Home ထိပ်တန်းသတင်း ကရင်‌ရေးရာဝန်ကြီးများကို အမျိုးသားအခွင့်အ‌ရေးအတွက် လုပ်‌ဆောင်‌ပေးရန် လူထုလိုလား

ကရင်‌ရေးရာဝန်ကြီးများကို အမျိုးသားအခွင့်အ‌ရေးအတွက် လုပ်‌ဆောင်‌ပေးရန် လူထုလိုလား

1410

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း အသစ်တက်လာမည့် အစိုးရသစ်လက်ထက်၌ မဲအနိုင်ရခဲ့သည့် ကရင်တိုင်းရင်းသား‌ရေး ရာကိုယ်စားလှယ်များအ‌နေဖြင့် ကရင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အ‌ရေးများနှင့် အမျိုးသား‌ရေး တန်းတူညီမျှမှုကို အဓိက လုပ်‌ဆောင်‌ပေး‌စေချင်သည်ဟု ပန်းတ‌နော်မြို့နယ်၊ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ စာ‌ပေဖွံ့ဖြိုး‌ရေးတာဝန်ခံ မန်းဂီးဒ အန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင့်‌ရေးရာဝန်ကြီး‌တွေအ‌နေနဲ့ ကျ‌နော်တို့ ကရင်လူမျိုး‌တွေရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေကို လုပ်‌ပေး‌စေချင်တာ‌ပေါ့။ အဓိ ကအားဖြင့် လယ်ယာကို အဓိကလုပ်‌ဆောင်‌နေတဲ့ ကရင်လယ်သမား‌တွေ စစ်တပ်က သိမ်းထားတာ‌တွေကိုပြန်ရဖို့၊ ‌နောက်ပြီး တန်းတူညီမျှစွာ ပညာသင်ကြားခွင့်နဲ့ ကရင်စာ‌ပေကို အစိုးရ‌ကျောင်း‌တွေမှာ ဘာသာရပ်တစ်ခုအ‌နေနဲ့ သင်ကြားပြဌာန်း‌ပေးဖို့ကို လုပ်‌ပေး‌စေချင်တယ်״ဟု မန်းဂီးဒအန်က ၎င်း၏ဆန္ဒကို ‌ပြောပြသည်။

မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်းနှင့် ရန်ကုန်တိုင်း‌ဒေသကြီးများတွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာများကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီမှ ကိုယ်စားလှယ်များသာ မဲအနိုင်ရရှိခဲ့‌ကြောင်း ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ထွက်‌ပေါ်လာသည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးအတွက် ကရင်လူမျိုးအများစု‌နေထိုင်သည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်‌ဒေသ (၅)ခုတွင် နိုင်ငံ ‌ရေးပါတီ (၈)ပါတီမှ ကိုယ်စားလှယ်‌ပေါင်း ၂၄ဦး ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံရာတွင် NLD ပါတီမှ မွန်ပြည်နယ်တွင် ‌စော‌အောင် မြင့်နိုင်၊ ပဲခူးတိုင်း‌ဒေသကြီးတွင် ‌နော်ပွယ်‌စေး၊ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ဂါ့မိုးမြတ်မြတ်သူ၊ တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ‌စောလုကာနှင့် ရန်ကုန်တိုင်း‌ဒေသကြီး၌ ‌နော်ပန်းသဉ်ဖာမျိုးတို့က အသီးသီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းမှ ‌ရေးရာအနိုင်ရ ကိုယ်စားလှယ် ‌နော်ပန်းသဉ်ဖာမျိုးက “၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့က NLD ရဲ့ အဓိကလုပ်‌ဆောင် ရမယ့် ရည်ရွယ်ချက်မှာ ပါတယ်။ အခုဆိုလည်း လွှတ်‌တော်အတွင်းမှာ NLD က မဲအပြတ်အသတ် နိုင်ထားတဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်လို့ ကျမ မြင်တယ်။ ဒီ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်နိုင်ရင်‌တော့ တန်းတူညီမျှ အခွင့်အ‌ရေးအများကြီးရမှာပါ״ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ထို့အပြင် NLD ပါတီ၏ မူဝါများအရ အမျိုးသားရင်ကြား‌စေ့‌ရေးကို ဦးစား‌ပေး လုပ်‌ဆောင်သွားမည်ဖြစ်သည့်အတွက် ပါတီမူဝါဒ ‌အောက်တွင် တိုင်းရင်းသားအခွင့်အ‌ရေးအတွက် အပြည့်အဝ လုပ်‌ဆောင်သွားနိုင်မည်ဟုလည်း ‌နော်ပန်းသဉ်ဖာမျိုးက ဖြည့်စွက် ‌ပြောဆိုခဲ့သည်။

အသစ်ဖြစ်လာမည့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများအ‌နေဖြင့် ကရင်အမျိုးသား‌ရေးရာများအတွက် လုပ်‌ဆောင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်တွင် လုပ်‌ဆောင်နိုင်ရန်မှာ ၎င်းတို့အတွက် စိန်‌ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်‌ကြောင်း စိုးရိမ်မှု များ ရှိ‌နေကြ‌သော်လည်း ၎င်း‌ရေးရာဝန်ကြီး‌နေရာများကို NLD တစ်ပါတီတည်းကသာ အနိုင်ရရှိခဲ့သည့်အတွက် ကရင့်အ‌ရေးအ ရာ၊ အမျိုးသား‌ရေးကဏ္ဍများကို တညီတညွှတ်တည်းနှင့် တွန်းအား‌ကောင်း‌ကောင်း လုပ်‌ဆောင်နိုင်မည်ဟု ကရင့်‌ရေးရာ‌ကော်မ တီ – KAC အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက သုံးသပ်‌ပြောဆိုခဲ့သည်။

အလားတူ ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံပါ ဥပ‌ဒေပုဒ်မ(၃၅၄)၊ (ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်း သားလူမျိုးအချင်းချင်းကိုလည်း‌ကောင်း၊ အခြားဘာသာ သာသနာကိုလည်း‌ကောင်း ထိခိုက်မှုမရှိ‌စေဘဲ မိမိချစ်မြတ်နိုးသည့် စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ကိုးကွယ်သည့် ဘာသာနှင့် ဓ‌လေ့ထုံးတမ်းများကို လွတ်လပ်စွာ ‌ဆောင်ရွက်ပိုင်ခွင့်ရှိ‌ကြောင်း ‌ဖော်ပြ ထားသည်။