Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံ ကျန်းမာ‌ရေးဋ္ဌာနဝန်ကြီး နယ်စပ်ကျန်းမာ‌ရေးအတွက် မယ်‌တော်‌ဆေးခန်း သွား‌ရောက်‌လေ့လာ

ထိုင်းနိုင်ငံ ကျန်းမာ‌ရေးဋ္ဌာနဝန်ကြီး နယ်စပ်ကျန်းမာ‌ရေးအတွက် မယ်‌တော်‌ဆေးခန်း သွား‌ရောက်‌လေ့လာ

1947

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ကျန်းမာ‌ရေးဋ္ဌာနဝန်ကြီး ‌ဒေါက်တာပီယပ်စကွန် စကိုစတ်တရားထွန် (Dr. Piyasakon Sakolsattayatorn) ဦး ‌ဆောင်‌သော ကျန်းမာ‌ရေးအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ကျန်းမာ‌ရေးကို အခမဲ့ ဝန် ‌ဆောင်မှု‌ပေး‌နေ‌သော မယ်‌တော်‌ဆေးခန်းသို့ ယ‌နေ့ မွန်းလွဲပိုင်းတွင် သွား‌ရောက်‌လေ့လာခဲ့သည်။

ထိုင်းကျန်းမာ‌ရေးဝန်ကြီး ‌ဒေါက်တာ ပီယပ်စကွန်နှင့် အဖွဲ့သည် ယ‌နေ့ နိုဝင်ဘာ ၃ရက်‌နေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မဲ‌ဆောက်‌ဆေးရုံသစ်ကြီး ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်‌ရောက်ခဲ့ပြီး‌နောက် မွန်းလွဲ ၁နာရီခွဲအချိန်တွင် မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်ကာ ‌ဆေးခန်းတည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်အား ‌တွေ့ဆုံ၍ မယ်‌တော်‌ဆေးခန်း၏ ကျန်းမာ‌ရေး ဝန် ‌ဆောင်မှု အ‌ခြေအ‌နေများကို မိနစ် ၃ဝကြာ ‌ဆွေး‌နွေး‌ပြောဆိုခဲ့ကြသည်။

ယင်း‌တွေ့ဆုံမှုနှင့်ပတ်သက်၍ မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်က “အစိုးရ အ‌ပြောင်းအလဲမှာ‌ပေါ့‌နော်။ ကျန်းမာ‌ရေးလုပ်ငန်း‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မယ့် လုပ်ငန်း‌တွေကို ဘယ်လိုရှိလဲဆိုတာကို ‌မေးမြန်းတယ်။ လက်ရှိနယ်စပ် မှာရှိတဲ့ ကျန်းမာ‌ရေးလုပ်ငန်း‌တွေမှာ ပြည်တွင်းနဲ့ ဆက်စပ်‌ဆောင်ရွက်မှု‌တွေ ဘယ်လိုရှိလဲဆိုတာ ‌လေ့လာ‌မေးမြန်းတာလည်း ဖြစ်ပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ကျန်းမာ‌ရေးဝန်ထမ်းများအ‌နေဖြင့် မိမိရပ်ရွာ၌ ကျန်းမာ‌ရေး ဝန်‌ဆောင်မှုများကို ပြန်လည်လုပ်‌ဆောင်နိုင်ရန် ၎င်းတို့ကျွမ်းကျင်မှုများကို တရားဝင် အသိအမှတ်ပြု‌ပေး‌ရေး ‌ဆောင်ရွက်ရန်ရှိသလို ‌ဆေးရုံတစ်ခုမှ တစ်ခုသို့ လူနာလွှဲ‌ပြောင်းမှုစနစ် အဆင့်ဆင့် အား‌ကောင်း‌အောင် ဆက်လက်‌ဆောင်ရွက်ရန်လည်း လိုအပ်‌ကြောင်း ထိုင်းကျန်း မာ‌ရေးဝန်ကြီးအား ပြန်လည်ချပြခဲ့သည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။
DSC04318
ထိုင်းနိုင်ငံ ကျန်းမာ‌ရေးဝန်ကြီးနှင့် အဖွဲ့ဝင် ၂၀‌ကျော်သည် မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံရာ ၌ လက်ရှိ ‌ဆေးခန်းကျန်းမာ‌ရေး ဝန်‌ဆောင်မှုအ‌ခြေအ‌နေအပြင် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားနှင့် နယ်စပ်ဖြတ်‌ကျော်၍ လာ‌ရောက် ‌ဆေးကုသမှုအ‌ခြေအ‌နေ၊ ‌ဆေးခန်း‌ပြောင်း‌ရွှေ့‌ရေးနှင့် ကျန်းမာ‌ရေးလုပ်ငန်းများ ပူး‌ပေါင်း‌ဆောင်ရွက်မှု အ‌ခြေအ‌နေတို့ကို အပြန် အလှန် ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ထိုင်း-မြန်မာနှစ်နိုင်ငံ ဆက်သွယ်ထား‌သော ချစ်ကြည်‌ရေးတံတား ထိုင်းဘက်ခြမ်းရှိ Quarantine (‌ရောဂါပိုး ထိန်းချုပ်စစ်‌ဆေး‌ရေး‌နေရာ)သို့ သွား‌ရောက်စစ်‌ဆေးခဲ့သည်။

ယခုခရီးစဉ်အ‌ပေါ် ထိုင်းကျန်းမာ‌ရေးဝန်ကြီး ‌ဒေါက်တာပီယပ်စကွန်က “အခုချိန်မှာ‌တော့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေပဲ ရှိ‌သေး တယ်။ မကြာခင်မှာ AEC စတင်‌တော့မယ်ဆို‌တော့ ‌ရွှေ့‌ပြောင်း‌ကော၊ ခရီးသွား‌ကော လူဦး‌ရေများလာတဲ့အခါမှာ ‌ရောဂါမျိုးစုံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလာမယ့်အ‌ပေါ် ထိုင်းနိုင်ငံထဲကို ဝင်လာမယ့်‌ရောဂါ‌တွေကို ဘယ်လိုထိန်းချုပ်သွားမလဲဆိုတာ နယ်စပ် မှာရှိတဲ့ Quarantine ‌နေရာကို လာ‌ရောက်ကြည့်ရှုတာဖြစ်တယ်״ဟု သတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် ‌ကျေးလက်‌ဒေသရှိ မြန်မာပြည်သူလူထု၏ ကျန်းမာ ‌ရေးကို အခမဲ့ ဝန်‌ဆောင်မှု‌ပေး‌နေ‌သော မယ်‌တော်‌ဆေးခန်းနှင့် ထိုင်းကျန်းမာ‌ရေးဋ္ဌာန လက်‌အောက်ရှိ မဲ‌ဆောက်‌ဆေးရုံကြီးတို့ သည် ‌ဝေဒနာပြင်းထန်‌သော ‌ရောဂါများ လူနာလွှဲ‌ပြောင်းမှုနှင့် ကူးစက်‌ရောဂါများ ထိန်းချုပ်‌ရေးလုပ်ငန်းများကို ပူး‌ပေါင်းလုပ် ‌ဆောင်လျှက်ရှိသည်။

ထိုင်းနိုင်ငံ ကျန်းမာ‌ရေးဝန်ကြီး ‌ဒေါက်တာ ပီယပ်စကွန်သည် ကျန်းမာ‌ရေး ဝန်ကြီးမဖြစ်ခင်က မဲ‌တော်‌ဆေးခန်းသို့ လာ‌ရောက်ခဲ့ ဖူး‌သော်လည်း ကျန်းမာ‌ရေးဝန်ကြီးအ‌နေဖြင့် ပထမဦးဆုံးအကြိမ် လာ‌ရောက်ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် မွန်းလွဲပိုင်း ၃နာရီခန့် တွင် မဲ‌ဆောက်မှ ဘန်‌ကောက်သို့ ‌လေယာဉ်ခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။