Home သတင်း ပန်း‌ရောင်ကဒ် ကိုင်‌ဆောင်သည့် မြန်မာအလုပ်သမား ၁၀ဝ ‌ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ပန်း‌ရောင်ကဒ် ကိုင်‌ဆောင်သည့် မြန်မာအလုပ်သမား ၁၀ဝ ‌ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

2517

ဇူလိုင် ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းအစိုးရက တရားဝင်ထုတ်‌ပေးထားသည့် ပန်း‌ရောင်ကဒ်ကို ကိုင်‌ဆောင်ပြီး သာမာန်နိုင်ငံကူးလက်မှတ်ပြု လုပ်ရန် မဲ‌ဆောက်သို့ ဆင်းလာခဲ့ကြ‌သော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁၈ဝ ခန့်ကို ခရီးသွားခွင့်‌ထောက်ခံ ချက် မပြည့်စုံသဖြင့် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်‌ရေးဋ္ဌာန (လဝက)က ဇူလိုင် ၂ရက်‌နေ့တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်ဟု သိရသည်။

ယခင်က ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်း‌ရောင်ကဒ်)တမျိုးရှိလျှင် ဘန်‌ကောက်မြို့ မြန်မာသံရုံး ၏ ခရီးသွား‌ထောက်ခံစာဖြင့် ခရီးသွားနိုင်‌သော်လည်း ယခုအခါ မိမိအလုပ်ရှင်မှ နယ်‌မြေခံ ထိုင်းအလုပ်အကိုင် ရှာ‌ဖွေ‌နေရာချထား‌ရေး ဦးစီးဋ္ဌာနရုံး(DOE)၏ ခရီးသွားလာခွင့်‌ထောက်ခံချက် မပါရှိသဖြင့် ဖမ်းဆီးခံရခြင်းဖြစ် သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစိုးနိုင်က ‌ပြောသည်။

ဦးစိုးနိုင်က “ပန်း‌ရောင်ကဒ်သမား‌တွေက နယ်‌ကျော်ရင် သံရုံး‌ထောက်ခံစာရယ်၊ ရဲရုံးက ‌ထောက်ခံစာရယ်ယူရ တယ်။ အဲဒါ‌တွေက က‌လေး(အလုပ်သမား)‌တွေက ကြိုပြီး မသိလိုက်လို့‌ပေါ့‌နော်။ တရားရုံးက လဝက ဥပ‌ဒေနဲ့ ဒဏ်‌ငွေ‌ဆောင်ခိုင်းပြီး လွှတ်‌ပေးမှာပါ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မဲ‌ဆောက်အချုပ်ခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာအလုပ်သမားများကို အလုပ်သမား သံအရာရှိ ဦးစိုးနိုင်နှင့် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေးပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA) တို့က စား‌သောက်ဖွယ်ရာအပြင် အခြားလိုအပ်သည့် အကူအညီများကို ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်ဟု သိရသည်။
3
(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက “သူတို့‌တွေ နှစ်ရက်လုံးလုံး ထမင်းမစားရဘူး။ ကိုယ့်ဖာသာကိုယ် ဝယ်စားရတယ်။ အဲဒါကို သူတို့ကို ထမင်းဝယ်‌ကျွေးတယ်။ တခြားပစ္စည်း‌တွေ ဝယ်‌ပေးတယ်။ အား‌ပေးတယ်။ အဲဒါ‌တွေကို ဒီ‌နေ့ တစ်မနက်လုံး ကျ‌နော်တို့ လုပ်‌နေတယ်״ဟု ‌ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၃သန်းခန့်ရှိသည့်အနက် ပန်း‌ရောင်ကဒ် ကိုင်‌ဆောင်သူဦး‌ရေ ၆သိန်း‌ကျော်ရှိသည်ဟု မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။