Home သတင်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်ကို မလိုလားပါက ‌ဒေသခံများ ဆက်သွယ်‌ပြောဆိုနိုင်ဟု ADB ‌ပြောဆို

ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်ကို မလိုလားပါက ‌ဒေသခံများ ဆက်သွယ်‌ပြောဆိုနိုင်ဟု ADB ‌ပြောဆို

1694

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)က လုပ်‌ဆောင်မည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်ကို ‌ဒေသခံများ နှစ်သက်လိုလားမှု မရှိလျှင် ဆက်သွယ်အ‌ကြောင်းကြားနိုင်သည်ဟု ‌အောက်တိုဘာလ ၁၂ရက်‌နေ့တွင် နယ်စပ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် ‌တွေ့ဆုံစဉ် ယင်းဘဏ်တာဝန်ရှိသူက ‌ပြောဆိုလိုက်‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အဆိုပါကိစ္စနှင့်ပတ်သက်၍ ADB တာဝန်ရှိသူများက ကရင်ပြည်နယ်အတွင်း ၎င်းတို့လုပ်‌ဆောင်မည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်များကို နယ်စပ်လူမှုအဖွဲ့အစည်းများဖြစ်သည့် KWO, KAD, Labor Right စသည့်အဖွဲ့များနှင့် လာ‌ရောက် ‌တွေ့ဆုံ‌ဆွေး‌နွေးစဉ် ထိုသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ထရီဇာ‌အောင်က “သူတို့က ဖွံ့ဖြိုးတိုးတက်ဖို့အတွက် project ‌တွေ ချပြမယ်။ ချပြတာကို လူထုဘက်က မ‌ကျေနပ်တာရှိရင်၊ ပြဿနာတစ်ခုခုဖြစ်ရင် သူတို့ဆီကို အီး‌မေးလ်ပဲဖြစ်ဖြစ် ဖုန်းပဲဖြစ်ဖြစ် အချိန်မှီဆက်သွယ်ပါလို့ လူထုကို အဲဒီအခွင့်အ‌ရေး‌တော့ ‌ပေးထားတယ်။ တစ်ချို့ အီး‌မေးလ်ဖုန်းမရတဲ့‌နေရာ‌တွေ ဆိုရင် ကိုယ်စားလှယ်ဖွဲ့ပြီး ဆက်သွယ်တိုင်လို့ရတယ်လို့ ‌ပြောတယ်”ဟု ‌ပြောသည်။

ADB က ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ‌ကော့ကရိတ်၊ မြဝတီ စသည့်မြို့နယ် ၃မြို့နယ်တွင် ဖွံ့ဖြိုး‌ရေးစီမံကိန်းအတွက် လမ်း ‌ဖောက်ခြင်း၊ HIV ‌ရောဂါ‌ဝေဒနာရှင်များ ကူညီ‌ပေး‌ရေး၊ women and Empowerment နှင့် ‌ငွေစု‌ငွေ‌ချေးအစီအစဉ်များကို အစိုးရ နှင့် ချိတ်ဆက်လုပ်‌ဆောင်သွားရန်ရှိပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ တုံ့ပြန်ချက်များကို ရယူမည်ဖြစ်‌သော်လည်း အဆိုပါ ‌တွေ့ဆုံပွွဲတွင် အချိန်နည်းပါးသည့်အတွက် မည်သည့်မှတ်ချက်မှ မ‌ပေးရ‌သေး‌ကြောင်း ‌နော်ထရီဇာ‌အောင်က ဆက်‌ပြောသည်။

သို့‌သော် ADB နှင့် JICA တို့ ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုး‌ရေးစီမံကိန်းများ လာ‌ရောက်လုပ်‌ဆောင်ရာတွင် ‌ဒေသခံလူထုများနှင့် ကိုက်ညီမှုမရှိသည့် အချက်များကို ‌တွေ့ရသလို ယင်းဖွံ့ဖြိုး‌ရေးစီမံကိန်းများမှာ အစိုးရထံမှတစ်ဆင့် ‌ရောက်ရှိလာသည့်အတွက် နိုင်ငံ‌ရေးမတည်ငြိမ်‌သေးခင် လုပ်‌ဆောင်ရန် ‌စော‌သေးသည်ဟု ထင်မြင်‌ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KESAN) ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက သုံးသပ်‌ပြောဆိုသည်။

ADB သည် ဖွံ့ဖြိုး‌ရေးအစီအစဉ်များနှင့် ပတ်သက်၍ ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် ‌တွေ့ဆုံမှုများရှိခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ လူမှုအဖွဲ့အစည်းများနှင့် ဒုတိယအကြိမ် လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်ကာ လာမည့်ဒီဇင်ဘာလအတွင်း ထပ်မံ ‌တွေ့ဆုံ သွားရန်ရှိ‌ကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။