Home တွေ့ဆုံမေးမြန်းခန်း “ပြည်သူမှတဆင့် ပြည်နယ်လွှတ်‌တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ‌ရွေးချယ်ရမယ့်သ‌ဘောပါ။”

“ပြည်သူမှတဆင့် ပြည်နယ်လွှတ်‌တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ‌ရွေးချယ်ရမယ့်သ‌ဘောပါ။”

1690

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ‌စောသိန်း‌အောင်နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၄ခုနှစ်။

‌စောသိန်း‌အောင်သည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ လွမ်းညရွာဇာတိဖြစ်ပြီး ‌မွေးသက္ကရာဇ်မှာ ၁၉၄၈ခုနှစ်၊ ဇူလိုင် ၂၃ရက်‌နေ့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ဖားအံမြို့ အ.ထ.က (၁)‌ကျောင်း၌ အထက်တန်း‌အောင်မြင်ခဲ့ပြီး‌နောက် ‌မော်လမြိုင်‌ကောလိပ်တွင် တတိယနှစ်အထိ ပညာသင်ကြားခဲ့ပြီး ‌ကျောင်းထွက်ခဲ့သည်။ ၎င်း‌နောက် ‌ကျောင်းဆရာဝင်လုပ်ရင်း စာ‌ပေးစာယူဖြင့် (BA)ဘွဲ့၊ ထိုမှတဆင့် (B.E.D) ဘွဲ့ကို ဆက်လက်ရယူသည်။ ‌ကျောင်းဆရာလုပ်သက် အနှစ် ၃ဝဖြင့် အငြိမ်းစားယူပြီး‌နောက်ပိုင်း ၅နှစ်ခန့် ဘာသာ‌ရေး လိုက်စားခဲ့ကာ ၂၀၁ဝခုနှစ်တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ လိုအပ်ချက်အရ ၎င်းပါတီ၏ လှိုင်းဘွဲမြို့နယ်၊ ပြည် သူ့လွှတ်‌တော်အမတ်အဖြစ် ‌ရွေး‌ကောက်ပွဲဝင်ခဲ့ရာ မဲအနိုင်ရခဲ့သည်။ ထို့အပြင် ၂၀၁၁ခုနှစ်၌ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ‌နေ ရာကို လက်ရှိ ဒုတိယ သမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းနှင့်အတူ လျာထားခြင်းခံခဲ့ရသည်။
ယခုအချိန်တွင် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ်လည်း‌ကောင်း၊ ပါတီ၏ ဥက္ကဌအဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင် လျှက်ရှိသည်။

‌မေး။ ။ ၂၀၁၀‌ရွေး‌ကောက်ပွဲအပြီး‌နောက်ပိုင်း ကရင်ပြည်နယ်အစိုးရနဲ့ လွှတ်‌တော်‌တွေမှာ သိပ်အလုပ်မဖြစ်ဘူးလို့ ‌ပြောဆို‌နေ ကြတာ‌တွေ ကြားရတာရှိပါတယ်။ အဲဒီအ‌ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
‌ဖြေ။ ။ ကရင်ပြည်နယ်အစိုးရနဲ့ လွှတ်‌တော်မှာ လုပ်‌ဆောင်မှု‌တွေက လုံးဝ အလုပ်မဖြစ်ဘူးလို့‌တော့ မ‌ပြောချင်ဘူး။ လိုအပ် ချက်‌တွေ ရှိ‌နေ‌သေးတယ်လို့‌တော့ မြင်တယ်။ အလုပ်ဖြစ်တဲ့ အ‌နေအထားအပိုင်းလည်း ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာတာ ကို ဆိုလိုတာပါ။
DSC00257
‌မေး။ ။ ဗဟိုချုပ်ကိုင်မှု ‌လျှော့ချဖို့လိုတယ်။ ပြည်နယ်အစိုးရနဲ့လွှတ်‌တော်‌တွေမှာ လုပ်ပိုင်ခွင့်‌တွေပို‌ပေးဖို့ လိုတယ်လို့ ‌ထောက် ပြ‌နေတာ‌တွေလည်း ရှိတာ‌ကြောင့် ပြည်နယ်မှာ လုပ်ပိုင်ခွင့်အာဏာ ပို‌ပေးဖို့သင့်ပါသလား။
‌ဖြေ။ ။ အ‌နေအထားအရ ဖက်ဒရယ်စနစ်သွားမယ့် အ‌နေအထားဆိုရင် ရသင့်ရထိုက်တဲ့အခွင့်အ‌ရေးက အပြည့်အစုံရရမယ့် အ‌နေအထား‌တော့ ရှိတာ‌ပေါ့‌လေ။ အခုပြည်နယ်ကို ခွဲလိုက်တဲ့ အခွင့်အ‌ရေး လုပ်ပိုင်ခွင့်‌တွေကလည်း သိပ်နည်း‌နေပါတယ်။ ပြည်နယ်တစ်ခုရဲ့ လုံ‌လောက်တဲ့ လုပ်ပိုင်ခွင့်အ‌နေအထားက လို‌နေပါ‌သေးတယ်။ အဲဒါက‌တော့ ဆက်ပြီး‌တော့ ခွဲ‌ဝေ‌ပေးရဦးမှာပဲ။ နိုင်ငံ‌တော်အစိုးရက ဆက်လက်လုပ်‌ဆောင်‌ပေးရမယ့် တာဝန်ရှိပါတယ်။

‌မေး။ ။ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်အာဏာ‌တွေကို ကိုယ်ကျိုးအတွက် ‌မြေယာ‌တွေမှာ အလွဲသုံးစားလုပ်‌နေတယ်လို့ ‌ပြော ဆိုသံ‌တွေ ကြား‌နေရတယ်။ အဂတိလိုက်စားတာ‌တွေ ရှိတယ်ဆိုတာ‌တွေ‌ကော‌ပေါ့။ အဲဒီအ‌ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
‌ဖြေ။ ။ ပြီးခဲ့တဲ့ ‌မြေယာသိမ်းဆည်းမှု အစီရင်ခံစာမှာ ပြည်ထဲ‌ရေးဒုဝန်ကြီးကိုယ်တိုင် ‌ပြောတဲ့စကားတစ်ခုက ‌မြေပြန်လည်‌ပေး တဲ့အခါ ‌ဒေသခံ‌တွေဆီမှာ မ‌ရောက်ဘဲနဲ့ ဌာနဆိုင်ရာ‌အောက်‌ခြေမှာ အလွဲသုံးစားလုပ်တာ‌တွေရှိတယ်။ အချို့အကျင့်ပျက်ဝန် ထမ်း‌တွေ အဲလို‌ဆောင်ရွက်‌နေတာ ရှိတယ်။ အဲလိုမျိုးလုပ်‌နေတာ သိရှိမယ်ဆိုရင် ပြတ်ပြတ်သားသား အမည်နဲ့တကွ တင်‌ပေး မယ်ဆိုရင် အ‌ရေးယူ‌ပေးမယ်လို့‌တော့ ‌ပြောပါတယ်။ အဲဒါ‌ကောင်းတဲ့ အ‌နေအထား‌ပေါ့‌နော်။ အ‌ရေးယူခဲ့တဲ့သူ‌တွေလည်း ရှိပါ တယ်။ ဒါ‌ပေမယ့် အ‌ရေးယူမှုကို အနည်းအကျဉ်း‌လောက်ပဲ ရှိတဲ့အ‌နေအထားသ‌ဘော‌တော့ ‌ဆောင်‌နေပါတယ်။ အများနဲ့ ဖြစ် လာတဲ့အခါကျမှ ထင်သာမြင်သာ ရှိလာမယ်‌ပေါ့။
DSC00268
‌မေး။ ။ ပြည်နယ်အစိုးရ‌တွေကို လုပ်ပိုင်ခွင့် ပို‌ပေးလိုက်ရင် ရရှိလာမဲ့ အကျိုးဆက်‌တွေက ဘာ‌တွေဖြစ်မှာပါလဲ။ အဂတိလိုက် စားမှု‌တွေ ပိုပြီးဖြစ်လာနိုင်တာမျိုး ရှိပါသလား။
‌ဖြေ။ ။ အဂတိလိုက်စားမှု ‌ဆွေး‌နွေးတဲ့အခါတုန်းကလည်း အဂတိလိုက်စားမှု မဖြစ်‌အောင် တားဆီးတဲ့ အ‌နေအထားနဲ့ အ‌ရေး ယူမှု‌တွေကို ‌ဆောင်ရွက်သွားမယ့်သ‌ဘော‌ပေါ့။ အဓိက ပြည်နယ်အစိုးရရဲ့စိတ်မှာ သန့်ရှင်းဖို့ပဲ လိုပါတယ်။ မသန့်ရှင်းဘူးဆိုရင် အဲဒီအဖွဲ့‌တွေကိုလည်း အ‌ရေးယူရပါမယ်။

‌မေး။ ။ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက် ‌ရွေးချယ်သင့်သူ‌တွေက ဘယ်သူ‌တွေ ဖြစ်သင့် ပါသလဲ။
‌ဖြေ။ ။ အခုအ‌နေအထားအရ ဖက်ဒရယ်စနစ်ကို သွားမယ့်အဆင့်ပဲ ရှိ‌သေးတယ်။ ‌ရောက်‌တော့ မ‌ရောက်‌သေးဘူး‌လေ။ အခု ‌ရောက်‌နေတဲ့ အ‌နေအထားမှာ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်သူ‌တွေက ‌ရွေးချယ်နိုင်ဖို့ နိုင်ငံ‌တော်က ပြန်စိစစ်ဖို့‌တော့ လိုမယ်။ ဆို လိုတာက ပြည်သူမှတဆင့် ပြည်နယ်လွှတ်‌တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ‌ရွေးချယ်ရမယ့် သ‌ဘောပါ။ အခုက အဲလိုမဟုတ်ဘဲ လမ်း‌ကြောင်းလွဲ‌နေလို့ မြင်ပါတယ်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (Phlon Swor Democratic Party-PSDP)ဥက္ကဌ ‌စောသိန်း‌အောင်ကို ‌ကေအိုင်စီသတင်း‌ထောက် ‌စောညွှန့်‌သောင်း ‌တွေ့ဆုံ‌မေးမြန်းထားခြင်း ဖြစ်သည်။