Home သတင်း ကန့်ကွက်ခံရသည့် မီးဇိုင်းနှစ်ခြင်းဘုရား‌ကျောင်းဝင်းအတွင်း ဘုရားထီးတင်

ကန့်ကွက်ခံရသည့် မီးဇိုင်းနှစ်ခြင်းဘုရား‌ကျောင်းဝင်းအတွင်း ဘုရားထီးတင်

1973

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်ရှိ မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘာသာ‌ကျောင်းဝင်းပိုင်‌မြေအတွင်း ‌ဆောက်လုပ်တည်ထားသည့် ‌စေတီ‌တော် ကို ကန့်ကွက်မှုများကြားမှ စက်တင်ဘာလ ၂၉ရက်‌နေ့က ထီးတင်လိုက်သည့်ကိစ္စအ‌ပေါ် လွန်စွာ စိတ်မ‌ကောင်းဖြစ်ကြရသည်ဟု မီးဇိုင်း‌ကျေးရွာနှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်း၏အသင်းအုပ်ဆရာ ‌စောမိုက်ကယ်က ‌ပြောဆိုလိုက်သည်။

၎င်းက “တာဝန်ရှိသူ‌တွေ အတန်တန် ‌မေတ္တာရပ်ခံ‌နေတဲ့ကြားထဲက‌နေ မြိုင်ကြီးငူဆရာ‌တော်ကိုယ်တိုင် အဂင်္ါ‌နေ့က ဘုရားထီး တင်လိုက်ပြီး ဖြစ်တယ်။ ကျ‌နော်တို့အားလုံးက‌တော့ ဘာမှ မတတ်နိုင်‌တော့ပါဘူး။ အဲဒါကို ဝမ်းနည်း‌ကြေကွဲရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မီးဇိုင်း‌ကျေးရွာရှိ ဘုရား‌ကျောင်းပိုင်‌မြေ‌နေရာကို မြိုင်ကြီးငူဆရာ‌တော်ဦးသုဇန၏ အစီအစဉ်ဖြင့် ‌စေတီ‌တောင်တစ်ဆူနှင့် သိမ် ‌ကျောင်း‌ဆောင်တစ်ခုကို ဩဂုတ်လ ၂၁ရက်‌နေ့က စတင်‌ဆောက်လုပ်ခဲ့ကာ စက်တင်ဘာလ ၂၉ရက်‌နေ့တွင် ဘုရားထီးတင်မှု ပြုလုပ်ခဲ့‌ကြောင်းလည်း မီးဇိုင်း‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောကြားပျံက ‌ပြောဆိုသည်။

ယင်းကိစ္စအ‌ပေါ် မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ‌ဂေါပကအဖွဲ့ဝင်တဦးကလည်း “ကရင်ပြည်နယ် အစိုးရ အပါအဝင် သမ္မတရုံး အထိ အ‌ကြောင်းကြားခဲ့တယ်။ ဒီကိစ္စကို တားမြစ်‌ပေးဖို့ပါ။ မြိုင်ကြီးငူဆရာ‌တော်နဲ့လည်း သွား‌တွေ့တယ်။ ‌နောက်ဆုံးမှာ‌တော့ ကျ‌နော်တို့ဆန္ဒ‌တွေ လျစ်လျူရှုခြင်းခံခဲ့ရတယ်”ဟု ‌ပြောဆိုသည်။

ယခင်လက မြိုင်ကြီးငူဆရာ‌တော်နှင့် သွား‌ရောက်‌တွေဆုံခဲ့ကြသည့် နှစ်ခြင်းခရစ်ယာန်အသင်းတာဝန်ရှိသူများကို ဆရာ‌တော်ဦး သုဇနက မီးဇိုင်း‌ကျေးရွာ ဘုရား‌ကျောင်း‌မြေ‌နေရာသည် ‌ရှေးယခင်ကာလများက အာ‌သောကမင်းကြီး၏ ‌ကျောင်း‌တော်ရာ‌နေရာ များဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်ဟု သိရသည်။

မီးဇိုင်းဘုရားတည်မှုကိစ္စကို ‌ဖြေရှင်း‌ပေးရန် ကရင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်သာသနာအဖွဲ့အစည်းအချို့က ကရင်ပြည်နယ် အစိုးရထံသို့ တင်ပြထား‌သော်လည်း ယခုအချိန် ထိ‌ရောက်သည့်‌ဖြေရှင်းမှု မပြုလုပ်ခဲ့‌ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်ရှိ ခရစ်ယာန်ဂိုဏ်း‌ပေါင်းစုံ၏ ဘုရား‌ကျောင်းများတွင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ‌ပေါ်‌ပေါက်လာမည်ကို တာဝန်ရှိ သူများက အထူးစိုးရိမ်မိ‌နေကြပြီး ယခု မီးဇိုင်း‌ကျေးရွာဘုရား‌ကျောင်းဝင်းအတွင်း ဖြစ်ပျက်သည့်ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည် နယ်အစိုးရနှင့် ပြည်‌ထောင်စုအစိုးရက တစုံတရာ အ‌ရေးယူ‌ဆောင်ရွက်‌ပေးမှုများ ‌ဆောင်ရွက်‌ပေး‌စေလို‌ကြောင်းလည်း နှစ်ခြင်း ခရစ်ယာန် အသင်းသူအသင်းသားများက ‌ပြောဆိုကြသည်။

မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး‌ကျောင်းကို လွန်ခဲ့သည့်နှစ်‌ပေါင်း ၉၅နှစ်ခန့်က ‌မြေဧက ၁.၅၂ဧက‌ပေါ်တွင် စတင် တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး သာသာနာပိုင်‌မြေအဖြစ် အသင်းသူ ‌နော်ဂ‌ရေ့စ် အမည်‌ပေါက်ဖြင့် ၂၀၁၄ခု၊ နှစ်ဆန်းပိုင်းတွင် တရား ဝင် အသိအမှတ်ပြုရရှိထားသည့် ဘုရား‌ကျောင်းပိုင်‌မြေ‌နေရာ ဖြစ်သည်။