Home သတင်း BGF နှင့် ထုတ်ပယ်ခံထားရသည့် DKBA ဗိုလ်နားမကြားအဖွဲ့ ပစ်ခတ်မှုဖြစ်ပွား (သတင်းတို)

BGF နှင့် ထုတ်ပယ်ခံထားရသည့် DKBA ဗိုလ်နားမကြားအဖွဲ့ ပစ်ခတ်မှုဖြစ်ပွား (သတင်းတို)

1983
နိုဝင်ဘာ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ တတန်ကူး‌ကျေးရွာအုပ်စု၊ ပျားပင်ကွင်း‌ကျေးရွာ အ‌နောက်ဘက်၊ ဖက်ကျွတ်ကုန်း‌ဒေသတွင် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်-BGF တပ်ရင်း (၁၀၁၉)၊ (၁၀၂၀) နှင့် ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်-DKBA မှ ထုတ်ပယ်ခံထားရသည့် ဗိုလ်နားမကြားအဖွဲ့တို့ ယမန်‌နေ့ နှင့် ယ‌နေ့ အ‌စောပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယမန်‌နေ့ည ၇နာရီး‌ကျော်ခန့်တွင်လည်း ပစ်ခတ်မှုအနည်းအငယ်ဖြစ်ခဲ့ပြီး ယ‌နေ့ မနက် ၇နာရီး‌ကျော်ခန့်တွင် လက်နက်ကြီး နှစ်လုံးခန့်နှင့်ပစ်ခက်သံကြားခဲ့ရပြီး မြို့‌ပေါ်သို့ ‌ဈေးလာ‌ရောက်ဝယ်ယူ‌နေကြသည့် ‌ဒေသခံများ နှင့် အလှူအတန်းကာလအတွင်း ‌ဒေသခံများမှာ ၎င်းတု့ိ၏ အိမ်‌နေရာများသို့ ‌ပြေးလွှားပုန်း‌ရှောင်‌နေရသည်ဟု ‌ကော့ကရိတ်နယ်ခံသတင်း‌ထောက်တစ်ဦးထံမှ ‌ပြောသည်။