Home သတင်း အစိုးရထိုးစစ်နှင့် လက်နက်ကိုင်ပဋိပက္ခ‌ကြောင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ထိခိုက်မည်ကို UNFC စိုးရိမ်

အစိုးရထိုးစစ်နှင့် လက်နက်ကိုင်ပဋိပက္ခ‌ကြောင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ထိခိုက်မည်ကို UNFC စိုးရိမ်

1816

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသား‌ဒေသများတွင် လတ်တ‌လောကာလ အစိုးရစစ်တပ်၏ ထိုးစစ်ဆင်‌နေခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ‌ကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ‌လျှော့နည်းလာနိုင်ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအ‌ပေါ် ထိခိုက်မည်ကို စိုးရိမ်မိ‌ကြောင်း ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) ဒုဥက္ကဌ(၁) နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ဟံသာက “တကယ်လို့ စစ်ပွဲ‌တွေဒီလိုဖြစ်လာရင် နိုင်ငံ‌ရေးအရ ‌နှောင့်‌နှေးသွားမယ်။ တစ်ဖက်က ယုံကြည်မှု‌တွေ‌လျော့ကျ သွားမယ်။ တစ်ဖက်က တိုက်ပွဲ‌တွေဖြစ်‌နေရင် လူတိုင်း နှစ်ဖက်စလုံး ‌ဒေါသ‌တွေ၊ ‌မောဟ‌တွေ ဖြစ်လာမယ်။ အဲဒီ‌တော့ နိုင်ငံ‌ရေး အရ ‌ဆွေး‌နွေးတဲ့‌နေရာမှာ နားလည်မှုရယူဖို့ အများကြီးခဲယဉ်းသွားမယ်”ဟု ‌ပြောသည်။

လက်ရှိ လက်ရှိ ကချင်၊ ရှမ်း၊ ကရင် စသည့်‌ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်နှင့် မြန်မာတပ်မ‌တော်တို့ တိုက်ပွဲ မကြာ ခဏ ပြန်ဖြစ်လာခြင်း‌ကြောင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုသို့ ထိခိုက်လာနိုင်ပြီး ထိုးစစ်များကို ရပ်တန့်‌ပေးရန်၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး ကို ‌ရှေ့ရှုကာ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် တိုက်တွန်း‌ကြောင်း ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် UNFC က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်‌ပြောဆိုထားသည်။

အချက် ငါးချက်ပါ အဆိုပါ ထုတ်ပြန်ချက်တွင် စစ်‌ရေးဖြင့် ထိပ်တိုက်ရင်ဆိုင်နည်းကို လက်မခံ‌ကြောင်း၊ အများ‌မျှော်လင့်‌တောင်း တ‌နေသည့် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးရသည်အထိ အစိုးရ အပါအဝင် သက်ဆိုင်သူအသီးသီးက ရိုးသားပွင့်လင်း စွာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း ဆက်လက်ညှိနှိုင်းသွားရန် UNFC အ‌နေဖြင့် ပါဝင်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထား သည်။

လက်ရှိ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများကို တပ်မ‌တော်က လက်ခံ‌ဆွေး‌နွေး‌နေရခြင်းမှာ အဓိကအားဖြင့် တိုင်းပြည် တည်ငြိမ်‌အေး ချမ်း‌ရေးနှင့် တိုင်းရင်းသားများ စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာ‌စေချင်၍ဖြစ်‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်‌နေ့က အစိုး ရနှင့် NCCT တို ့အပစ်ရပ်မူကြမ်း‌ဆွေး‌နွေးပွဲတွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက ‌ပြောဆိုထားသည်။

UNFC ကို ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့ ၆ဖွဲ့ဖြင့် စတင်ဖွဲ့စည်းထားခဲ့ပြီး လက်ရှိ KIO, KNPP, KNU, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA စသည့် အဖွဲ့ဝင် ၁၂ဖွဲ့အပြင် ဆက်စပ်အဖွဲ့ ၅ဖွဲ့ရှိ ကာ ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)က UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။