Home ထိပ်တန်းသတင်း နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးမှ UNFC ထံသို့ အချက်(၇)ချက်ပါ အကြံပြုချက်စာ‌ပေးပို့

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးမှ UNFC ထံသို့ အချက်(၇)ချက်ပါ အကြံပြုချက်စာ‌ပေးပို့

1600

‌မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA) လက်မှတ်မ‌ရေးထိုးမီ ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး-IKO က အချက် (၇)ချက်ပါ အကြံပြုစာ တစ်‌စောင်ကို ညီညွတ်‌သော တိုင်းရင်းသားဖက်ဒရယ်‌ကောင်စီ-UNFC ထံသို့ ‌မေလ ၂၆ရက် ‌နေ့စွဲဖြင့် ‌ပေးပို့ခဲ့သည်။

၎င်းအကြံပြုချက်စာတွင် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တိုင်းရင်းသား‌ဒေသအတွင်း နယ်‌မြေကျူး‌ကျော်လှုပ်ရှား‌နေမှု များ၊ အချို့‌သော တိုင်းရင်းသားလက်နက်ကိုင်များအား ထိုးစစ်ဆင်‌နေမှုများ၊ ပြည်တွင်းစစ် အမြင်မှား ဝါဒဖြန့်မှုများကို ရပ်တန့် ‌ပေး‌ရေးနှင့် တစ်ဖွဲ့ချင်း မိမိဆန္ဒအ‌လျှောက် အပစ်ရပ်လက်မှတ်မထိုးရန်၊ အစိုးရ၏ ငြိမ်းချမ်း‌ရေး မူဝါဒ(၆)ရပ်ကို လုံးဝ ရုပ်သိမ်း ‌ရေးအပြင် အပစ်ရပ်သ‌ဘောတူ စာချုပ်လက်မှတ်‌ရေးထိုးမှုတွင် နိုင်ငံတကာမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်နိုင်‌ရေး စသည့်အချက်များကို ‌ဖော်ပြထားသည်။

IKO ၏ သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ မန်း‌အော်လန်းဒိုက “ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်ပြီး အစိုးရက ကြိုတင်ထုတ်ပြန်ထား ‌သော မူဝါဒ (၆)ရပ်အ‌ပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအ‌နေနဲ့ (NCA)လက်မှတ်‌ရေးထိုးပါက အထူးသဖြင့် နိုင်ငံ‌ရေး‌ထောင်‌ချောက်ထဲ ဝင်‌ရောက်သွားမှာကို စိုးရိမ်လို့ ကျ‌နော်တို့ အခုလို အကြံပြုချက်စာ ‌ပေးပို့တာ ဖြစ်ပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ပဋိပက္ခဖြစ်ပွား‌နေသည့် အဖွဲ့နှစ်ဖွဲ့အကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သည့်‌နေရာ၌ တန်းတူရည်တူမှုကို အ‌ခြေခံပြီး လုပ်‌ဆောင်ရ မည်ဖြစ်‌ကြောင်း၊ မူဝါဒ‌အောက်များသာ လုပ်‌ဆောင်ရမည်ဆိုသည့် အစိုးရ၏ ငြိမ်းချမ်း‌ရေးကြိုးပမ်းမှုသည် ထာဝရတည်မယ့် လုပ်‌ဆောင်မှုမဟုတ်‌ကြောင်းနှင့် လတ်တ‌လော ပြဿနာကို ‌ခေတ္တခဏ‌ဖြေရှင်းသည့် ပုံစံဖြင့် မဖြစ်သင့်‌ကြောင်းလည်း IKO ဆို သည်။

UNFC ဒုဥက္ကဌ နိုင်ဟံသာက “IKO ‌ပေးပို့လာတဲ့ အကြံပြုချက်နှင့်ပတ်သက်ပြီး‌တော့ ကျ‌နော်တို့ UNFC အဖွဲ့အ‌နေနဲ့ တစုံတရာ ပြန်လည်‌ဆွေး‌နွေးမှု ပြုလုပ်တာမျိုး မလုပ်ရ‌သေးပါဘူး။ ဒါ‌ပေမယ့် သူတို့ရဲ့‌ပေးပို့လာတဲ့ ဒီအကြံပြုချက်အ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ UNFC က ကြိုဆိုပါတယ်။ ‌ကောင်းလည်း‌ကောင်းမွန်တဲ့ အကြံပြုမှုတစ်ခုပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံတကာ ကရင့်အမျုိုးသား အစည်းအရုံး(IKO)ကို အာရှပစိဖိတ်‌ဒေသ၊ ဥ‌ရောပနှင့် ‌မြောက်အ‌မေရိက စ‌သော ဇုန်‌ဒေသကြီး သုံးခုမှ နိုင်ငံ‌ပေါင်း(၂၀)‌ကျော်ရှိ ကရင်လူမှုအဖွဲ့အစည်း(Karen Communities)များဖြင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၂ဝရက်‌နေ့ တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး UNFC ထံသို့ ယခုလို အကြံပြုချက်စာ ‌ပေးပို့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။