နိုဝင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့် ကရင်ပြည်သူ့ပါတီ-KPP တို့ ရွေးကောက် ပွဲတွင် မဲအနိုင်ရရှိသွားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်စောင့်ကြည့်လေ့လာခဲ့သည့် မြို့နယ်အဆင့် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။
သံတောင်ကြီးမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အလိုက် မဲလက်မှတ်ပြားများကို မြို့နယ်ကော်မရှင်ရုံးတွင် ပြန်ရေတွက်ပြီး ထွက်ပေါ်လာ သည့်ရလဒ်အရ မဲဆန္ဒနယ်အမှတ်(၁)တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့၌ NLD က အနိုင်ရရှိခဲ့သလို ပြည်နယ်လွှတ်တော် အမှတ်(၂)တွင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။


















