Home သတင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ အရပ်ဘက်လူမှုအဖွဲ့များအား မဲ‌ပေးနည်းစနစ် ‌တွေ့ဆုံရှင်းလင်း

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ အရပ်ဘက်လူမှုအဖွဲ့များအား မဲ‌ပေးနည်းစနစ် ‌တွေ့ဆုံရှင်းလင်း

1868

ဩဂုတ် ၁၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ‌ဒေသခံအရပ်ဘက်လူမှုအဖွဲ့ အစည်းများအား ‌တွေ့ဆုံကာ မဲ‌ပေးနည်းစနစ် အပါ အဝင် ‌ရွေး‌ကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ ဖားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ Green Hill ဟိုတယ်တွင် ဩဂုတ်လ ၁၃ရက် ‌နေ့က ‌တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ထို‌တွေ့ဆုံရှင်းလင်းပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများအပြင် ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ် စုစု‌ပေါင်း ၆ဝဦးခန့် တက်‌ရောက်ကြပြီး လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ၌ မဲထည့်ပုံထည့်နည်းများကို အရပ်ဘက် လူမှုအဖွဲ့အစည်းမှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများ သိရှိ‌စေရန် ပြန်လည် အသိပညာ‌ပေးနိုင်‌ရေးအတွက်ဖြစ်သည်ဟု ကရင်ပြည် နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌ကျော်ဝင်း‌မောင်က ယခုလို ‌ပြောသည်။

“အဓိက ‌တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က‌တော့ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ မဲဆန္ဒရှင်များက မဲ‌ပေးတဲ့အခါ ဘယ်လိုမျိုးပုံစံနဲ့ ‌ပေးရမလဲ။ ပယ်မဲဆိုတာ ဘယ်လိုလဲ။ မိမိမဲက ပယ်မဲမဖြစ်ရ‌လေ‌အောင် ဘယ်လို သတိထားရမလဲ။ ‌ပြောရရင်‌ပေါ့‌လေ။ မဲ‌ပေးပုံ မဲ‌ပေးနည်းကို အများက သိရှိ‌အောင် ‌တွေ့ဆုံရခြင်းပဲဖြစ်တယ်။”ဟု ဦး‌ကျော်ဝင်း‌မောင်က ဩဂုတ် ၁၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌တွေ့ဆုံရှင်းလင်းပွဲတွင် တက်‌ရောက်လာသည့် ‌ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများကလည်း မိမိတို့ မရှင်းသည့်အချက်များ၊ သိရှိလိုသည့်အချက်များအား အပြန်အလှန် ‌မေးမြန်းကြပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း မဲဆန္ဒရှင်ပြည်သူများက ၎င်းကိစ္စရပ်များကို ပိုမိုသိရှိရန် မိမိတို့ အရပ်ဘက်အဖွဲ့အသီးသီးမှ လူထုများသို့ မဲ‌ပေးမှုအသိပညာကို ပြန်လည်ကွင်းဆင်းရှင်း လင်း‌ပေးသွားမည်ဟု ‌ဒေသခံအရပ်ဘက်အဖွဲ့မှ ‌စောစိန်‌ထွေးက ‌ပြောသည်။

“‌ကော်မရှင်က လာရှင်းလင်းတာက‌တော့ အဓိက မဲကို ဘယ်လို‌ပေးကြမလဲဆိုတာ ပါတယ်။ မဲ‌ပေးတဲ့ ဥပ‌ဒေ‌တွေ နည်းဥပ‌ဒေ ‌တွေလည်းပါတယ်။ ‌ရွှေ့‌ပြောင်းသွားလာ‌နေကြတဲ့ မဲဆန္ဒရှင်‌တွေရဲ့ အခန်းကဏ္ဍလည်းပါတယ်‌ပေါ့‌နော်။ ‌နောက်တစ်ခုက‌တော့ မှတ်ပုံတင်မရှိတဲ့သူ‌တွေအတွက် မဲ‌ပေးလို့ရ‌အောင် မဲ‌ပေးတဲ့သက်‌သေခံကဒ်ကိုလည်း ဆိုင်ရာတာဝန်ရှိသူ‌တွေက လုပ်‌ဆောင် ‌ပေးသွားမယ်”ဟု ဆိုသည်။

ထိုအရပ်ဖက်အဖွဲ့အစည်းများက ကရင်တစ်ပြည်နယ်လုံးရှိ မဲဆန္ဒရှင်လူထုများအား ‌ရွေး‌ကောက်ပွဲဆိုင်ရာ၊ မဲ‌ပေးမှုဆိုင်ရာများကို ပြန်လည်အသိပညာ‌ပေးလုပ်‌ဆောင်နိုင်‌ရေးအတွက် ‌ဒေသခံ‌ပေါင်းစုံမှရှိသည့် အရပ်ဖက်အဖွဲ့များ စုစု‌ပေါင်း ၆၀ဝဦးအား ‌ခေါ်ယူ၍ ၎င်းတို့အား လိုအပ်သလို ပညာ‌ပေးပြီး သက်ဆိုင်ရာ မိမိတို့‌ဒေသတွင် မဲဆန္ဒရှင်များအား အတတ်နိုင်ဆုံး ပြန်လည်ရှင်းလင်းကာ ပညာ‌ပေးသွားမည်ဟု ‌ပြောဆိုသည်။

လွန်ခဲ့သည့်လက မဲဆန္ဒရှင်အမည်စာရင်းများ ‌ဖေါ်ပြရာတွင် လွဲမှားမှုများရှိသဖြင့် ထိုလွဲမှားမှုများကို ပြန်လည်စိစစ်၍ ဩဂုတ်လ မကုန်မှီ ပြင်ဆင်ထုတ်ပြန် ‌ကြေညာသွားမည့်အပြင် ‌ရွေး‌ကောက်ပွဲမကျင်းပမှီ (နိုဝင်ဘာလဆန်း) တစ်ပတ်အလိုတွင်လည်း မဲဆန္ဒရှင်များ၏ အမည်စာရင်းများကို ‌နောက်ဆုံးအကြိမ်ဖြင့် ထပ်မံ ‌ဖော်ပြသွားဦးမည်ဖြစ်‌ကြောင်းလည်း ကရင်ပြည်နယ် ‌ရွေး ‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ၏ ‌ပြောပြချက်အရ သိရသည်။