Home သတင်း ဖားအံမြို့တွင် KNU ဗဟိုဆက်ဆံ‌ရေးရုံး ထပ်မံ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

ဖားအံမြို့တွင် KNU ဗဟိုဆက်ဆံ‌ရေးရုံး ထပ်မံ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

1797

‌အောက်တိုဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၇)ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုဆက်ဆံ‌ရေးရုံးကို အမှတ်(၉)ရပ်ကွက်၊ ဖားအံကားဂိတ်အသစ် တည်ရှိရာ‌နေရာသို့ ‌ပြောင်း‌ရွှေ့ထားရှိကာ ယ‌နေ့နံနက် ၉နာရီတွင် ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌ‌စောမူတူး‌စေးဖိုးက “၂၀၁၂ က အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးတယ်။ အဲဒီလုပ် ငန်းစဉ်ထဲမှာ ဆက်ဆံ‌ရေးရုံးဖွင့်ဖို့ သ‌ဘောထား‌တွေရှိပြီး ဖွင့်ဖြစ်တယ်။ ဖွင့်ပြီးတဲ့‌နောက်ပိုင်း ကျ‌နော်တို့ ‌နေရာအတိအကျ မရ ‌သေးတဲ့အ‌ပေါ် ရုံးကို ‌ရွှေ့ရတဲ့အပိုင်း‌တွေ ရှိတယ်။ ဒီ‌နေ့ ကျ‌နော်တို့‌ရောက်ရှိတဲ့‌နေရာမှာ ‌ကေအဲန်ယူရဲ့ ဆက်ဆံ‌ရေးရုံး တပ်မဟာ များဆက်ဆံ‌ရေးရုံးကို ဒီက‌နေ့ ထပ်ဖွင့်ရခြင်းဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ဆက်ဆံ‌ရေးရုံးဖွင့်ပွဲ အခမ်းအနားတွင် ‌ကေအဲန်ယူဥက္ကဌ ‌စောမူတူ‌စေးဖိုး အပါအဝင် တပ်မဟာ၊ ခရိုင်‌ခေါင်း‌ဆောင်များ၊ အစိုးရ ဘက်မှ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ကရင်ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စော‌အောင်‌ကျော်မင်း၊ အစိုးရဌာနဆိုင်ရာဝန်ကြီးများ၊ နယ်ခြား‌စောင့်တပ်များ၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့ ဝင်များ၊ ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
IMG_0106
ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးမှာ ၂၀၁၂ခုနှစ် စတင် ဖွင့်လှစ်ခဲ့စဉ်က ငှားရမ်းထားခဲ့ရ‌သော်လည်း ယခု ဖွင့်လှစ်ရုံး အ‌ဆောက်အဦးကို ‌ရောင်နီဦးကုမ္ပဏီမှ အပြီးအပိုင် လှူဒါန်း‌ပေးခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက ယ‌နေ့ ဖွင့်ပွဲတွင် ရှင်းလင်း‌ပြောကြားခဲ့သည်။

ဦး‌ဇော်မင်းက “အခုဖွင့်လှစ်တဲ့‌နေရာက‌တော့ ‌ရောင်နီဦးကုမ္ပဏီ ဦး‌အောင်ဝင်းက ‌ကေအဲန်ယူအတွက် ‌မြေ‌နေရာကို လှူမယ်။ ‌မြေ ‌နေရာ‌တောင်မကဘူး။ အ‌ဆောက်အဦးပါ ထည့်လှူလိုက်‌တော့ဆိုပြီး ကျ‌နော်တို့ စည်းရုံးလိုက်‌တော့ ‌ဆောက်လက်စ အကြမ်း ထည်ကို လှူ‌ပေးပါတယ်။ အဲဒါ‌လေးကို အ‌ချောပြန်လုပ်ပြီး‌တော့ အခု ဒီရုံးဟာ ‌ကေအဲန်ယူဗဟို ဆက်ဆံ‌ရေးရုံးဖြစ်သွားပါပြီး”ဟု ‌ပြောကြားခဲ့သည်။

သို့‌သော် ယ‌နေ့ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးဖွင့်ပွဲတွင် ထူးခြားချက်မှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားခြင်း မရှိသကဲ့ သို့ ၂၀၀၈ ဖွဲ့စည်းပုံပါ လက်ရှိမြန်မာအစိုးရ အသိအမှတ်ပြုထားသည့် နိုင်ငံ‌တော်အလံကိုလည်း လွှင့်တင်ထားခြင်း မရှိ‌ပေ။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက “အလံတပ်ဖို့က ဆိုင်းဘုတ်မှာ အ‌ပေါက်မ ‌ဖောက်ရ‌သေးလို့ပါ။ အ‌ပေါက်မရှိတဲ့အခါကျ‌တော့ တပ်လို့မရဘူး ဖြစ်‌နေတယ်။ ကျ‌နော်တို့ပြန်ပြီး‌တော့ အလံကို တပ်ဆင်သွား မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးကို ပထမအကြိမ်က ဇွဲကပင်ခမ်းမ‌ရှေ့ ကန်သာယာအနီးတွင်လည်း ‌ကောင်း၊ ၎င်း‌နောက် အမှတ်(၇)ရပ်ကွက်သို့ ‌ပြောင်း‌ရွှေ့ခဲ့ပြီး ထိုမှတဆင့် ယခုဖွင့်လှစ်လိုက်သည့်ရုံးသို့ ထပ်မံ၍ အပြီးသတ် ‌ရွှေ့ ‌ပြောင်းခဲ့ခြင်း ဖြစ်သည်။