Home သတင်း ‌ကေအဲန်ယူ ခရိုင် ၄ခု ပူး‌ပေါင်း၍ အ‌ခြေခံရဲသင်တန်း လုပ်‌ဆောင်ပြီးစီး

‌ကေအဲန်ယူ ခရိုင် ၄ခု ပူး‌ပေါင်း၍ အ‌ခြေခံရဲသင်တန်း လုပ်‌ဆောင်ပြီးစီး

1646

‌မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ လက်‌အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ၏ ဗဟို‌ခေါင်း‌ဆောင်များမှ ဦးစီး ၍ ခရိုင် ၄ခုဖြင့် တစ်လကြာ ဖွင့်လှစ်‌သော ရဲသင်တန်းဆင်းပွဲတစ်ရပ်ကို ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေ ဖာပွန်(မူ‌တြော်)ခရိုင် တွင် ‌မေလ ၂၃ရက်‌နေ့က ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

‌ကေအဲန်ယူ၏ ဖာပွန်ခရိုင်၊ ‌တောင်ငူခရိုင်၊ သထုံခရိုင်နှင့် ‌ညောင်‌လေးပင်ခရိုင်တို့မှ KNPF ရဲသား၊ ရဲ‌မေ ၄ဝဦး တက်‌ရောက်သည့် ၎င်းသင်တန်းတွင် နယ်‌မြေအတွင်း အမှုအခင်း ကိုင်တွယ်‌ဖြေရှင်းတတ်ရန်၊ ‌ခေါင်း‌ဆောင်မှုပြုနိုင်ရန်နှင့် တရားဥပ‌ဒေစိုးမိုးမှုရှိ‌စေ ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဖာပွန်ခရိုင် ဥက္ကဋ္ဌ ပဒို‌စောထဲဒယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောထဲဒယ်က “အမှုအခင်းကိစ္စရပ်‌တွေကို တရားဥပ‌ဒေအတိုင်း ကိုင်တွယ်‌ဖြေရှင်းနိုင်ဖို့က ကျ‌နော်တို့ရဲ‌တွေအတွက် အလွန် ကို အ‌ရေးကြီးတယ်။ အပစ်အခတ်ရပ်စဲကာလမှာ မူးယစ်‌ဆေးဝါး၊ အမှုအခင်းကိစ္စ‌တွေ ဖြစ်‌ပေါ်မှု‌တွေ ရှိလာတဲ့အတွက် နယ်‌မြေ အတွင်း တရားဥပ‌ဒေစိုးမိုးမှုရှိဖို့ကို လုပ်‌ဆောင်ရမယ်’’ဟု ‌ပြောသည်။

ယင်းသင်တန်း၌ တက်‌ရောက်သည့် ရဲသား၊ ရဲ‌မေများအား စုံစမ်း‌ထောက်လှမ်း‌ရေး၊ ရဲလုပ်ငန်းစဉ်များ၊ မှုခင်းစုံစမ်းစစ်‌ဆေး‌ရေး လုပ်ငန်းစဉ်၊ ‌ကော်သူး‌လေဥပ‌ဒေလုပ်ငန်းစဉ်၊ ဥပ‌ဒေပုဒ်မများနှင့် ပြုစားချင်းဆိုင်ရာ အက်ဥပ‌ဒေများ စသည်တို့ကို သင်တန်း ဆရာ ၅ဦးက သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းတက်‌ရောက်ခဲ့သူ ဖာပွန်ခရိုင်မှ ရဲ‌မေ‌နော်အဲ့ခုက “ကျမတို့ ရဲသား‌တွေအ‌နေနဲ့ သိထားနားလည်ထားရမယ့် စည်းမျဉ်း စည်းကမ်း‌တွေ၊ လုပ်‌ဆောင်ရမယ့် ရဲလုပ်ငန်းစဉ်တာဝန်‌တွေကို တတ်ကျွမ်းဖို့ လိုတယ်။ ဒါမှလည်း လုပ်ငန်းစဉ်‌တွေအ‌ပေါ် ကိုင် တွယ်‌ဖြေရှင်းတဲ့‌နေရာမှာ အဆင်‌ပြေ ‌ချော‌မွေ့‌စေလိမ့်မယ်’’ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သင်ယူတတ်‌မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာရပ်များကို ၎င်း၏နယ်‌မြေ‌ဒေသအတွင်း တရားဥပ‌ဒေစိုးမိုးမှု ရှိရန်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အ‌ကောင်းဆုံး ‌ပေးဆပ်လုပ်‌ဆောင်သွားမည်ဟု သူမက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း ယခု ဖွင့်လှစ်ခဲ့‌သော အ‌ခြေခံရဲသင်တန်းသည် ဧပြီလ ၂၄ရက်မှ ‌မေလ ၂၃ရက်‌နေ့အထိ ကြာမြင့် ခဲ့ပြီး ‌ကေအဲန်ယူခရိုင် ၄ခု စု‌ပေါင်း၍ ပထမဆုံးအကြိမ် ပြုလုပ်‌သော KNPF အ‌ခြေခံရဲသင်တန်းဖြစ်‌ကြောင်း သိရသည်။