Home သတင်း တပ်သိမ်း‌မြေ ၆၈၇ဧက ပြန်‌ပေးရန် ပု‌လောမြို့နယ် ဝါးဇွင်းအုပ်‌ကျေးရွာရှိ ‌ဒေသခံများ‌တောင်းဆို

တပ်သိမ်း‌မြေ ၆၈၇ဧက ပြန်‌ပေးရန် ပု‌လောမြို့နယ် ဝါးဇွင်းအုပ်‌ကျေးရွာရှိ ‌ဒေသခံများ‌တောင်းဆို

2935

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပု‌လောမြို့နယ်၊ ပ‌လောက်မြို့ခွဲ၊ အမှတ်(၄)ရပ်ကွက်ရှိ ဝါးဇွင်းအုပ်‌ကျေးရွာတွင် အမှတ်(၁၂) တပ်မ‌တော်တန်းမြင့် ‌လေ့ကျင့်‌ရေး‌ကျောင်းမှ သိမ်းယူထားသည့် ဥယျာဉ်ခြံ‌မြေ ၆၈၇.၁၃ဧကကို မူလပိုင်ရှင်များထံ ပြန် စွန့်လွှတ်‌ပေးရန် ‌ဒေသခံများက တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်(ကာချုပ်)ထံ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် စာ‌ရေး ‌တောင်းဆိုလိုက်သည်ဟု ‌ဒေသခံတဦးဖြစ်သူ ‌စောဆဲက‌ပေါဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “သိမ်းထားတဲ့အ‌ပေါ် ပြန်‌ပေးဖို့ ကျ‌နော်တို့ ကာကွယ်‌ရေးဦးစီးချုပ်ဆီကို ‌ဖေ‌ဖော်ဝါရီ ၄ရက်‌နေ့က စာတင်လိုက် တယ်။ အဲ့ဒီစာကို တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ ဌာနအသီးသီးကို‌ရော၊ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးကို‌ရော၊ ‌နောက် ငြိမ်းချမ်း‌ရေးစင်တာ၊ NLD ပါတီနဲ့ ကရင်‌ရေးရာဝန်ကြီးတို့ကိုပါ တင်ထားတယ်။ အ‌ကောင်းဆုံး လုပ်‌ပေးကြမယ် လို့ ‌မျှော်လင့်တယ်”ဟု ယ‌နေ့ ‌ပြောသည်။

အဆိုပါ ဥယျာဉ်ခြံ‌မြေများကို အမှတ်(၁၂) တပ်မ‌တော်တန်းမြင့်‌လေ့ကျင့်‌ရေး‌ကျောင်း(တတက)မှ ၂၀၀၁ခုနှစ်အတွင်း က လာ‌ရောက်သိမ်းယူခြင်းဖြစ်ကာ ၂၀၀၁မှ ၂၀၀၆ခုနှစ်အထိ ယင်းသင်တန်း‌ကျောင်းအုပ်ကြီးထံ ‌ကျေးရွာအုပ်ချုပ်‌ရေး မှူးမှတဆင့် တနှစ်လျှင် ကျပ်သိန်း ၂၀‌ပေးသွင်းကာ ဥယျာဉ်ခြံလုပ်ငန်း ဆက်လက် လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ‌မြေသိမ်း ခံရသည့် ရွာသားများက ‌ပြောသည်။

ထို့အပြင် ၂၀၁၂ခုနှစ်၊ ဇွန် ၂၂ရက်‌နေ့တွင် အမှတ်(၁၂) တပ်မ‌တော်တန်းမြင့်‌လေ့ကျင့်‌ရေး‌ကျောင်း၊ ‌ကျောင်းအုပ်ကြီး ‌ဇော်သင်းမြင့်ဆိုသူက မူလခြံပိုင်ရှင်များကို တပ်ပိုင်‌မြေအား ဝင်‌ရောက်ကျူး‌ကျော်ပါက ရွာမှ ‌မောင်းထုတ်ပြီး ‌သေနတ် နှင့် ပစ်သတ်မည်ဟု ခြိမ်း‌ခြောက်‌ပြောဆိုကာ တပ်ပိုင်‌မြေဖြစ်‌ကြောင်းကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။
09
‌မြေသိမ်းယူခံထားရသည့် ‌ဒေသခံဥယျာဉ်ခြံ ပိုင်ရှင်တဦးဖြစ်သူ ‌စောထူးအယ်မူးက “အသိမ်းခံရတဲ့ထဲမှာ ကျ‌နော့်‌မြေ ၄ ဧက‌ကျော် ပါတယ်။ အခု ကွမ်းပင်၊ ဓညင်းပင်၊ သီဟိုဠ်ပင်စိုက်ထားတယ်။ ကျ‌နော်တို့‌နေတဲ့‌နေရာနဲ့ တတက ၁၂နဲ့က ‌တောင်တစ်လုံး ခြားတယ်။ ကျ‌နော်တို့ ပြန်လိုချင်တာ ‌တောင်ရဲ့ဒီဘက်အခြမ်းပဲ။ ဟိုးဘက်အခြမ်းမှာဆို သူတို့ ဧက ၃၀၀၀‌ကျော် ရှိတာပဲ။ အခု‌တောင်ကို‌ကျော်ပြီး ဧက ၆၀၀‌ကျော် အသိမ်းခံရတာ။ တခြား‌နေရာ‌တွေမှာလည်း ပြန်‌ပေး‌နေ ‌တော့ ကျ‌နော်တို့လည်း ပြန်လိုချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဥယျာဉ်ခြံ‌မြေများ‌ပေါ်တွင် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းပင်၊ ဓညင်းပင်၊ သီဟိုဠ်ပင်၊ ကြက်‌မောက်ပင်၊ ဒူးရင်းပင်နှင့် မင်းကွတ်ပင်တို့ကို စိုက်ပျိုးထားပြီး ဥယျာဉ်ခြံလုပ်ငန်းဖြင့် မိသားစု စားဝတ်‌နေ‌ရေး ‌ဖြေရှင်း‌နေရသည့်အတွက် ပြန်လို ချင်သည်ဟု မူလခြံပိုင်ရှင်များက ‌ပြောသည်။

အသိမ်းခံရသည့် ‌မြေ ၆၀ဝဧက‌ကျော်မှာ လယ်သမား ၄၉ဦး၏ ခြံ‌မြေများဖြစ်ပြီး မိသားစုဝင် ၃၀ဝဦး‌ကျော် ‌နေထိုင် လျှက်ရှိသည်။ ၎င်းတို့သည် လွန်ခဲ့သည့် နှစ် ၂၀ဝခန့်ကတည်းက ဘိုးစဉ်‌ဘောင်ဆက် ‌နေထိုင်လာကာ ဥယျာဉ်ခြံလုပ် ငန်းကိုလည်း လုပ်ကိုင်လာခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။