Home သတင်း ‌ကေအဲန်အယ်‌အေ တပ်မဟာ(၇) တပ်ရင်း ၂၁ တပ်ရင်းမှူး ကွယ်လွန်

‌ကေအဲန်အယ်‌အေ တပ်မဟာ(၇) တပ်ရင်း ၂၁ တပ်ရင်းမှူး ကွယ်လွန်

1842

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)လက်‌အောက်ခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်မဟာ(၇)မှ တပ်ရင်း-၂၁ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး ‌စောတာတိုး(၇၁)နှစ်သည် ‌ဖေ‌ဖော်ဝါရီ ၈ရက်‌နေ့ည ၈နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ် ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေ တစ်‌နေရာ၌ ကင်ဆာ‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

တပ်ရင်း-၂၁ မှ ရုံးထိုင်မှူးဖြစ်သူ ဗိုလ်ကြီး‌စောသယုက “ည ၈နာရီ ၁၅မိနစ်မှာ ကင်ဆာနဲ့ ဆုံးသွားတာပါ။ ‌တော်လှန်‌ရေးကို သစ္စာရှိပြီး‌တော့ လက်‌အောက်ငယ်သား‌တွေကို ချစ်တဲ့ ‌ခေါင်း‌ဆောင်‌ကောင်းတစ်‌ယောက် ဆုံးရှုံးသွားတာ‌ပေါ့‌နော်။ လစ်လပ်သွားတဲ့ သူ့‌နေရာကို‌တော့ ကျ‌နော်တို့‌တွေ တပ်မဟာအဆင့် အစည်းအ‌ဝေး လုပ်ပြီး‌တော့မှ ပြန်ခန့်နိုင်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွယ်လွန်သူ ဒုဗိုလ်မှူးကြီး ‌စောတာတိုးသည် ၁၉၇၂ခုနှစ်တွင် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်ရှိ ကွီး‌လေး‌ကျေးရွာ တွင် ‌ကျောင်းဆရာ၊ ‌ကျေးနယ်အဆင့် ကာကွယ်‌ရေးမှူး၊ ၂၁တပ်ရင်း တပ်ခွဲ(၄) တပ်ခွဲမှူးတာဝန်တို့ကို ထမ်း‌ဆောင်ခဲ့ပြီး‌နောက်၂၁ တပ်ရင်းမှူး တာဝန်ကို ကွယ်လွန်သည်အထိ ၁ဝ နှစ်‌ကျော်ကြာ ထမ်း‌ဆောင်ခဲ့ခြင်း ဖြစ်သည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၂ ရုံးထိုင်မှူးဖြစ်သူ ဗိုလ်ကြီး ‌စောဟန်‌စောကလည်း “သူက ‌တော်လှန်‌ရေး အ‌ပေါ်မှာ သစ္စာရှိရှိနဲ့ အ‌ကောင်းဆုံးကို လုပ်‌ဆောင်သွားတယ်။ သူအခုလို ဆုံးရှုံးသွားတဲ့အ‌ပေါ် တပ်ရင်း ၂၁ မကဘဲ ‌တော်လှန်‌ရေးအတွက် အများကြီးဆုံးရှုံးတယ်။ သူ့ကို နှ‌မြော‌ပေမယ့်လည်း မတတ်နိုင်ဘူး။ သူ ‌ကောင်းရာသုဂတိ‌ရောက်ပါ‌စေလို့ ဆု‌တောင်း‌ပေးပါတယ်”ဟု ‌ပြောသည်။

ဒုဗိုလ်မှူးကြီး ‌စောတာတိုး၏ ဈာပန အခမ်အနားကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ‌ကေအဲန်ယူ တပ်မဟာ(၇)၊ မဲတရိ၊ ‌မော်ပယ်ခို‌နေရာတွင် စစ်အ‌လေးပြုခြင်းအစီအစဉ်တို့ဖြင့် ကျင်းပသွားရန် သွားမည်ဖြစ်ပြီး ‌ကေအဲန်အယ်လ်‌အေ တပ်မှူးတပ်သားများနှင့် အသိမိတ်‌ဆွေများမှ တက်‌ရောက်ပို့‌ဆောင်သွားမည်ဟု ၂၁ တပ်ရင်းက ‌ပြောသည်။ ဒုဗိုလ်မှူးကြီး ‌စောတာတိုး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၄ဦး ကျန်ရစ်ခဲ့သည်။