Home သတင်း KNU နှင့် က‌မ္ဘောဒီးယားရှိ CPCS အဖွဲ့တို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေး

KNU နှင့် က‌မ္ဘောဒီးယားရှိ CPCS အဖွဲ့တို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေး

2167

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း ဦး‌ဆောင်‌သော အဖွဲ့ဝင် ၄ဦးသည် ‌ဖေ‌ဖော် ဝါရီ ၂ရက်မှ ၄ရက်‌နေ့အထိ က‌မ္ဘောဒီးယားနိုင်ငံသို့ သွား‌ရောက်ခဲ့ကာ Central for Peace and Conflict Studies (CPSC) အဖွဲ့ နှင့် ‌တွေ့ဆုံခဲ့ကာ လက်ရှိ ‌ဖော်‌ဆောင်‌နေဆဲဖြစ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကျိုးပြုနိုင်‌ရေးကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ယင်းခရီးစဉ်အ‌ပေါ် ပဒို‌စောကွယ်ထူးဝင်းက “အဲဒီအဖွဲ့က လက်ရှိလည်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေနဲ့ ပတ်သက်ပြီး သူတို့ အကူအညီ‌ပေး‌နေတဲ့ အဖွဲ့ဖြစ်တယ်။ ဒီ‌တော့ ‌ရှေ့ဆက် ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်သွားကြမလဲဆိုတာကို ‌ဆွေး‌နွေးဖို့ သွား ‌ရောက်ခဲ့တာဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ခရီးစဉ်သည် KNU ကိုယ်စားလှယ်အဖွဲ့၏ ပထမဆုံး က‌မ္ဘောဒီးယားနိုင်ငံခရီးစဉ်ဖြစ်ပြီး CPCS မှ Executive Director Ms. Emma နှင့် ‌တွေ့ဆုံကာ NCA နှင့် ငြိမ်ချမ်း‌ရေးလုပ်ငန်းစဉ်များ ‌ဖော်‌ဆောင်ရာတွင် လိုအပ်သည့် အသိပညာ အတတ်ပညာရပ် ဆိုင်ရာ သင်တန်းများ ပို့ချ‌ပေး‌ရေး အစီအစဉ်များကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း KNU က ‌ပြောသည်။

ထိုသို့ ‌ဆွေး‌နွေးကြရာတွင် Central for Peace and Conflict Studies အဖွဲ့အ‌နေဖြင့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသား ပြန်လည်သင့် မြတ်‌ရေး အကူအညီ‌ပေး‌ရေး အစီအစဉ်များဆိုင်ရာ အသိပညာ အတတ်ပညာ‌ပေး သင်တန်းများအပြင် ၎င်းနှင့်ဆက်စပ်သည့် ရုံး ဖွင့်လှစ်နိုင်‌ရေးအတွက် ဆက်လက်ကူညီ‌ပေးသွားမည့် သ‌ဘောတူညီမှုရရှိခဲ့‌ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့များထံမှ သိရ သည်။

ကရင့်‌ရေးရာ‌ကော်မတီ KAC မှ လူငယ်တာဝန်ခံ ‌နော်အဲ့‌ဖောဝါးက “ကျမတို့ DKBA ဧရိယာမှာ‌တောင် ဒီလို သင်တန်းမျိုး ‌ပေးဖူး ပါတယ်။ ဒီအလုပ်က အမြဲလုပ်ရမယ့်အလုပ်ပါ။ ပဋိပက္ခဆိုတာ တစ်ခုပြီးတာနဲ့ မတူတဲ့ အခြားပြဿနာ‌ပေါ်လာပြန်‌တော့ အမြဲ လုပ်သင့်တယ်။ ကွဲပြား‌နေတဲ့ ကိုယ့်ကရင်အဖွဲ့အစည်း‌တွေအတွက်လည်း အ‌ထောက်အကူပြုပါတယ်״ဟု သုံးသပ်‌ပြောဆိုသည်။

CPCS အဖွဲ့သည် က‌မ္ဘောဒီးယားနိုင်ငံအပြင် အခြား‌သော အ‌ရှေ့‌တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များဆိုင်ရာ အသိအမြင်ဖွင့်သင်တန်းများကို အဓိကထား လုပ်‌ဆောင်‌နေပြီး မြန်မာနိုင်ငံ တွင်မူ ၂၀၁၁ခုနှစ်မှစတင်ကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အကူအညီ‌ပေးမှုများကို ထဲထဲဝင်ဝင် လုပ်‌ဆောင်လာခဲ့ခြင်းဖြစ်သည်။