Home သတင်း KNLA ဗဟို‌ဆေးဌာနက တပ်မဟာ ၇ နယ်‌မြေတွင် မျက်စိ‌ဝေဒနာရှင်များကို အခမဲ့ကုသ‌ပေး‌နေ

KNLA ဗဟို‌ဆေးဌာနက တပ်မဟာ ၇ နယ်‌မြေတွင် မျက်စိ‌ဝေဒနာရှင်များကို အခမဲ့ကုသ‌ပေး‌နေ

1306

‌အောက်တိုဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) လက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟို‌ဆေးဌာနမှ ဦး‌ဆောင်စီစဉ်‌ပေးမှုဖြင့် ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်‌မြေ၊ ‌သေ‌ဘေထစခန်း၌ ‌အောက်တိုဘာ ၅ ရက်‌နေ ့မှစတင်ကာ ‌ဒေသခံမျက်စိ‌ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသ‌ပေး ‌နေသည်ဟု ‌စေတနာဝန်ထမ်း ‌ဆေးမှူးတဦးဖြစ်သူ ‌စော‌နေဆဲက ‌ကေအိုင်စီသို ့ယ‌နေ ့‌ပြောသည်။

၎င်းက “ ဒီမှာ‌နေကြရတဲ့ မျက်စိ‌ဝေဒနာရှင်‌တွေက မျက်စိကုမယ်ဆို ထိုင်းဘက်ခြမ်းကိုလည်း မသွား တတ်ဘူး။ ဟိုးပြည်တွင်းက ရန်ကုန်လိုမြို့‌တွေကျ‌တော့လည်း သူတို့သွားဖို့ အဆင်မ‌ပြေဘူး။ အဲဒါ‌ကြောင့် သူတို့‌တွေအခက်ခဲကို တတ်နိုင်သ‌လောက် ကူညီ‌ပေးတာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မျက်စိအခမဲ့ ခွဲစိတ်ကုသ‌ပေးခြင်းကို ‌အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်‌နေ ့ထိပြုလုပ်‌ပေးသွားမည် ဖြစ်ကာ မျက်စိ‌ဝေဒနာများဖြစ်သည့် တိမ်အမျိုးမျိုးဖြစ်ခြင်း၊ မျက်သားတက်ခြင်း၊ မျက်စိနာခြင်းများကို ခွဲစိတ် ကုသ‌ပေးခြင်းနှင့် စမ်းသပ်စစ်‌ဆေးခြင်းများကို ‌ဆေးမှူး‌စော‌နေဆဲကဦး‌ဆောင်ကာ ‌ဒေသခံကျန်းမာ‌ရေး လုပ်သားများနှင့်အတူ ပူး‌ပေါင်းကုသ‌ပေးသွားမည် ဖြစ်သည်။

ထိုအပြင် စတင်ကု‌ပေးသည့် ‌အောက်တိုဘာ ၅ ရက်မှ ယ‌နေ ့ထိ တပ်မဟာ ၇ အနီးတဝိုက်ရှိ‌ကျေးရွာများမှ မျက်စိ‌ဝေဒနာရှင် ၁၃ ဦးကိုကုသ‌ပေးခဲ့ပြီးဖြစ်သည်ဟု ဗဟို‌ဆေးဌနမှ သိရသည်။

လှိုင်းဘွဲမြို့နယ် က‌လေ့ဖိုးခလိုးရွာမှာ မျက်စိလာ‌ရောက်ခွဲစိပ်သူ ‌နော်ရှာက “ အရင်က မျက်စိမမြင်ရ‌တော့ အခုလိုလာကုသ‌ပေးတာ ‌ကျေးဇူးတင်တယ်။ အခုကခွဲစိပ်တာပြီး‌တော့ နည်းနည်းပြန်မြင်ရ‌ပေမယ့် အနာက နည်းနည်းနာ‌သေးတယ်” ဟု ‌ပြောသည်။

တပ်မဟာ ၇ နယ်‌မြေတွင် မျက်စိခွဲစိတ်ကုသ‌ပေးမှုအပြီး လာမည့်နိုဝင်ဘာလမှစတင်ကာ ကျန်ရှိ‌နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံခရိုင်များသို့ လှည့်လည်သွား‌ရောက်ကာ မျက်စိ ‌ဝေဒနာရှင်များအား ကုသ‌ပေးသွားရန်ရှိ‌ကြောင်း ‌ဆေးမှူး‌စော‌နေဆဲက ဖြည့်ဆွက်‌ပြောသည်။

အဆိုပါ မျက်စိအခမဲ့ကုသ‌ပေးခြင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဌာနကဦးစီမှုဖြင့် KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ ၃ခု အတွင်းရှိ မျက်စိ ‌ဝေဒနာခံစား‌နေရသည့် ‌ဒေသခံ ၂၀ဝဦး‌ကျော်ကို ခွဲစိပ်ကုသ‌ပေးနိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။