Home သတင်း မြဝတီအ‌ခြေစိုက် ‌ရွှေပါရမီ အခမဲ့‌ဆေး‌ပေးခန်းမှ နို့ဖိုး‌ကျေးရွာရှိ သက်ကြီးရွယ်အိုများအား လှူဒါန်းပူ‌ဇော်

မြဝတီအ‌ခြေစိုက် ‌ရွှေပါရမီ အခမဲ့‌ဆေး‌ပေးခန်းမှ နို့ဖိုး‌ကျေးရွာရှိ သက်ကြီးရွယ်အိုများအား လှူဒါန်းပူ‌ဇော်

1926

‌အောက်တိုဘာ ၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြဝတီမြို့အ‌ခြေစိုက် ‌ရွှေပါရမီအခမဲ့‌ဆေး‌ပေးခန်းမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ် နို့ဖိုး(ကွင်းက‌လေး)‌ကျေးရွာရှိ သက်ကြီး ရွယ်အိုများအား ‌ကျေးရွာဘုန်းကြီး‌ကျောင်း၌ ယမန်‌နေ့က သွား‌ရောက်ပူ‌ဇော်ကန်‌တော့ကာ ‌ထောက်ပံ့ပစ္စည်းများ ‌ပေးအပ်လှူဒါန်း ခဲ့ကြသည်။

‌အောက်တိုဘာလ ၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့သက်ကြီးရွယ်အိုများ‌နေ့ကို အထိမ်းအမှတ်အ‌နေဖြင့် နို့ဖိုး‌ကျေးရွာရှိ အသက် ၈ဝနှစ်မှ ၁၁၁နှစ်အရွယ်ရှိ သက်ကြီး အဘိုး (၄)ဦးနှင့် အဘွား (၅)ဦးအား ‌ငွေသား၊ ထဘီနှင့် ခရီး‌ဆောင်အိတ်များကို ပူ‌ဇော်ကန်‌တော့လှူဒါန်း‌ပေးအပ်ခြင်းဖြစ်သည်ဟု ‌ရွှေပါရမီ အခမဲ့‌ဆေး‌ပေးခန်း၏ ဘဏ္ဍာ‌ရေးမှူး ‌နော်စန်းစန်း‌အေးက သိရသည်။

၎င်းက “ကျမတို့ လူငယ်‌တွေအတွက် အသက်ကြီးသူ‌တွေကို ပြုစုခြင်း၊ ‌စောင့်‌ရှောက်ခြင်း မဂင်္လာတစ်ပါးဖြစ်ပါတယ်ရှင်။ ကျမတို့ လည်း ကျန်းမာ‌ရေး‌ကောင်းရင် ဒီလို အသက်ကြီးပိုင်း‌ရောက်လို့ အခုလိုမျိုး ပူ‌ဇော်ကန်‌တော့ခြင်းခံရရင် အတိုင်းမသိ ဝမ်းသာမှာ ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာ‌ရေးကို ‌စောင့်‌ရှောက်ရန် ရည်ရွယ်၍ ၂၀၀၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်‌နေ့တွင် ‌ရွှေပါရမီ အခမဲ့ ‌ဆေး‌ပေးခန်းကို စတင် တည်‌ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ယခုအချိန်ထိ တစ်လအတွင်း လူနာ တစ်‌ထောင်‌ကျော်ကို လစဉ် အခမဲ့ ကုသ‌ပေးလျှက်ရှိသည်ဟု သိရသည်။
DSC02623
အသက် ၈၂နှစ်အရွယ် အဘိုးတစ်ဦးကလည်း “အရမ်းဝမ်းသာတယ်။ အခုလို ပစ္စည်း‌တွေ လာ‌ရောက်‌ထောက်ပံ့တဲ့အတွက် ‌ကျေးဇူးအများကြီးတင်တယ်။ သူတို့‌တွေ ‌ကျောက်‌ဆောင်လို တည်တံ့ခိုင်ပြီး ‌ရေလို‌အေးချမ်းနိုင်ပါ‌စေ။ အများအကျိုးကို ဆက် လက် သယ်ပိုးနိုင်ပါ‌စေလို့ အဘုိုးအ‌နေနဲ့ ဆု‌တောင်း‌ပေးချင်တယ်”ဟု ‌ပြောသည်။

‌ရွှေပါရမီ အခမဲ့ ‌ဆေး‌ပေးခန်းသည် သက်ကြီးရွယ်အိုများ‌နေ့အထိမ်းအမှတ်အ‌နေဖြင့် သက်ကြီးပူ‌ဇော်ကန်‌တော့ ပွဲကို မြဝတီမြို့၌ နှစ်စဉ် ပြုလုပ်ခဲ့‌သော် လည်း နို့ဖိုး‌ကျေးရွာတွင် ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်သည်။