Home သတင်း ‌ကော်သူး‌လေတပ်မ‌တော် KAF ရာထူးခန့်အပ်မှုများ DKBA နှင့် မသက်ဆိုင်‌ကြောင်း ‌ပြော

‌ကော်သူး‌လေတပ်မ‌တော် KAF ရာထူးခန့်အပ်မှုများ DKBA နှင့် မသက်ဆိုင်‌ကြောင်း ‌ပြော

1913

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)က ယခင် DKBA ဗျူဟာမှူး‌ဟောင်း ဗိုလ်မှူးကြီး ‌စောဆန်း‌အောင် နှင့် KNU/KNLA (PC)မှ ဗိုလ်မှူးကြီး တိုက်ဂါးတို့အား ‌ကော်သူး‌လေ တပ်မ‌တော်(Kawthoolei Armed Force-KAF) တွင် ရာထူးပြန်လည်ခန့်အပ်သည်ဟု လတ်တ‌လော သတင်းများထွက်‌ပေါ်‌နေသည့်အ‌ပေါ် မိမိတို့နှင့် မသက် ဆိုင်‌ကြောင်း ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ထိုသို့ သတင်းများထွက်‌ပေါ်သည့်အ‌ပေါ် DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ် ‌စောလားပွယ်(‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေး၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ‌စောမို‌ရှေး၊ ဗိုလ်မှူးကြီး ‌စော‌မောင်‌လေးတို့မှ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်‌မြောက်ပိုင်း ချမ်းသာ ‌ရွှေပြည်အိမ်ယာ အမှတ် G-18 တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းတစ်ရပ်တွင် ထိုသို့ ‌ပြောဆိုခဲ့ ခြင်းဖြစ်သည်။

သတင်းရှင်းလင်းပွဲတွင် ပါဝင်သည့် ဗိုလ်မှူးကြီး ‌စော‌မောင်‌လေးက “KAF အတွင်းမှာ ယခင် တပ်မှူး‌ဟောင်း‌တွေ ကို တာဝန်ပြန်လည်ခန့်အပ်တယ်ဆိုတာ ကျ‌နော်တို့ဘာမှ မသိရှိရသလို ကျ‌နော်တို့နဲ့ လုံးဝကို သက်ဆိုင်မှု မရှိပါဘူးဆိုတာ ရှင်းပြချင်လို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက (KAF) တပ်မ‌တော်၏ ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးဆန်း‌အောင်နှင့် နယ်စပ်အထူးဗျူ ဟာမှူးနှင့်မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး နယ်စပ်လုံခြုံ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးဌာနမှူးအဖြစ် ဗိုလ်မှူးကြီး တိုက်ဂါးတို့ကို (KAF)မှ ဗိုလ်ချုပ်‌ဒေါက်တာတီမိုသီက ရာထူးများပြန်လည်ခန့်အပ်သည်ဟု သတင်းများထွက်‌ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုလိုကိစ္စများအ‌ပေါ် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ကရင်လူထု‌ထောက်ခံတယ်ဆိုရင် ကျ‌နော်က ‌တော်လှန် ‌ရေးအ‌ပေါ် မားမားမတ်မတ်ရပ်တည်သွားမယ်။ ကရင်လူထု‌ထောက်ခံတဲ့အလုပ်ဆိုရင် ကျ‌နော်က‌တော့ အကုန် လုပ်သွားမယ်။ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့က ငြိမ်းချမ်း‌ရေး‌ရှေးရှုပြီး ‌ပြောသွားတဲ့အ‌ပေါ်မှာ ကျ‌နော့်အ‌နေနဲ့ ဘာမှ ‌ပြောစရာမရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ‌ကော်သူး‌လေတပ်မ‌တော်(KAF) တံဆိပ်နှင့် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်‌နေ့က ‌ကြေငြာချက် တစ်‌စောင် ထွက်‌ပေါ်ခဲ့သလို တပ်မှူး နှစ်ဦးအား ပြန်လည်တာဝန်‌ပေးအပ်‌ကြောင်း KAF အဖွဲ့၏ ရာထူး ခန့်အပ်ခြင်း ထုတ်ပြန်‌ကြေငြာချက်အဖြစ် ဗိုလ်ချုပ်‌ဒေါက်တာတီမိုသီအမည်ဖြင့် စာတစ်‌စောင်ထွက်‌ပေါ်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ‌ဒေါက်တာတင်မိုသီက “အခုလိုခန့်အပ်လိုက်တာ ‌ခေါင်း‌ဆောင်တချို့ရဲ့ ရပ်တည်ချက် မခိုင်မာမှုနဲ့ လက်ရှိအ‌ခြေအ‌နေအရ အခုလို ခန့်အပ်တာပါ။ ဒီဇင်ဘာလ‌လောက်ထဲက ခန့်အပ်တာဖြစ်ပြီး အခုမှ မီဒီယာကို ဖွင့်ချပြတာပါ။ ခန့်တဲ့‌နေရာမှာလည်း ကာယကံရှင်ကိုယ်တိုင်သာမက ‌အောက်‌ခြေလူထုသ‌ဘောကို ‌သေချာ‌မေးမြန်းပြီး‌တော့မှ ခန့်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ သတင်းများထွက်‌ပေါ်သည့်‌နောက် DKBA မှ ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်၍ ရန်ကုန်၌ သတင်းစာရှင်း လင်းပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်း‌ရေးဆိုင်ရာအ‌ခြေအ‌နေများ၊ KAF ဖွဲ့စည်းခြင်း အ‌ခြေအ‌နေများနှင့် တပ်မှူး‌ဟောင်းများကို KAF တပ်မ‌တော်အတွင်း ပြန်လည်ခန့်အပ်သည်ဆိုသည့် သတင်းများထွက်‌ပေါ်‌နေမှုအ‌ပေါ် ရှင်းလင်းခဲ့သည်ဟု DKBA က ဆိုသည်။

KAF တပ်မ‌တော်အတွင်း တာဝန်‌ပေးခန့်အပ်မှုများနှင့် ပတ်သက်၍ ‌ဒေါက်တာ တီမိုသီကို မည်သည့် အစည်းအ‌ဝေးတွင် မည်သူက ရာထူး‌ပေးခန့်အပ်သည်ကို KAF အဖွဲ့တွင် ပါဝင်ပတ်သက်သူ အားလုံး မသိရှိ သလို ထုတ်ပြန်ချက်တွင် အသုံးပြု‌သော KAF တံဆိပ်သည်လည်း ယခုအချိန်ထိ သတ်မှတ်ထားခြင်း မရှိ‌သေး‌ကြောင်း ဗိုလ်မှူးကြီး‌စော‌မောင်‌လေးက ဆက်‌ပြောသည်။

အလားတူ ယခင် DKBA တပ်မှူး‌ဟောင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်ကလည်း လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေ အ‌ပေါ် အမြင်များ၊ ကျိုက်မ‌ရောဖြစ်စဉ်အ‌ပေါ် အဖွဲ့အစည်းမှ ၎င်းအား တာဝန်မှရပ်စဲကာ ထုတ်ပယ်ခဲ့မှုများတို့ကို ‌ကောကရိတ်မြို့နယ် ‌ကော့ဒိုက်‌ကျေးရွာတွင် ယ‌နေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကရင်အမျိုးသားလက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့များဖြစ်သည့် KNLA, KNDO, DKBA, KNU/KNLA-PC အဖွဲ့က ‌ကော်သူး‌လေတပ်မ‌တော်(Kawthoolei Armed Forces -KAF)အဖြစ် ပြန်လည်‌ပေါင်းစည်းလိုက် ‌ကြောင်း ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။