Home သတင်း အမျိုးသားညီလာခံပြင်ဆင်‌ဆောင်ရွက်‌ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့

အမျိုးသားညီလာခံပြင်ဆင်‌ဆောင်ရွက်‌ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့

1744

ဇူလိုင် ၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်‌ဆောင်ရွက်‌ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ရန်ကုန်မြို့၊ MCC ခမ်းမတွင် ဇူလိုင်လ ၂ရက်မှ ၄ရက်‌နေ့က ကျင်းပသွားခဲ့သည့် ကရင်အမျိုးသားအကြိုညီလာခံ၏ ထုတ်ပြန်‌ကြေ ညာချက်တွင် ‌ဖော်ပြထားသည်။

ထုတ်ပြန်‌ကြေညာချက်၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဆရာ‌စော‌ကျော်စွာ “‌ကော်မတီဝင်‌တွေက‌တော့ ၁၅ဦးပါ။ ကရင်အမျိုးသားညီလာ ခံကျင်းပ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်မှု‌ကော်မတီ KNCPC က ငါးဦးရယ်၊ ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ-KUPC ထိပ်ပိုင်းက ငါးဦးရယ်၊ ပြီး‌တော့ စာ‌ပေယဉ်‌ကျေးမှုက ဆရာမနန်းမြင့်တင်၊ ပညာ‌ရေး‌တော့ ‌စော‌ကျော်စွာ၊ နိုင်ငံ‌ရေးဆို မန်း‌အောင်ပြည်စိုး၊ စီးပွား‌ရေးက မန်းသန်းဝင်းဦး၊ လူမှု‌ရေးကျ‌တော့ ဆရာမစူစဲနာလှလှစိုးတို့ ဖြစ်တယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားလူမျိုး နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေးအဖွဲ့၊ လူထုအ‌ခြေပြုအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့ဝင်များ စုစု‌ပေါင်း ၅၀၀‌ကျော်တက်‌ရောက်ခဲ့ကြသည့် ကရင်အမျိုးသားအကြိုညီလာခံတွင် KUPC, KUCPC နှင့် နိုင်ငံတကာ‌ရောက် ကရင်အဖွဲ့အစည်း-IKO တို့က ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် မျိုးနွယ်စုဆိုင်ရာ စာတမ်းများကို တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

ညီလာခံမတိုင်ခင် ‌နောက်ထပ် အကြိုညီလာခံတစ်ခုကို ထပ်မံ လုပ်သွားရန်ရှိပြီး ၎င်းပြင်ဆင်‌ဆောင်ရွက်‌ရေးလုပ်ငန်းအဖွဲ့က ပြင်ဆင်မှုများ ပြီး‌မြောက်သည့်အချိန်တွင် ကျင်းပသွားရန်သ‌ဘောတူညီခဲ့ကြသည်ဟုလည်း ထုတ်ပြန်‌ကြေညာချက်ထဲတွင် ‌ဖော်ပြပါရှိသည်။

“အခုလို အနယ်နယ်အရပ်ရပ်က လာ‌ရောက်ဆုံဆည်းပြီး ‌ပြောဆို‌ဆွေး‌နွေးနိုင်တာကို အားရဝမ်းသာပါတယ်။ သို့‌သော် ‌ရှေ့ဆက် လုပ်‌ဆောင်သွားရမဲ့ ညီလာခံအတွက်ကို‌တော့ ပြင်ဆင်သွားရင်းနဲ့ လုပ်‌ဆောင်သွားရမှာပါ။ အမျိုးသားညီလာခံဟာ ကရင်လူမျိုး စုတစ်ခုလုံးအတွက် အနာဂတ်အမျိုးသားစီမံကိန်းကို ‌ရေးဆွဲရမဲ့အထိကို အ‌ရေးကြီးတယ်လို့လည်း ဦးဇင်း မြင်ပါတယ်”ဟု အကြို ညီလာခံ တက်‌ရောက်လာသူ ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်မှ ဆရာ‌တော်ဦးကုသလက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အကြိုညီလာခံ စတင်သည့်တစ်ရက်တည်းတွင် ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်-မြဝတီသွား အာရှလမ်းမ‌ပေါ်၌ ဒီမိုက‌ရေ စီအကျိုးပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် အစိုးရတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ထို့အတွက် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြရာ လတ်တ‌လော ဖြစ်ပွား‌နေ‌သော ပစ်ခတ်တိုက် ခိုက်မှုများမှာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ထိခိုက်‌စေမည်ကို စိုးရိမ်ပူပန်‌ကြောင်းနှင့် ၎င်းပစ်ခတ်မှုများကို ရပ်ဆိုင်း‌ပေးရန် ညီလာခံ တက်‌ရောက်လာသူ ကိုယ်စားလှယ်များကိုယ်စား သဘာပတိအဖွဲ့ဝင်များက ဇူလိုင်လ ၃ရက်‌နေ့တွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ ဒုဥက္ကဋ္ဌနှင့် ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ်ထံသို့ ‌မေတ္တာခံစာ ‌ပေးပို့ခဲ့သည်။

၎င်းအပြင် စစ်မှန်ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးရရှိ‌ရေး၊ ကရင်အမျိုးသား စည်းလုံးညီညွှတ်မှုရရှိ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေးအတွက် ကရင်အမျိုးသားများအားလုံး စုစည်းညီညွှတ်စွာဖြင့် လုပ်‌ဆောင်သွားမည်ဟုလည်း အကြိုညီလာခံ က သံဓိဋ္ဌာန်ပြု‌ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။ အလားတူ ညီလာခံအတွင်း၌ တက်‌ရောက်လာသူ ကရင်အ မျိုးသမီးအဖွဲ့အစည်း ကိုယ်စားလှယ်များက ‌နော်အုန်းလှ ပြန်လည် လွတ်‌မြောက်‌ရေးအတွက် လက်မှတ်‌ရေးထိုးသည့် လှုံ့‌ဆော်မှု တစ်ခုကိုလည်း ‌ဆောင်ရွက်ခဲ့ကြသည်။