Home သတင်း ပဒိုမန်းရှာ အုတ်ဂူ‌ရှေ့တွင် ပဒိုမန်းရှာကျဆုံးခြင်း (၇)နှစ်ပြည့် ‌အောက်‌မေ့ဖွယ်အခမ်းအနားကျင်းပ

ပဒိုမန်းရှာ အုတ်ဂူ‌ရှေ့တွင် ပဒိုမန်းရှာကျဆုံးခြင်း (၇)နှစ်ပြည့် ‌အောက်‌မေ့ဖွယ်အခမ်းအနားကျင်းပ

1794

‌ဖေ‌ဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း (၇)နှစ်ပြည့်‌မြောက်ခြင်း ‌အောက်‌မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌သေ‌ဘေထာ့ ‌နေရာရှိ ပဒိုမန်းရှာလားဖန်း အုတ်ဂူ‌ရှေ့တွင် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ယင်း‌အောက်‌မေ့ဖွယ် အခမ်းအနားကို ‌ကေအဲန်အယ်လ်‌အေ၏ ဗဟို စစ်ဌာနချုပ်မှ ဦး‌ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ‌ကေအဲန်အယ်လ် ‌ခေါင်း‌ဆောင်များ၊ အုပ်ချုပ်‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်အချို့နှင့် ရဲတပ်သားများ၊ မဟာမိတ် တပ်သားအချို့အပါအဝင် ဧည့်ပရိဿတ် ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌အောက်‌မေ့ဖွယ် အခမ်းအနားတွင် တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်က “ပဒိုမန်းရှာ ကျဆုံးခြင်း ‌အောက်‌မေ့ဖွယ်အခမ်းအနားကို ကျ‌နော်တို့ နှစ်စဉ်လုပ်လာတာပါ။ ဒီလိုလုပ်ရတာက သူ့ရဲ့ အ‌ကြောင်း၊ လုပ်‌ဆောင်ချက်‌တွေကို မသိ‌သေးတဲ့အတွက် သိသွား‌အောင်၊ သိပြီးသား သူ‌တွေအတွက်ဆိုရင်လည်း သူ့ကို အမြဲအမှတ်ရ‌အောင် ရည်ရွယ်ပြီး လုပ်တာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ပဒိုမန်းရှာကဲ့သို့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတိုက်ပွဲ၌ မူအရ ခိုင်မာသည့် တာဝန်ယူမှု၊ စိတ်ဓာတ်‌ရေးရာ အရ ခိုင်မာသည့် ‌ခေါင်း‌ဆောင်တစ်ဦး ကျဆုံးသွားခြင်းသည် ‌တော်လှန်‌ရေးအပြင် ပြည်သူလူထုတစ်ရပ်လုံးပါ ‌ကြေကွဲဖွယ်ရာ ဖြစ်‌သော်လည်း ၎င်းဖြစ်လိုသည့်ဆန္ဒအတိုင်း ကျန်ရှိ‌နေ‌သေး‌သော ‌ခေါင်း‌ဆောင်၊ ရဲ‌ဘော် ရဲဘက်များအ‌နေဖြင့် ဆက်လက်လုပ်‌ဆောင်သွားကြရန် လိုအပ်သည်ဟု ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်က ဆက်‌ပြောသည်။
IMG_2762
ထို့အပြင် ‌အောက်‌မေ့ဖွယ်အခမ်းအနားတွင် ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီး ‌စောလှ‌ငွေ၊ တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်၊ ဗိုလ်မှူးကြီး မန်းကြာရုံ၊ ပဒို‌စောလစ္စတန်နှင့် ဗိုလ်ကြီး မန်းခို‌လောင်ရီတို့မှ ပဒိုမန်းရှာ၏ ကိုယ်‌ရေးသမိုင်း၊ ဦး‌ဆောင်မှု အခမ်းကဏ္ဍ၊ သမိုင်းဖြတ်သန်းမှုနှင့် စိတ်‌နေ သ‌ဘောထား စသည့်တို့ကို တက်‌ရောက်လာသူများအား ပြန်လည်‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ဒုဗိုလ်မှူးကြီး‌စောလှ‌ငွေက “ပဒိုမန်းရှာလို အာဇာနည်‌တွေ အမှန်တရားလုပ်တဲ့သူ‌တွေကို အမှန်တရားမလုပ်တဲ့ သူ‌တွေက ဖျက်ကြမှာပဲ။ သူတို့ကို ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ‌တော်လှန်‌ရေးပျက်သွားမှာပဲဆိုပြီး အာဇာနည် ‌ခေါင်း‌ဆောင် အဆက်ဆက်ကို ဒီလိုရှင်းပစ်ခဲ့တာပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ‌တော်လှန်‌ရေးဆုတ် မသွားဘူး၊ ပျက်စီးမသွားမှာလည်း မဟုတ်ဘူး”ဟု ‌ပြောကြားခဲ့သည်။

အခမ်းအနားကို ည‌နေ ၅ နာရီတွင် စတင်ပြီး ကျဆုံးသွား‌သော ပဒိုမန်းရှာလားဖန်းအား အ‌လေးပြုခြင်း၊ ဝတ်ပြုဆု‌တောင်း‌ပေးခြင်း၊ ‌အောက်‌မေ့ဖွယ် အမှတ်တရ စကား ‌ပြောကြားခြင်း၊ ၎င်း‌ရေးသားထား‌သော ကဗျာများနှင့်တကွ ကဗျာဆရာများ ဂုဏ်ပြု‌ရေးသားထား‌သော ကဗျာများဖတ်ကြားခြင်းအပြင် ဖ‌ယောင်းတိုင် ထွန်းညှိခြင်း အစီအစဉ်များဖြင့် ပြုလုပ်ကျင်းပခဲ့သည်။

ပဒိုမန်းရှာလားဖန်း ကွယ်လွန်ချိန်၌ အသက် ၆၃ နှစ်ရှိပြီး ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့ ည‌နေ ၄ နာရီခွဲ အချိန်တွင် အမည်မသိ‌သေနတ်သမားတစ်စု၏ လုပ်ကြံပစ်ခတ်မှု‌ကြောင့် ၎င်း‌နေထိုင်ရာ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ ‌နေအိမ်တွင်ပင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။