတ ဦးထင်‌ကျော် အစိုးရသစ်လက်ထက်တွင် ဒုဝန်ကြီးများ မထားရှိ‌တော့‌ကြောင်း NLD လွှတ်‌တော်ကိုယ်စားလှယ်များထံမှ သိရသည်။