Home သတင်း ပြင်ပဆရာအများစုဖြင့် ကရင်စာသင်ကြား‌ပေးရန် ‌မြောင်းမြစာယဉ် စီစဉ်

ပြင်ပဆရာအများစုဖြင့် ကရင်စာသင်ကြား‌ပေးရန် ‌မြောင်းမြစာယဉ် စီစဉ်

1344

‌မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာ‌ပေတတ်‌မြောက်သည့် အစိုးရဝန်ထမ်း ကရင်ဆရာ၊ ဆရာမများ ရှားပါးသဖြင့် ပြင်ပဆရာအများစုဖြင့် ကရင်စာသင် ကြား‌ပေးရန် ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက စီစဉ်ထားသည်ဟု ‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌မေလ ၁၉ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ပညာသင်နှစ်မှာ တမြို့နယ်လုံး ကရင်စာသင်‌ပေးဖို ့စီစဉ်ထားတယ်။ ဒါ‌ပေမဲ့ ကရင်စာတတ်တဲ့ အစိုးရဝန်ထမ်း ဆရာ၊ ဆရာမ ရှားပါးပြီး မလုံ‌လောက်ဘူး။ ပြင်ပဆရာ‌တွေနဲ့လည်း သင်လို့ရတယ်ဆို‌တော့ ရွာ‌တွေမှာ ‌နွေရာသီကရင်စာ သင်‌နေကျ ဆရာ‌တွေကိုပဲ ပြန်‌လေ့ကျင့်ပြီး‌တော့ ပြင်ပဆရာ ၂၀ဝနီးပါးကိုသင်ဖို့ စီစဉ်ထားတယ်။ အဲ့ဒီအတွက် စာယဉ်အ‌နေနဲ ့ ဆရာ၊ ဆရာမ‌တွေကို မွမ်းမံသင်တန်း‌တွေ ဖွင့်လှစ်‌ပေးပြီး ‌မွေးထုတ်‌နေတာ ဖြစ်တယ်”ဟု မန်းထွန်းလင်းက ‌ပြောသည်။

လက်ရှိ စ‌ကောကရင်စာနှင့် အ‌နောက်ပိုးကရင်စာ ဆရာဖြစ် နဝမအကြိမ် မွမ်းမံသင်တန်းကို ‌မြောင်းမြမြို့နယ်၊ မုဆိုးကွင်းရပ် ကွက်၊ သတ္တမ‌နေ့ ဥပုသ်စာ‌ဖြေဝန်း၊ အထက်တန်း‌ကျောင်းခမ်းမ၌ ‌မေလ ၁၇ရက်မှ ၂၂ရက်‌နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး သင် တန်းသို့ ‌မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့်လပွတ္တာမြို့နယ်တို့မှ ဆရာ၊ ဆရာမ ၃၂၁ဦး တက်‌ရောက်လျှက်ရှိရာ ၎င်းတို့အနက် အစိုးရ ဝန်ထမ်းမဟုတ်သည့် ပြင်ပဆရာ ၉၂ဦး ပါဝင်‌ကြောင်း ‌မြောင်းမြစာယဉ်က ဆိုသည်။

‌မြောင်းမြမြို့နယ်၊ ကံကုန်း‌ကျေးရွာအုပ်စု၊ သိလ္လာရွာမှ သင်တန်းသား စထက်‌နောင်စိုးက “ကျ‌နော်က အစိုးရဝန်ထမ်း မဟုတ်ပါ ဘူး။ ဆရာ မလုံ‌လောက်လို့ ရွာက အလယ်တန်း‌ကျောင်းမှာ အ‌နောက်ပိုးကရင်စာ ပထမတန်းကို ပြန်သင်‌ပေးရမှာပါ။ မိသားစု အလုပ်လည်းလုပ်ရင်း တစ်ဖက်က‌နေ အမျိုးသား‌ရေးအတွက် အခုလို ကရင်စာ ပြန်သင်‌ပေးသွားမှာပါ။ အခက်အခဲ‌တော့ မရှိပါ ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ ကရင်စာသင်ပြင်ပ ဆရာ၊ ဆရာမများအတွက် မြို့နယ်စာယဉ်မက သီးခြားပံ့ပိုး‌ပေးမှုများမလုပ်‌ပေးနို်င်‌သော်လည်း အစိုးရထံမှ ချီးမြှင့်‌ငွေကို လစဉ်ရရှိရန်နှင့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များကို ‌ကျောင်းဖွင့်ချိန် တစ်ပြိုင်တည်းရရှိ‌အောင် မြို့နယ် ပညာ‌ရေးမှူးနှင့် ညှိနှိုင်း‌ပြောဆိုထားသည်ဟု မန်းထွန်းလင်းက ဆက်‌ပြောသည်။

၂၀၁၅ခုနှစ်၊ ဇွန်လတွင်စတင်မည့် ၂၀၁၅-၁၆ပညာသင်နှစ်တွင် ‌မြောင်းမြမြို့နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၁၄ဝ ‌ကျော်ရှိ ‌ကျောင်းသူ‌ကျောင်းသား တစ်‌သောင်းခွဲ‌ကျော်ကို ဆရာ၊ ဆရာမ ၃၀ဝဦး‌ကျော်ဖြင့် စ‌ကောကရင်စာနှင့် အ‌နောက်ပိုး ကရင်စာတို့ကို သင်ကြားပို့ချ‌ပေးရန် စီစဉ်ထားပြီး ပြင်ပဆရာ ၂၀ဝဦးဝန်းကျင် ပါဝင်မည်ဟု ‌မြောင်းမြစာယဉ်က ပြုစုထားသည့် စာရင်းများအရ သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ပန်းတ‌နော်၊ ‌မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာမြို့နယ်များတွင် အ‌နောက်ပိုး ကရင်စာနှင့် စ‌ကောကရင်စာကို ယခုလာမည့် ပညာသင်နှစ်တွင် သင်ကြား‌ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်စာယဉ်များက စီစဉ် ထားသည်။