Home သတင်း ကရင်စာသင် ပြင်ပဆရာများကို ‌ထောက်ပံ့‌ကြေးကိစ္စ ညှိနှိုင်းမရက လွှတ်‌တော်တင်မည်

ကရင်စာသင် ပြင်ပဆရာများကို ‌ထောက်ပံ့‌ကြေးကိစ္စ ညှိနှိုင်းမရက လွှတ်‌တော်တင်မည်

2075

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း အစိုးရစာသင်‌ကျောင်းများ၌ ကရင်စာသင်ကြားရာတွင် ဆရာလုံ‌လောက်မှု မရှိသဖြင့် ပြင်ပမှ လာ‌ရောက်သင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများကို တရားဝင် ‌ထောက်ပံ့‌ကြေး မ‌ပေးသည့်အ‌ပေါ် တိုင်းပညာ‌ရေးဌာနနှင့် ညှိ နှိုင်းမရပါက လွှတ်‌တော်တင်မည်ဖြစ်‌ကြောင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး မန်းသန်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌အောက်တိုဘာလ ၁၄ရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့၊ မုဆိုးကွင်း၊ သတ္တမ‌နေ့ ဥပုသ်‌ကျောင်းဝင်း၌ ပြုလုပ်သည့် မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ နှစ်ပတ်လည် အခမ်းအနားတွင် ‌ကော်မတီက တင်ပြ‌တောင်းဆိုခြင်းအ‌ပေါ် ၎င်းက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးမန်းသန်း‌ရွှေက “ကရင်စာသင်ကြား‌ရေးမှာ ‌ကျောင်းမှာရှိတဲ့ ဆရာမ‌တွေက သင်မှပဲ ‌ထောက်ပံ့‌ကြေး‌ပေးမယ်တဲ့။ အပြင် က လာသင်တဲ့သူကို သင်ကြားခွင့်‌တော့‌ပေးမယ်။ ‌ထောက်ပံ့‌ကြေး‌တော့ မ‌ပေးဘူးတဲ့။ ဒါ‌တော့ဘယ်ဟုတ်မလဲ။ ဒါ‌ကြောင့် ကျ‌နော် တိုင်းပညာနဲ့ညှိမယ်။ မရရင် တိုင်း‌ဒေသကြီးလွှတ်‌တော်၊ ပြည်‌ထောင်စုလွှတ်‌တော် ထိတင်မယ်။ သင်တတ်တဲ့ဆရာ လာ သင်တာကို ‌ထောက်ပံ့‌ကြေး‌ပေးရမှာ‌ပေါ့”ဟု ဆိုသည်။

ထို့အပြင် လာမည့်ပညာသင်နှစ်၌ တိုင်း‌ဒေသကြီးအတွင်း စာသင်ချိန်တွင် ကရင်စာ‌ပေ သင်ကြားခွင့်ရ‌ရေး တိုင်းလွှတ်‌တော်က ဥပ‌ဒေပြဌာန်း‌ပေးရန်နှင့် ကရင်ဖတ်စာအုပ်များ စာသင်နှစ်စကတည်းက ရရှိ‌ရေး လုပ်‌ဆောင်‌ပေးရန် ‌တောင်းဆိုထား‌ကြောင်း ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ကျောင်းချိန်အတွင်း ကရင်စာသင်ကြား‌ရေးသည် ကရင်‌ကျောင်းသားများ အများစုရှိသည့် ‌ကျောင်းများတွင်ဖြစ်နိုင်‌သော် လည်း ကရင်‌ကျောင်းသားနည်းသည့် ‌နေရာများတွင် လုပ်‌ဆောင်ရန်ခက်ခဲ‌ကြောင်း၊ ယခု တင်ပြချက်များကို ဆိုင်ရာအဖွဲ့အ စည်းများနှင့်ညှိနှိုင်းကာ ဖြည့်ဆည်း‌ပေးသွားမည်ဖြစ်‌ကြောင်း ကရင်‌ရေးရာဝန်ကြီး မန်းသန်း‌ရွေက ဖြည့်စွက်‌ပြောဆိုသည်။

လက်ရှိတွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း အစိုးရစာသင်‌ကျောင်းများ၌ ‌ကျောင်းချိန်ပြင်ပတွင် ကရင်စာသင်ကြားခွင့်ပြုထား ‌သော်လည်း သင်ကြား‌ပေးမည့် အစိုးရဝန်ထမ်း ဆရာဆရာမ မရှိခြင်း၊ ဖတ်စာအုပ်မလုံ‌လောက်ခြင်းများ ကြုံ‌တွေ့‌နေရပြီး တချို့ မြို့နယ်များတွင် မြို့နယ်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီက သင်ကြားမည့် ဆရာ၊ ဆရာမများ ‌စေလွှတ်‌ပေးခြင်း၊ ကရင်‌ကျောင်းသား များ စာရင်းပြုစု‌ပေးခြင်းများကို လုပ်‌ဆောင်‌ပေးလျှက်ရှိပြီး ‌ကျောင်းဆရာမဟုတ်သည့် ထိုပြင်ပသင်ဆရာများကို အစိုးရ ‌ထောက်ပံ့‌ငွေ ကျပ်သုံး‌သောင်း မရရှိခြင်းများလည်းရှိ‌ကြောင်း မြို့နယ်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများထံမှ သိရသည်။

ယခုစာသင်နှစ်တွင် ‌မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၁၀၀‌ကျော်မှ ကရင်‌ကျောင်းသူ‌ကျောင်းသား ၂,၀၀၀‌ကျော်ကို အ‌နောက်ပိုးကရင်စာနှင့် စ‌ကောကရင်စာများ စတင်သင်ကြား‌ပေးလျှက်ရှိ‌ကြောင်း ယင်းမြို့နယ် စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီထံမှ သိရသည်။