Home သတင်း ၂၀၁၅ခုနှစ်အတွင်း KNLA ဗဟို‌ဆေးဌာနမှ မျက်စိ‌ဝေဒနာရှင် ၂၀၀‌ကျော် ခွဲစိတ်ကုသမှု‌ပေးနိုင်ခဲ့

၂၀၁၅ခုနှစ်အတွင်း KNLA ဗဟို‌ဆေးဌာနမှ မျက်စိ‌ဝေဒနာရှင် ၂၀၀‌ကျော် ခွဲစိတ်ကုသမှု‌ပေးနိုင်ခဲ့

1507

ဇွန် ၁၃ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဋ္ဌာနမှ ‌စော‌နေဆဲ ဦး‌ဆောင်ပြီး နယ်‌မြေခံ ‌ဆေးလုပ်သားများဖြင့် ကရင်အမျိုးသာအစည်းအရုံး-‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ၏ တပ်မဟာသုံးခုရှိ ‌ဒေသခံ မျက်စိ‌ဝေဒနာရှင်များအား မျက်စိခွဲစိတ် ကုသမှုကို၂၀၁၅ခုနှစ် ဇန်နဝါရီလမှစ၍ ယခုဇွန်လအထိ မျက်စိ‌ဝေဒနာရှင် ၂၀၀‌ကျော်ကို ကုသမှု‌ပေးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို ဇန်နဝါရီလ ၂၉ရက်မှ ‌ဖေ‌ဖောဝါရီလ ၇ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေရှိ မျက်စိ‌ဝေဒနာ ရှင် ၆၂ဦး၊ မတ်လ ၂၃ရက်မှ ဧပြီလ၂ဝရက်‌နေ့တွင် တပ်မဟာ(၅)နယ်‌မြေရှိ မျက်စိ‌ဝေဒနာရှင် ၁၀ဝဦး၊ ‌မေလ ၁၃ရက်မှ ၂ဝရက် ‌နေ့တွင် တပ်မဟာ(၆)နယ်‌မြေရှိ မျက်စိ‌ဝေဒနာရှင် ၄၂ဦးနှင့် ဇွန်လ ၁ရက်မှ ၇ရက်‌နေ့အထိတွင် ထို့‌ကော်ကိုး‌ဒေသရှိ မျက်စိ‌ဝေဒ နာရှင် ၅ဝဦးခန့်ကို ခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

‌စော‌နေဆဲက “ကျ‌နော်တို့သွား‌ရောက်ကူညီကုသတာဟာ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်‌ရေးခက်ခဲ ပြီး‌တော့ မြို့‌ပေါ်တက် ‌ဆေးကုသမှု မခံယူနိုင်တဲ့လူ‌တွေဖြစ်တယ်။ တချို့ဆိုရင် သူတို့ရဲ့မျက်စိ‌ဝေဒနာကို မကုစားနိုင်ဘဲ အ‌မှောင်အတိဖြစ်‌နေတဲ့ အမြင် အာရုံနဲ့ပဲ ‌နေ‌နေကြရတဲ့အ‌ပေါ်မှာ မျက်စိခွဲ‌ပေးတာ၊ မျက်မှန်‌ဝေငှ‌ပေးတာနဲ့ အသိပညာ‌ပေးတာမျိုးနဲ့ ကူညီကုသခဲ့တယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။
အဆိုပါ မျက်စိခွဲစိတ်ကုသမှုကို ယခုနှစ်အတွင်း ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေမှ မျက်စိ‌ဝေဒနာရှင် ၅၀ဝဦးခန့်ကို ကုသမှုပြုသွားရန် ရည်ရွယ်ထားပြီး ကုသပြီးစီးခဲ့သည့် ကုန်ကျမှုစရိတ်နှင့် အ‌ထောက်အကူပြု ကိရိယာတချို့ကို Free Burma Ranger – FBR မှ ကူညီ‌ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ကျန်‌ဝေဒနာရှင်များအတွက် အကူအညီများ လိုအပ်‌နေ‌သေး‌ကြောင်းလည်း ‌စော ‌နေဆဲက ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌ညောင်ကုန်း‌ကျေးရွာသူ ‌နော်‌အောင်‌မြေက “ကျမအရင်တုန်းက မျက်စိမခွဲခင်အချိန်မှာဆိုရင် မျက်စိက ကြည့်လို့မြင်လို့ မ‌ကောင်းဘူး။ ဒါ‌ပေမဲ့ အခုခွဲစိတ်ပြီးသွားတဲ့‌နောက်မှာ‌တော့ အ‌တော်‌လေးကို အမြင်အာရုံ‌ကောင်းလာသလို ငယ်ရွယ်တဲ့အချိန်ကလိုပဲ ခံစားမိတယ်။ အရမ်းကိုလည်း ‌ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဒီလိုအမြင်အာရုံ‌ကောင်းလာ‌အောင် လာ ‌ရောက်ကုသ‌ပေးတဲ့ ဆရာတို့ကိုလည်း အရမ်းပဲ‌ကျေးဇူးတင်မိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာနယ်‌မြေသုံးခုဖြစ်သည့် တပ်မဟာ(၅)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၇)နယ်‌မြေများသို့ အဆိုပါ မျက်စိ‌ဝေဒ နာရှင်များအား ခွဲစိတ်ကုသမှု လိုက်လံ‌ဆောင်ရွက်သည့် အစီအစဉ်ကို ၂၀၁၃ခုနှစ်မှစတင်၍ ယခု ၂၀၁၅ခုနှစ်အထိ မျက်စိ‌ဝေဒ နာရှင်‌ပေါင်း ၄၀၀‌ကျော်ကို KNLA ဗဟို‌ဆေးဋ္ဌာနက ခွဲစိတ်ကုသမှုပြုခဲ့ပြီးဖြစ်သည်။