Home သတင်း တိုင်းရင်းသားလက်နက်ကိုင်‌ခေါင်း‌ဆောင်များ ညီလာခံ ဇွန်ပထမအပတ်အတွင်း ‌ကေအဲန်ယူနယ်‌မြေ၌ ကျင်းပမည်

တိုင်းရင်းသားလက်နက်ကိုင်‌ခေါင်း‌ဆောင်များ ညီလာခံ ဇွန်ပထမအပတ်အတွင်း ‌ကေအဲန်ယူနယ်‌မြေ၌ ကျင်းပမည်

1764

‌မေ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်း (NCA Draft) နှင့် ပတ်သက်ပြီး ‌ဆွေး‌နွေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT) အဖွဲ့ဝင်များအပြင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်မည့် ညီလာခံတစ်ရပ်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ‌လေးဝါးစခန်း၌ လာမည့် ဇွန်လ ပထမအပတ် အတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါညီလာခံကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ တပ်မဟာ(၇) ‌လေးဝါးစခန်းတွင် သုံးရက်တာ ကျင်းပ ရန် လျာထားပြီး ထိုသို့ကျင်းပနိုင်ရန် ‌ကေအဲန်ယူသည် ‌မေလ ၁၅ရက်‌နေ့က ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ အစည်းအ‌ဝေး ပြု လုပ်ကျင်းပကာ အားလုံး သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “‌လေးဝါးမှာပဲလုပ်ဖို့ အားလုံးက‌တော့ ဆန္ဒသ‌ဘောထား ရှိကြ တယ်။ ဒါ‌ပေမယ့် ရက်အတိအကျက‌တော့ ဇွန် ၁ရက်နဲ့ ၅ရက်‌နေ့ကြားမှာ ဖြစ်မှာပါ။ အခု‌တော့ လိုက်ပြီး ညှိနှိုင်း‌နေတုန်း ရှိပါ ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ညီလာခံပြုလုပ်ရန် စီစဉ်ရာတွင် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဦး‌ဆောင်‌သော အဖွဲ့ဝင် (၇)ဦး ပါဝင်သည့် ညီလာ ခံဖြစ်‌မြောက်‌ရေး‌ကော်မတီကို ဖွဲ့စည်းထားကာ အစီအစဉ် အ‌သေးစိတ်ကို ဆက်လက်ညှိနှိုင်း‌ဆွေး‌နွေးပြီး လုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်း ပဒို‌စောကွယ်ထူးဝင်းက ဆိုသည်။

၎င်းပြုလုပ်သွားမည့် ညီလာခံတွင် NCA ကို NCCT က တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်များထံသို့ တင်ပြ မည်ဖြစ်ပြီး စာချုပ်နှင့်ပတ်သက်သည့် အတည်ပြုချက် တစုံတရာ ထွက်‌ပေါ်လာရန် ‌မျှော်လင့်ထား‌ကြောင်းလည်း ‌ကေအဲန်ယူက ‌ပြောသည်။

NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “NCCT က အလုပ်အဖွဲ့ပဲဆိုတဲ့အခါကျ‌တော့ NCA နဲ့ပတ်သက်ပြီး ဒီညီလာခံမှာ တင်ပြ မယ်။ ဘယ်လိုအ‌ခြေအ‌နေ‌တွေ၊ ဆုံးဖြတ်ချက်‌တွေ ထွက်‌ပေါ်လာမလဲ ဆိုတာက‌တော့ ‌ခေါင်း‌ဆောင်‌တွေရဲ့ အဆုံးအဖြတ်‌ပေါ်မှာ မူတည်ပါတယ်။ ‌လော‌လောဆယ်‌တော့ ဘာမှ‌ပြောလို့ မရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် ‌မေလ ၂၅ရက်နှင့် ၂၆ရက်‌နေ့များကလည်း NCCT အဖွဲ့ဝင်များက NCA စာချုပ်မူကြမ်းအပြင် NCCT ၏ လုပ်ငန်း‌ဆောင် ရွက်ချက်များနှင့်ပတ်သက်၍ အကြို‌ဆွေး‌နွေးမည့် အစည်းအ‌ဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သွားရန်ရှိ‌ကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် ‌မေလဆန်းပိုင်းက “၀”ပြည်‌သွေးစည်းညီညွတ်‌ရေးတပ် (UWSP/UWSA) ဌာနချုပ် တည်ရှိရာ ပန်ခမ်းမြို့တွင် ကျင်းပခဲ့ ‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ မျက်နှာစုံညီ အစည်းအ‌ဝေးအပြီး ‌နောက်ပိုင်း ယခု ညီလာခံကို ကျင်းပရန် ဆက်လက် စီစဉ်‌ဆောင်ရွက်လာခြင်းဖြစ်သည်။