Home သတင်း ယာဉ်မ‌တော်တဆမှုများ‌ကြောင့် ‌ခြေတုလက်တု တပ်ဆင်ရသူများလာ

ယာဉ်မ‌တော်တဆမှုများ‌ကြောင့် ‌ခြေတုလက်တု တပ်ဆင်ရသူများလာ

3375

ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စု၊ တဝန်သံ‌ကျေးရွာ၌ ဖွင့်လှစ်ထားသည့် ဖားအံ ‌ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်း‌ရေးဌာနသို ့ ယခု‌နောက်ပိုင်း ယာဉ်မ‌တော်တဆမှုများ‌ကြောင့် ‌ခြေတုလက်တု လာ‌ရောက်တပ်ဆင်သူ များလာ သည်ဟု ယင်းဌာန၏မန်‌နေဂျာ ‌ဒေါ်‌ကျော့သီတာ‌အောင်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “ကရင်ပြည်နယ်မှာ သိတဲ့အတိုင်းပဲ။ အရင်က မငြိမ်းချမ်းတဲ့‌နေရာဖြစ်တယ်။ ဒါ‌ကြောင့် ‌ခြေတုလက်တုဌာနကို ကရင် ပြည်နယ်မှာ လာဖွင့်တာဖြစ်တယ်။ အရင်က စစ်‌ဘေးဒဏ်‌ကြောင့် စစ်မှုထမ်း‌ဟောင်း‌တွေ လာတာများတယ်။ ဒါ‌ပေမယ့် အခု ‌တော့ ကား၊ ဆိုင်ကယ် မ‌တော်တဆမှု‌တွေ‌ကြောင့် လာတာပိုများလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံ ‌ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်း‌ရေးဌာနကို မြန်မာနိုင်ငံကြက်‌ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီ အသင်းတို့က ပူး‌ပေါင်းဖွင့်လှစ်‌ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ‌တောင်ပိုင်း ကရင်၊ မွန်နှင့် ကယား (ကရင်နီ) ပြည်နယ်၊ တနသင်္ာ ရီနှင့် ပဲခူးတိုင်း‌ဒေသကြီးများမှ မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်‌ပေးထားခြင်းဖြစ်‌ကြောင်း ၎င်းဌာနထံမှ သိရသည်။

မွန်ပြည်နယ်မှ မသန်စွမ်းသူအဖြစ် လာ‌ရောက်သည့် အသက် ၁၈နှစ်အရွယ် မယမုံဇင်က “ဒီဌာနကိုလာ‌ရောက်တာက သမီး ‌ခြေတုလာတပ်ချင်လို့ပါ။ သမီး‌ခြေ‌ထောက်ပြတ်တာ ၁နှစ်‌ကျော်သွားပြီး။ ကားနဲ့ဆိုင်ကယ်နဲ့တိုက်လို့ သမီး ‌ခြေ‌ထောက်တစ်ဖက် မရှိ‌တော့ဘူး။ အခုဒီဌာနမှာလာတာ ရက် ၂၀‌လောက်ပဲရှိ‌သေးတယ်။ ‌ခြေ‌ထောက်မတပ်ရ‌သေးဘူး။ ဆရာမ‌တွေက စစ်‌ဆေး တုန်း။ ဒီမှာလာတာက ဘာမကုန်ဘူး။ သူတို့အားလုံးစီစဉ်‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
IMGP2346
အဆိုပါဌာနက မြန်မာပြည်‌တောင်ပိုင်းရှိ ‌ခြေလက်အဂင်္ါမသန်စွမ်းသည့် မည်သူမဆို ‌ခြေတုလက်တုတပ်ဆင်‌ပေးခြင်းနှင့် မသန် စွမ်းသူများအတွက် အ‌ထောက်ကူအားပြုကိရိယာများကိုလည်း ထုတ်‌ပေးသည့်အပြင် ရပ်‌ဝေး‌ဒေသမှ မလာ‌ရောက်နိုင်သည့် မသန်စွမ်းသူများကိုလည်း ၎င်း‌ခြေတုလက်တုဌာနမှ ကွင်းဆင်းကာ သွား‌ရောက်တပ်ဆင်ခြင်းများလည်း လုပ်‌ဆောင်‌ပေးလျှက် ရှိသည်။

ထို‌နေ့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့၏ ‌ခြေတုလက်တုဆိုင်ရာ ပြပွဲသို့ ကရင်ပြည်နယ်မှ အစိုးရ မဟုတ်သည့်အဖွဲ့များ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌ဒေသခံလူထု အပါအဝင် လူပရိဿတ် ၂၀ဝခန့် လာ‌ရောက်‌လေ့လာ ကြည့်ရှုခဲ့ကြပြီး ၎င်းဌာနက ‌ခြေတုလက်တု ထုတ်လုပ်ပုံ၊ မသန်စွမ်းသူအတွက် တပ်ဆင်‌ပေးပုံနှင့် ဝန်‌ဆောင်မှု ပြုလုပ်‌ပေးပုံ များကို ဗီဒိုယိုနှင့် ဓာတ်ပုံမှတ်တမ်းများကို ပြပွဲလာ‌ရောက်သူများအား ရှင်းလင်းခဲ့ကြသည်။

ဖားအံ ‌ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်း‌ရေးဌာနကို၂၀၀၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ‌ခြေတုလက်တု နှင့် မသန်စွမ်းအ‌ထောက်ကူပြု ကိရိယာလာ‌ရောက်တပ်ဆင်သူ ၅,၀၀ဝဦး‌ကျော်ပြီးဖြစ်သည်။ ထို့အပြင် ဌာနအ‌နေဖြင့် ဒီဇင်ဘာ လ ၃ရက်‌နေ့တွင်ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့တွင် ‌ခြေတုလက်တုဆိုင်ရာ ပြပွဲများကို (၂)နှစ်တစ် ကြိမ် ပြုလုပ်‌လေ့ရှိ‌ကြောင်း ဌာနတာဝန်ခံများထံမှ သိရသည်။